/* The CSS Code for the menu starts here s2free.blogspot.com */

photos

Saturday, May 18, 2013

ပိုလွမ်းတတ်သူပါ.........?????????????

ပိုလွမ်းတတ်သူပါ ,, ငါလာခဲ့တယ် တစ်ယောက်တည်းပါ ငါပြန်သွားလဲ တစ်ယောက်တည်းပါ ,, ဒါပေမယ့်,,,,,, ငါရှင်သန်ရာအရပ်မှာ ငါတစ်ယောက်တည်းမှမဟုတ်တာ ,, ဆုံတွေ့ခွင့်တွေကြားထဲမှာမှ ငါတို့တွေ ခင်မင်ရင်းနှီးခွင့်တွေ ,, နှစ်အချို့ကြာခဲ့ , ဒီလိုနဲ့နေထိုင် ကိုယ်တူလို့စိတ်တူခဲ့သူတွေမှမဟုတ်, ညီကိုရင်းချာတွေထက်စိတ်ဓါတ်တူ သူတွေပါ ,,,, အပြန်အလှန်ဆွေးနွေးငြင်းခုန်မှု့တွေ, အလုပ်တွေကိုယ်စီနဲ့ကြား,, ဆုံတွေ့ချိန်ညဘက်တွေမှ.,ခုနှစ်တွေကြွေကျ လှည့်ပြောင်းမှု့ကံကြမ္မာရဲ့အတိုင်း လိုက်ကကြရဦးမယ့်တို့တစ်တွေ ဖြစ်ဖြစ်နေသမျ သိနေပေမယ့် ခြေတစ်လှန်းရှေ့ဆက်သွားသူတွေနဲ့ အိမ်ပြန်နောက်ဆုတ် သူတွေကြား နှုတ်ဆက်လို့လက်ပြ ဘာစကားမှမပြောချင်တော့တဲ့ငါက မင်းတို့တွေရဲ့ကြား ရပ်နေဆဲသူပါ တွေ့ဆုံခွင့်ရှိရင်တော့ ဆုံတွေ့နိုင်ခွင့်,, ဒုတိယံမိ,, ခပ်မှိန်မှိန်ငါဆုပ်ကိုင်ရင်း ဘယ်နှစ်မြောက်မှန်းမသိဆေးလိပ် အပူလောင်မိတဲ့လက်ကြား ငါ့အတွေးစခဏရပ်လို့ ငါတို့တွေ ရည်မှန်းချက်ကိုယ်စီနဲ့ နှစ်အချို့ခဏတာခိုနားခဲ့တဲ့နေရာ ရပ်နေဆဲငါက, ပိုလွမ်းတတ်သူပါ....

No comments:

Post a Comment