/* The CSS Code for the menu starts here s2free.blogspot.com */

photos

Monday, June 24, 2013

ဂန္တ၀င်စာဆိုတော်ကြီးများ (ရှင်မဟာရဋ္ဌသာရ)

ပြည်မြို့ ရွှေဘုန်းပွင့်စာကြည့်တိုက်နှင့် ယဉ်ကျေးမှုပြတိုက်အသင်းက ကြီးမှူး၍ အင်းဝခေတ်စာဆိုကျော် ရှင်မဟာရဋ္ဌသာရ (မြန်မာ ၈၃၀ – ၈၉၂) အား အမှတ်တရပူဇော်ပွဲအခမ်းအနားနှင့် ရှင်မဟာရဋ္ဌသာရ အထိမ်းအမှတ် မော်ကွန်းတင်ကျောက်စာတိုင်အား ကျောက်စာကပ်ခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်း အခမ်းအနားကို ပဲခူးတိုင်း ပြည်မြို့ရှိ ရွှေမောင်းတုန်း တောရကျောင်းတိုက်တွင် ပြီးခဲ့သော ၂၀၀၇ ခု၊ မေလ (၂၇) ရက်နေ့ နံနက် (၈) နာရီတွင် ကျင်းပခဲ့ လေသည်။ အဆိုပါအခမ်းအနား၌ ပြည်မြို့ ရွှေဘုန်းပွင့်စာကြည့်တိုက်အမှုဆောင် ဦးကျော်ဒင်ဟန်က ကျောက်စာတိုင် ဖြစ်ပေါ်လာခဲ့ပုံ သမိုင်းကြောင်းနှင့် သတင်းထောက် ဦးမြရွှေ၊ ပြည်မြို့စာပေနှင့် စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်တို့က ရှင်မဟာရဋ္ဌသာရ၏ ထေရုပတ္တိအကျဉ်းနှင့် သရေခေတ္တရာ ပြည်မြို့ရောက် ရှင်မဟာရဋ္ဌသာရ စာတမ်းကို အသီးသီး ဖတ်ကြားတင်ပြခဲ့သည်။ မြန်မာစာပေသမိုင်းတွင် ရှင်မဟာရဋ္ဌသာရ ဆရာတော်အား ပထမတန်းစားပျို့ကဗျာများကို သီကုံးရေးဖွဲ့သူ ပျို့စာကျော်အဖြစ် မှတ်တမ်းတင်ကြသည်။ ရှင်မဟာရဋ္ဌသာရ ရေးသားစီကုံးခဲ့သော ကဗျာလင်္ကာများမှာ အပျောင်းအနွဲ့၊ အယဉ်အကျေးမှစ၍ သာယာနာပျော်ဖွယ်ရစေရန် အမျိုးမျိုးအဖုံဖုံ ဆန်းကြယ်သော ဘာသာဝေါဟာရ တို့ဖြင့် တန်ဆာဆင်၍ ရေးသားထားခဲ့လေသည်။ အရှင်မြတ်သည် ရတုတို့ကိုလည်း စပ်ဆိုခဲ့သောကြောင့် ရတုအသစ် အဆန်း အမျိုးမျိုးကို တီထွင်ရေးဖွဲ့သူ ရတုစာဆိုတော်ဟူ၍လည်း အသိအမှတ်ပြုကြသေးသည်။ ပျို့နှင့် ရတုတို့အပြင် စာဆိုသည် မော်ကွန်းများကိုလည်း ရေးဖွဲ့ခဲ့ရာ ပိဋကတ်တော် သမိုင်းအရ မော်ကွန်း (၇)စောင် ရှိသည်ဟု သိရ၏။ ယခုအခါ ပုံတောင်နိုင်မော်ကွန်း၊ ၀တ်ရုံကျောင်းဘွဲ့မော်ကွန်းနှင့် မင်္ဂလာစေတီတော် မော်ကွန်းတို့သာ တွေ့ရတော့သည်။ ကဝိအမော် စာဆိုကျော် ရှင်မဟာရဋ္ဌသာရသည် သာသနာနှစ် ၂၀၁၂ ခုနှစ်၊ ကောဇာသက္ကရာဇ် ၈၃ဝ ပြည့်နှစ် ၀ါဆိုလပြည့် ဗုဒ္ဓဟူးနေ့တွင် အင်းဝနေပြည်တော်၏ နားဍောင်းသဖွယ်ဖြစ်သော အင်းဝမြို့လယ်ရပ်တွင် ဖွားမြင်တော်မူပေသည်။ ငယ်မည်မှာ မောင်မောက်ဟု ခေါ်တွင်လေသည်။ ထို့ကြောင့် စတုဓမ္မသာရ ကိုးခန့်ပျို့ နိဂုံးတွင် `ရွှေအင်းဝဟု၊ နန်းကမြင်ထင်၊ မြို့လယ်ခွင်၌၊ သခင်ဘုရား၊ တည်ထားသာသနာ၊ သင်္ချာအမှန်၊ နှစ်ထောင်လွန်၍၊ အစွန်မြတ်မူ၊ ဆယ့်နှစ်ခုဝယ်၊ ဥတုဝဿ၊ မိုဃ်းလေရှေးဖျား၊ နေသွားကရကဋ်၊ ခေါ်မှတ်ဝေါဟာ၊ အာသဠာ၌၊ ပညာပွားပို၊ ကုသိုလ်သာလှ၊ ငါ့ကိုဘွားရာ၊ ချက်မြှုပ်ရွာသည်၊ အောင်ချာပြည်ကြီး နားဍောင်းတည်း´ ဟူ၍ စပ်ဆိုထားသည်။ ရှင်မဟာရဋ္ဌသာရ၏ အဖကား ကလေးမိုးညှင်း၊ ချင်းလင်း၊ သက်၊ မြို လူမျိုးတို့၏ အရပ်ဒေသများနှင့်တကွ ရခိုင်တစ်ဝှမ်းလုံးကို စိုးပိုင်တော်မူ၍ ပဲခူး-ပြည် ထက်ဝက်ကိုသော်မှလည်း လက်နက်ခွန်အားဖြင့် သိမ်းယူစိုးစံတော်မူသော ပထမမင်းခေါင်ကြီး၏ သားတော် ဆင်ဖြူရှင် သီဟသူ၏ မိဖုရားကြီးအဖြစ် ဘိသိက်ခံတော်မူ ပြီးလျှင် မွန်ပြည်အလုံးကို သိမ်းကျုံးယူငင်အုပ်စိုးတော်မူသော ရှင်စောပုဘုရင်မကြီး၏ တူလည်းဖြစ်၊ သမက်လည်းဖြစ်တော်မူသော ပုသိမ်မြို့စား ဗညားအိမ်၏ မြေးတော်သူ ဓမ္မပါလအမတ်ကြီးဖြစ်သည်။ အမိကား (တုန်ခွန်သွင်း – အင်းဝတည်) ဟု ရာဇ၀င်သင်္ကေတအရ ကောဇာသက္ကရာဇ် ၇၂၆ ခုနှစ်တွင် အင်းဝမြို့ကို လက်မွန်မဆွ တည်ထောင်ဖန်ဆင်း၍ မင်းပြုတော်မူသော သတိုးမင်းဖျားနှင့် မိဖုရားစောညိုတို့မှ ဖွားမြင်သော သမီးတော် စောနန်း၏ မြစ်ဖြစ်သည်။ ထို့ကြောင့် ရှင်မဟာရဋ္ဌသာရ ရေးဖွဲ့သော စတုဓမ္မသာရခေါ် ကိုးခန်းပျို့နိဂုံးတွင်…. `တက်ကြံဝိုက်သိုင်း၊ ဘုန်းအလှိုင်းဖြင့်၊ တိုင်းပြည်လုံး၊ ယူကျုံးပိုက်ထုပ်၊ ထီးအုပ်သာငြိမ်၊ စည်းစိမ်ထူပြော၊ နတ်နှင့်လျောသား၊ ရှင်စောပုတူ၊ လှိုက်ဆူကျော်ရှိန်၊ ပုသိန်မင်းမြေး၊ ဆက်ရှေးဘရိုး၊ တို့မိမျိုးလည်း၊ သတိုးမင်းဖျား၊ တရားစောင့်သုံး၊ ရန်လုံးထွင်ခြွေ၊ ရွှေမြေအင်းဝ၊ တည်စနန်းထီး၊ ပြည်တော်ကြီး၌၊ သမီးဖြစ်ရင်း၊ နွယ်မယွင်းသည့်၊ စည်ကွင်းမထိမ် လှည့်ကောင်းတည်း´ ဟူ၍ စပ်ဆိုလေသည်။ ထိုနှစ်ဖက်သော အမျိုးတို့မှ ရာဇသွေးပါသော မောင်မောက်အား (၅) နှစ်သား အရွယ်သို့ရောက်လျှင် မဟာဆွေတော်မျိုးတော်ချင်းဖြစ်သော မင်းသား၊ မင်းသမီးတို့နှင့် နန်းတော်ထက်မှာ ကဗျာလင်္ကာတို့ကို လေ့ကျက်၏။ ထို့နောက် ရှစ်နှစ်အရွယ်၌ ဒုတိယမင်းခေါင် (မြန်မာ ၈၄၂ – ၈၆၃) အား သားအမှတ်ဖြင့် မွေးမြူရန် ပေးဆက်၏။ အရည်အချင်းနှစ်သက်တော်မူသောကြောင့် သီဟိုဠ် (သီရိလင်္ကာ) ရောက် ဆရာတော်ဘုရားကြီးထံ၌ ဆက်လက်၍ သင်ရိုးဖြစ်သော ပါဠိတော်ကျမ်းတို့ကိုလည်းကောင်း၊ ဗေဒင်ကျမ်း၊ ကဗျာနှင့် သက်ဆိုင်သော ဆန်းကျမ်း၊ အလင်္ကာကျမ်းတို့ကိုလည်းကောင်း သင်ယူတတ်မြောက်တော်မူလေသည်။ ထိုသို့ တတ်မြောက်တော်မူသဖြင့် တံတားဦးသည် မင်္ဂလာစေတီတော်မော်ကွန်းကို (၁၂) နှစ်သားအရွယ်တွင် ရေးစပ်သီကုံးခဲ့သည်။ မင်္ဂလာစေတီတော်မှာ အင်းဝဘုရင် ဒုတိယမင်းခေါင်၏ ကောင်းမှုတော်ဖြစ်သည်။ ဘုရင်မင်းခေါင် အိမ်ရှေ့မင်းဖြစ်နေစဉ်၊ တံတားဦးအရပ်တွင် ညဥ့်အခါ၌ ဆီမီးရောင်ကဲ့သို့ တပြောင်ပြောင်တောက်ပ သည့် နိမိတ်ထူး နိမိတ်ဆန်းဖြစ်ပေါ်ခဲ့၏။ သီဟိုဠ်ကျွန်းတွင် ဒုဋ္ဌမဏိမင်းကြီး မဟာစေတီတော်ကို တည်ထောင်တော်မူသောအခါ ထွန်းလင်းမည့် နိမိတ် ပြခြင်းပင်ဖြစ်ပေသည်ဟု ယူဆကာ ထိုအရပ်၌ ကျောင်းတော်ဆောက်လုပ်၍ စေတီတည်ထားကိုးကွယ်ရန် အကြံတော်ရှိခဲ့၏။ သက္ကရာဇ် ၈၄၂ ခုနှစ် မင်းအဖြစ်သို့ ရောက်သောအခါ ရွှေကျောင်းတော်ကို အလျင်အမြန် ဆောက်လုပ်တော်မူသည်။ မှန်နန်းရာဇဝင်၌လည်း `ဒုတိယ မင်းခေါင် နန်းတက်နှစ် သက္ကရာဇ် ၈၄၂ ခုနှစ် တွင် မင်္ဂလာစေတီတည်သည်။ ၈၅၈ ခုနှစ်တွင် အလယ်ဌာပနာတည်။ ၈၆၁ ခုနှစ် အပြီးသို့ ရောက်တော်မူသည်´ ဟု ကိုးကားဖော်ပြထားရာ သက္ကရာဇ် ၈၆၁ ခုနှစ်တွင် စေတီပြီးသည်ဟု သိရသည်။ ရှင်မဟာရဋ္ဌသာရ၏ မော်ကွန်းတွင် သက္ကရာဇ် ၈၅၈ ခုနှစ် အလယ်ဌာပနာ ပြီးသည်အထိသာ ပါရှိသဖြင့် စာဆိုသည် အလယ်ဌာပနာ အပြီးတွင် ဤမော်ကွန်းကို စပ်ဆိုခဲ့သည်ဟု ယူဆဖွယ်ရှိပေသည်။ စာဆိုသည် ယင်းမော်ကွန်းတွင် ဘုရင်၏ ဘုန်းတော်ဘွဲ့၊ ဓာတ်တော်ပို့ဆောင်သည့် အခမ်းအနား၊ သဘင်အခင်းအကျင်း၊ အလှူပစ္စည်းစာရင်းနှင့် ဓာတ်တော်ဌာပနာပုံတို့ကို တစ်ကန့်စီ ခွဲခြားပြဆိုထားသည်။ ထို့နောက် ရှင်မဟာရဋ္ဌသာရသည် အသက် (၁၆) နှစ် အရွယ်တွင် ဘူရိဒတ်လင်္ကာကြီးကို စပ်ဆိုတော်မူပြီး နောက် ဟတ္ထိပါလဇာတ်ပျို့ကို ရေးသားစီကုံးပါဟု ဒုတိယမင်းခေါင်နှင့် တောင်နန်းစံမိဖုရားကြီး အတုသီရိဓမ္မဒေ၀ီ အပေါင်းတို့အား နားတန်ဆာဆင်စိမ့်သောငှာ သက်တော် (၂၆) နှစ် တွင် ရေးသားစပ်ဆိုတော်မူခဲ့လေသည်။ ရှင်မဟာရဋ္ဌသာရ ရေးသားသီကုံးခဲ့သော ကဗျာလင်္ကာများမှာ အပျောင်းအနွဲ့ အယဉ်အကျေးမှစ၍ သာယာနာပျော်ဖွယ် ရှိစေရန် အမျိုးမျိုး အဖုံဖုံ ဆန်းကြယ်သော ဘာသာဝေါဟာရတို့ဖြင့် တန်ဆာဆင်၍ ရေးသားခဲ့ လေသည်။ ထို့ကြောင့် ရှင်မဟာရဋ္ဌသာရ၏ ကဗျာလင်္ကာများကို ဖတ်ရှုရသည့်အခါ ရှင်မဟာရဋ္ဌသာရ၏ စိတ်နေစိတ်ထားများကို ဖတ်ရှုသူတိုင်း စိတ်၌ပင် ထင်မြင်လာစေ၏။ ရှင်မဟာရဋ္ဌသာရသည် စတုဓမ္မသာရ ကိုးခန်းပျို့ကို မည်သည့်ခုနှစ်သက္ကရာဇ်တွင် ရေးသားခဲ့ကြောင်း အသေအချာ မသိရပါ။ မင်္ဂလာစေတီတော် ဒါယကာ ဒုတိယမင်းခေါင် တောင်းပန်သောကြောင့် ရေးသားဖွဲ့ဆိုခဲ့ခြင်း ဖြစ်ရကား သက္ကရာဇ် ၈၄၂ မှ ၈၆၃ ခုနှစ်အတွင်း ရေးသားပေမည်ဟု မှတ်ယူရပေသည်။ သက္ကရာဇ် ၈၈၅ ခုနှစ်၊ တပို့တွဲလဆန်း (၁၂) ရက် စနေနေ့ (ရွှေနန်းကြော့ရှင် နရပတိလက်ထက်) တွင် ပုရပိုက်ပေါ်၌ ရေးသားပြီးစီးကြောင်း ကိုကား စတုဓမ္မသာရ ကိုးခန်းပျို့နိဂုံးလင်္ကာအရ သိသာထင်ရှားတော့သည်။ပညာသင်ယူခဲ့သောရွှေဥမင်ကျောင်း , ကဗျာ့ဝိဒူ၊ ကဗျာ့ပါရဂူဖြစ်သော ရှင်မဟာရဋ္ဌသာရ ပြုမူခဲ့သမျှ ကဗျာများအနက် စတုဓမ္မသာရ ကိုးခန်းပျို့ ကဗျာသည် အကောင်းဆုံးဖြစ်သည်။ သဒ္ဒါလင်္ကာရ၊ အတ္တာလင်္ကာရ တို့ဖြင့် အဆန်းတကြယ် ဥာဏ်စွမ်းကုန် မွမ်းမံခြယ်လှယ်ကာ ဖွဲ့ဆိုထားသည်ဖြစ်ရာ ကဗျာ့ဂုဏ်ရည် ထွန်းတောက်လှပါသည်။ အပြစ်ဒေသတို့မှ ကင်းစင်ပြီး လျှင် ဂုဏ် (၁ဝ) ပါး၊ ရသ (၉) ပါးတို့ဖြင့် ပြည့်စုံလှသည့် အားလျော်စွာ ပညာဆည်းပူးသူ အပေါင်းတို့မှ မှီငြမ်းပြုရာ ငွားငွားစွင့်စွင့် ဖူးပွင့်ဝေဆာလျက်ရှိပေသော ပညာပဒေသာပင်ကြိးဟု ဆိုထိုက်လှပေသည်။ ဥပမာ၊ ဥပစာတို့ဖြင့် စကားလုံးချင်း မထပ်စေမူ၍ တစ်မျိုးတစ်ဖုံစီ ဖွဲ့ဆိုစီကုံးထားရကား၊ ပဉ္စသီင်္ခနတ်မင်းသည် ဥသျှစ်မှည့်အဆင်းရှိသော ဗေဠုဝစောင်းတော်ကို တံတျာတေးဖွဲ့၍ လေးတွဲ့နွဲ့နှောင်းစွာ သီဆိုတီးဘိသည့်အလား ဖတ်နာသူအပေါင်းတို့၏ ဟဒယနှလုံးအိမ်ကို လွန်ကဲစွာ ကြည်ရွှင်နှစ်လိုစေနိုင်တော့ သည်သာ။ ဤကိုးခန်းပျို့သည် ဘုရားဟောဝီသတိနိပါတ်တော်လာ `ဟတ္ထိပါလ´ ဇာတ်တော်ကို ဖွဲ့ဆိုထားခြင်းပင်ဖြစ် သည်။ ထိုပျို့ကို ဟတ္ထိပါလပျို့၊ စတုဓမ္မသာရပျို့၊ ကိုးခန်းပျို့ဟူ၍ အမည်သုံးပါးဖြင့် ခေါ်၏။ ကိုးခန်းဟူသည်ကား… (၁) ဟတ္ထိပါလ တောထွက်ခန်း (၂) အဿပါလ တစ်ခန်း (၃) ဂေါပါလ တစ်ခန်း (၄) အဇပါလတစ်ခန်း (၅) ပုရောဟိတ်တစ်ခန်း (၆) ပုဏ္ဏားမတစ်ခန်း (၇) ဧသုကာရီတစ်ခန်း (၈) မိဖုရားတစ်ခန်း (၉) ခုနစ်ပြည်ထောင် ဇာတ်ပေါင်းတစ်ခန်းတို့ ဖြစ်သည်။ ဒုတိယမင်းခေါင်သည် သက္ကရာဇ် ၈၆၃ ခု၊ တန်ခူးလပြည့်ကျော် (၅) ရက်နေ့တွင် နတ်ပြည်စံတော်မူလေသည်။ သက္ကရာဇ် ၈၈၈ ခုနှစ် ဒုတိယမင်းခေါင် နတ်ပြည်စံ၍ (၂၅) နှစ် ရောက်မှ ဤ စတုဓမ္မသာရ ကိုးခန်းပျို့ကို နိဂုံးချုပ်ရသည်ဖြစ်၍ ရှင်မဟာရဋ္ဌသာရသည် ဒုတိယမင်းခေါင်နှင့် မိဖုရားခေါင်ကြီးတို့အား ရည်မှန်းတမ်းတ သတိရသောအားဖြင့်…. `မင်းစိုးဆွေစံ၊ ရွှေဘုံပျော်ညောင်း၊ ဗိမာန်ပြောင်းလည်း၊ ဇာတ်ပေါင်းပြီးချုပ်၊ စာကိုးအုပ်ဖြင့်၊ ထုပ်ထုပ်ပိုက်ပိုက်၊ သင်္ဂြိုဟ်လိုက်၏။ တိုက်ရိုက်နတ်နား၊ ကြားပါလေ၍ နားစေခလို၊ တောင့်တဆိုသည်၊ ကုသိုလ်ဝေငှ ဆင့်လောင်းတည်း´ ဟူ၍ စတုဓမ္မသာရ ကိုးခန်းပျို့ နိဂုံးတွင် စပ်ဆိုထားလေသည်။ သက္ကရာဇ် ၈၈၆ ခုနှစ်တွင် မိုးညှင်းစလုံသည် မြန်မာပြည်အတွင်းသို့ ချဉ်းနင်းဝင်ရောက် တိုက်ဖျက်လေတော့ သည်။ ပြည်ဘုရင် သတိုးမင်းစောလည်း မိုးညှင်းစလုံ နှင့် ပူးပေါင်းပြီးလျှင် ပြည်ဘုရင်က ရေကြောင်း၊ မိုးညှင်စလုံက ကုန်းကြောင်းချီ၍ အင်းဝမြို့ကို တိုက်ခိုက်ချေတော့သည်။ အင်းဝဘုရင် ရွှေနန်းကြော့ရှင် နရပတိလည်း အုန်းပေါင်းခုံမှိုင်းနှင့် ပေါင်း၍ အင်းဝမြို့တွင်းက ခံနှင့်၏။ သို့ငြားလည်း အားမတန်သည်နှင့် အင်းဝမြို့မှ ထွက်ပြီးလျှင် အရှေ့ဘက် ဆင်ခေါင်းဝက်ဝင်အရပ်သို့ ဆုတ်ခွာတော်မူရချေသည်။ မိုးညှင်းစလုံသည် ပြည်ဘုရင် သတိုးမင်းစောကို အင်းဝ၌ နန်းတင်ပြီးလျှင် (၃) ရက်ကြာသော် ဆင်ကောင်း၊ မြင်းကောင်း အများကို သိမ်းယူ၍ စစ်ကိုင်းဆိပ်သို့ကူးကာ ပြန်လေသည်။ မိုးညှင်းစလုံ ပြန်လေလျှင် ပြည်ဘုရင် သတိုးစောသည် ရွှေနန်းကြော့ရှင် နရပတိနှင့် အုန်းပေါင်းခုံမှိုင်းတို့ ဝန်းရံတိုက်ခိုက်မည်စိုးသဖြင့် အင်းဝမှ ပြည်မြို့သို့ စုန်တော်မူလေသည်။ ပြည်ဘုရင် သတိုးမင်းစောသည် ရွှေနန်းကြော့ရှင် နရပတိ သမီးတော် ရှစ်နှစ်အရွယ်ရှိ `သီရိဘုန်းထွဋ်´ ကို တွေ့၍ ပြည်မြို့သို့ ခေါ်ဆောင်သွားတော်မူသည်။ ထို့အပြင် ရှင်မဟာရဋ္ဌသာရကိုလည်း တစ်ပါတည်း ပင့်ဆောင်သွားလေသည်။ ရှင်မဟာရဋ္ဌသာရသည် ပြည်မြို့သို့ ရုတ်တရက် လိုက်ပါတော်မူရသဖြင့် မိမိ တစ်ခန်းစီရေးဖွဲ့ထားသော ဟတ္ထိပါလပျို့ ရှစ်ခန်းကိုသာလျှင် စုဆောင်းယူဆောင်သွားနိုင်ခဲ့တော့သည်။ န၀မအခန်း (၀ါ) နောက်ဆုံးဇာတ်ပေါင်း ခန်း အလုံးစုံကို သီကုံးထားသည့် ပုရပိုက်မှာမူ စစ်ကိုင်းမြို့ရှိ တပည့်များထဲတွင် ကျန်ရစ်ခဲ့တော့ သည်။ သို့ကလို (၇) နှစ်မျှ ပျောက်ကွယ်၍ နေခဲ့ရာမှ စစ်ကိုင်းတွင် ကျန်ရှိနေသော ဇာတ်ပေါင်းခန်း ပုရပိုက်ကို ပြည်မြို့ ဆင်ဖြူရှင် သတိုးမင်းစောလက်ထက်တွင် မပျက်မစီးဘဲ ပြန်လည်ရရှိခဲ့လေသည်။ ပြည်မြို့သို့ ရောက်နေသော ရှင်မဟာရဋ္ဌသာရကို ပြည်ဘုရင် သတိုးမင်းစောသည် `မင်းတုန်း´မည်သော အရပ်တွင် ကျောင်းသုံးကျောင်း (ပုထိုးကျောင်း၊ တောင်ခွင်ကျောင်း၊ မင်းတုန်းကျောင်း)ကို အပ်လှူပြီးလျှင် မဟာသံဃရာဇ သာသနာပိုင် ခန့်တော်မူလေသည်။ ထို့နောက် ဆံတော်ရှင်ဘုရားမြောက်ဘက်တွင်လည်း ထီးဖြူရုံကျောင်းသစ်တစ်ဆောင်ကို ထပ်မံဆောက်လုပ်လှူဒါန်းတော်မူပြန်သည်။ နေ့စဉ်နေ့တိုင်း စားတော်ဦး ဟင်းနှစ်ခွက် ကပ်လှူသည့်အပြင် ဆောင်းဦးပေါက် တန်ဆောင်မုန်းလများတွင် ခင်းကျင်းမြဲဖြစ်သော ကထိန်ပွဲများ၌လည်း စေတနာ သဒ္ဓါတရားထက်သန်စွာဖြင့် ချီးမြှင့်တော်မူသည်။ ထို့နောက် တပြက်သာအရပ်တွင် နောက်ထပ် ကျောင်းသစ်တစ်ဆောင်ကိုလည်း ဆောက်လုပ်လှူဒါန်းတော်မူပြန်သည်။ သို့ဖြစ်ရာ ရှေးဦးစွာလှူသော ပုထိုးကျောင်း၊ ဆံတော်ရှင်ဘုရား မြောက်ဘက်တွင် ထီးဖြူရုံကျောင်းတစ်ကျောင်း၊ တပြက်သာတွင် ကျောင်းတစ်ကျောင်း စုစုပေါင်း (၅) ကျောင်း လှူဒါန်းခြင်းကို ခံယူရရှိတော်မူလေသည်။ သီတင်းသုံးနေထိုင်ခဲ့သောဝတ်ရုံကျောင်း ပည်ဘုရင် ဆင်ဖြူရှင် သတိုးမင်းစော နတ်ပြည်စံလွန်တော်မူပြီးနောက် သက္ကရာဇ် ၈၈၈ ခုတွင် သားတော် ဘုရင်ထွေးသည် ခမည်းတော်အရိုက်အရာတော်ဖြစ်သော ရွှေထီးရွှေနန်းကို သိမ်းမြန်းစိုးစံ အုပ်ချုပ်တော်မူခဲ့သည်။ ဘုရင်ထွေးသည် မင်းဖြစ်ပြီး မကြာမီမှာပင် ပြည်မြို့အရှေ့တာတစ်တောင်ကွာအရပ်တွင် ဆုတောင်းပြည့် မင်္ဂလာစေတီအနီး ရွှေနန်းတော်တမျှ ခမ်းနားကြီးကျယ်လှသော ဘုံကိုးဆင့်ရှိ ရွှေကျောင်းတော်ကြီးကို သစ်လုံးတိုင်ကြီးများဖြင့် တန်ဆာဆင်ကာ တန်ဆောင်း၊ ဇရပ်၊ သိမ်၊ ပိဋကတ်တော်တို့နှင့်တကွ ရှင်မဟာရဋ္ဌသာရအား အခွန်တစ်ထောင်ထွက် ဥယျာဉ် (၂) ရပ်ကိုလည်း လှူတော်မူသည်။ ရှင်မဟာရဋ္ဌသာရသည် အဆိုပါကျောင်းကြီး၌ တပည့်ရဟန်းသံဃာတို့အား စာပေပို့ချကာ သီတင်းသုံးတော် မူစဉ် ပြည်ဘုရင် ဆင်ဖြူရှင်သတိုးမင်းစော၏ သားတော် ဘုရင်ထွေးအား တိုင်းပြည်အုပ်ချုပ် မင်းလုပ်သည့် အရေးအရာများ၌ အလိမ္မာတိုးပွားစေရန် ရည်သန်၍ သက္ကရာဇ် ၈၉၁ ခု ၀ါဆိုလပြည့် ဗုဒ္ဓဟူးနေ့တွင် `သံဝရပျို့´ ကို စပ်ဆိုပြီးဆုံးတော်မူလေသည်။ ထိုအကြောင်းကို ရှင်မဟာရဋ္ဌသာရသည် သံဝရပျို့နိဂုံး၌ …. `သကရစ်သချာင်္၊ ရှစ်ရွာအစ၊ န၀အလယ်၊ နှောင်းဆွယ်ဧက၊ ပုဏ္ဏပြည့်ညီ၊ တီထီဆန်းတက်၊ ဆယ့်ငါးရက်ဝယ်၊ …. တိုင်းကားပြည်ရွာ၊ ချမ်းသာမြော်ရှု၊ ပြီးအောင်ပြု၍၊ ရှင်ဖြူ့ရှင်သား၊ မင်းတရားကို စိတ်ပြားလိမ္မာ၊ ပွားစိမ့်ငှာလျှင်၊ ဤစာကျေးဇူးဆပ်သတည်း´ ဟူ၍ စပ်ဆိုထားတော်မူသည်။ ရှင်မဟာရဋ္ဌသာရ အရှင်မြတ်သည် လောကလူသားတို့အား လောကရေး၊ ဓမ္မရေး၊ ရာဇရေးဟူသော အရေးသုံးပါးတို့တွင် တတ်သိလိမ္မာစေရန် ဂုဏ်မြောက်တင့်တယ်လှသည့် စာပေရတနာအဖြာဖြာကို ရေးသားပြုစုတော်မူခဲ့လေသည်။ ရေးသားပြုစုတော်မူခဲ့သော စာစုတို့မှာ…. ပျို့ ။ ။ ဘူရိဒတ်လင်္ကာကြီးပျို့၊ ဘူရိဒတ် ဇာတ်ပေါင်းပျို့၊ စတုဓမ္မသာရ ကိုးခန်းပျို့၊ ဂမ္ဘီသာရပျို့၊ သံဝရပျို့။ မော်ကွန်း။ ။ `ကြားပိမ့်နတ်ရှင်´ ချီ တံတားဦး မင်္ဂလာစေတီတော်မော်ကွန်း၊ `သုံးဆယ့်နှစ်ပါး´ ချီ တံတားဦးမင်္ဂလာစေတီမော်ကွန်း၊ ပုံတော်ပုံတောင်နိုင်မော်ကွန်း၊ မိတ္ထီလာကန်တော်ဘွဲ့မော်ကွန်း၊ မင်္ဂလာအောင်ပွဲတော်ပွဲ ရည်တက်မော်ကွန်း၊ ရတနာပူရ မြို့တည်မော်ကွန်း၊ ၀တ်ရုံကျောင်းဘွဲ့မော်ကွန်း။ လင်္ကာ ။ ။ န၀ဘာအင်းဆိုနည်းလင်္ကာ၊ ဒုတိယမင်းခေါင် ရွှေနန်းတက်လင်္ကာ၊ ရွှေစက်တော်သွား တောလားလင်္ကာ၊ ရွှေစက်တော်ရာ ဘုရားရှိခိုးလင်္ကာ၊ ကျောင်းသား သာမဧေတို့အား ဆုံးမစာလင်္ကာ၊ ရွှေနန်းကြော့ရှင်ထံ ဆက်သွင်းသည့် မျက်ဖြေလင်္ကာ၊ ကုက္ဏုဋင်္ဂါသျှတ္တရာလင်္ကာ၊ `စာသင်ပထမ´ ချီသတ်ပုံလင်္ကာ။ ဧကပိုဒ် ။ ။ ပဒုမ္မာကြာဆိုနည်းဘုရားဘွဲ့ရတု၊ မုတ္တာရွဲသီဆိုနည်းမယ်ဘွဲ့ရတု၊ ပုလဲတစ်တန့် သန္တာတစ်တန့်ဆိုနည်း မယ်ဘွဲ့ရတု၊ ဘုရင့်ထံဆက်သွင်းသည့် ရတုများ၊ ရှင်မဟာသီလ၀ံသ၏ အမေးကို ဖြေဆိုသော ရတု၊ စာသင်သားတို့အား ဆုံးမစာရတု၊ သိကြားတိုင်ရတု။ ပိုဒ်စုံရတု။ ။ `တောင်ထဲတွန့်မယ်ဘွဲ့ရတု၊ သန်လျက်ချနည်း မယ်ဘွဲ့ရတု၊ ဘုရားထိုင်နှင့် ရိုးရိုးမယ်ဘွဲ့ရတုများ၊ ပဒုမ္မာကြာဆိုနည်း မောင်ဘွဲ့ရတု၊ ရခိုင်ပြည်မှ မြန်မာပြည်သို့ တမ်းတရတု၊ ဒုတိယမင်းခေါင်ထံဆက် ပရိတ်သစ္စာတိုင်ရတု၊ မေတ္တာစာရတု၊ သီရိသင်္ခယာသို့ပေး မေတ္တာစာရတု၊ ပြည်မြို့ဝံတောင်လယ် ဘုန်းတော်ကြီးသို့ လျှောက်မေးသည့် ရတုများ။ ကျောက်စာ။ ။ နရပတိမင်းကြီး၏ သမီးတော် ရွှေအိမ်သည်မင်းသမီး ဆောက်လုပ်လှူဒါန်းခဲ့သည့်`ရတနာ့ဗိမာန်´ ကျောက်စာ၊ တံတားသီးမင်္ဂလာစေတီတော် ကျောက်စာ စသည်တို့ဖြစ်သည်။ ● ရှင်မဟာရဋ္ဌသာရ အရိုးအိုးစေတီ ရှင်မဟာရဋ္ဌသာရ ဆရာတော်သည် သက္ကရာဇ် ၈၉၂ တွင် ပြည်မြို့၌ပင် ပျံလွန်တော်မူခဲ့သည်။ ဆရာတော် အလှည့်ကျ သီတင်းသုံးခဲ့သော ကျောင်းကြီးများတွင် မည်သည့်ကျောင်း၌ ပျံလွန်တော်မူခဲ့ကြောင်း ခိုင်မာသည့် စာပေ အထောက်အထား ယနေ့တိုင် မတွေ့ရသေးပေ။ သို့သော် သံဃရာဇာ သာသနာပိုင်လည်းဖြစ်၊ မင်းဆရာလည်းဖြစ်၊ တပည့် တပည့်များစွာ ပေါများသော ကျော်ကြားလှသည့် စာဆိုကျော် အရှင်မြတ်အတွက် ရှေးရိုးစဉ်လာ တွေ့ရှိနေကျဖြစ်သော အရိုးအိုးစေတီရှိရပေမည်။ ဆရာတော်၏ အရိုးအိုးစေတီနှင့် ပတ်သက်သည့် စာပေအထောက်အထားတစ်ခုကို ၁၉၃၉ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့ထုတ် သူရိယ သတင်းစာတွင် မှော်ဘီဆရာသိန်းက `ပြည်မြို့ ရှင်မဟာရဋ္ဌသာရ အရိုးအိုးဂူ´ ဟု ဆောင်းပါး၌ ဓာတ်ပုံနှင့်တကွ ရေးသားဖော်ပြထားသည်။ ယခုအခါ ဆောင်းပါးပါ ဓာတ်ပုံမှာ အရိုးအိုးစေတီ၏ အောက်ခြေ အုတ်ခုံ မျှသာ ကျန်ရှိနေသည်ကို တွေ့ရသည်။ `ရှင်မဟာရဋ္ဌသာရ သရေခေတ္တရာ သမိုင်းဝင်နေရာများ စာတမ်း´ ၌ ဆရာတော် ရှင်မဟာရဋ္ဌသာရ၏ အရိုးအိုးစေတီနှင့် ပတ်သက်၍ ပြည်မြို့ သက်ကြီးရွယ်အို လူပုဂ္ဂိုလ်အချို့ထံ စုံစမ်း မေးမြန်း လျှောက်ထားရာ ၁၉၆၂ ခုနှစ်က သက်တော် (၇၀) အရွယ် ဓမ္မကထိက ဆရာတော်ကြီး ဦးဝိဇယ ဆရာတော်ကြီးက ပြည်မြို့ ဆရာတော်ကြီးများတွင် ရာဇ၀င်လိုက်စားသည့် ရာဇ၀င်ကျော် သုဒဿနဆရာနှင့် ကိုရင် ဘ၀က အတူသီတင်းသုံးစဉ် ယခုအထိမ်းအမှတ်ကျောက်တိုင် စိုက်ထူထားရာအနီးတွင် စေတီပျက်အုတ်ခုံသဖွယ် နေရာကို တွေ့ရှိပြီး၊ ထိုစေတီသည် ရှင်မဟာရဋ္ဌသာရ အရိုးအိုးစေတီဖြစ်ကြောင်း ဆရာတော် သုဒဿနက ပြောပြခဲ့ သည့်အပြင် ၀ါဝင်ဝါထွက်များ၌ အမှိုက်သရိုက်များ ရှင်းလင်း၍ ပန်းဆီမီးပူဇော်ခဲ့သည်ကို ကြုံခဲ့ရဖူးကြောင်း မိန့်ကြားခဲ့ သည်။ ထိုစကားမိန့်ဆိုချက်ကို နာဠာဂီရိဆရာတော်ကြီးကလည်း အလားတူစွာ ထောက်ခံခဲ့သည့်အပြင် မူလကံဦးကျောင်းဆရာတော်ကြီး၏ တပည့်တပန်း သက်ကြီးရွယ်အိုအချို့တို့ကလည်း လက်ရှိတွေ့မြင်နေရသည့် အရိုးအိုးစေတီဖြစ်သည်ဟု ပြောကြသည်´ကို ဖော်ပြထားပေသည်။ ယခုအခါ ဆရာတော်ကြီးများ ညွှန်ပြသောနေရာတွင် ယခင်လှည်းလမ်းကြောင်းမှ ရေစီးမြောင်းဖြစ်ပြီး၊ ရေစီးမြောင်းမှ တောနက်သော ချောင်းဖြစ်နေပြီး၊ အရိုးဂူစေတီမှာ ချောင်းထဲသို့ ပြိုကျပျက်စီးလျက်ရှိသည်ကို တွေ့ရသည်။ အုတ်ခုံပလ္လင်၌ အသုံးပြုထားသော အုတ်အရွယ်အစားမှာ အလျား ၁၄ လက်မ၊ အနံ ၇ လက်မ၊ ထု ၂ လက်မ ရှိသည်။ ထို့ကြောင့် ၄င်းအုတ်ချပ်များကို ကြည့်ခြင်းဖြင့် အင်းဝခေတ်အုတ်ဖြစ်ကြောင်း သက်သေခံလျက်ရှိ နေပေသည်။ ချောင်းရေတိုက်စားသဖြင့် ကြာလျှင် အုတ်အစအနများပင် တွေ့ရတော့မည်မဟုတ်ပေ။ ထိုအကြောင်း ရွှေဘုန်းပွင့်စာကြည့်တိုက် ပိဋကတ်တိုက်နှင့် ယဉ်ကျေးမှုပြတိုက်အသင်းမှ အရိုးအိုးစေတီတည်ရှိရာနေရာနှင့် ၁၀ ပေခန့်အကွာ ချောင်းကမ်းဘေးတွင် အထိမ်းအမှတ် ယာယီအုတ်တိုင်တစ်ခုကို မြန်မာသက္ကရာဇ် ၁၃၂၇ ခု၊ နတ်တော် လဆန်း ၁ ရက် (၁၉၆၅ ခု၊ နိုဝင်ဘာလ ၂၄ ရက်) နေ့တွင် စိုက်ထူထားခဲ့သည်။ အထိမ်းအမှတ်တိုင်တွင် ရှင်မဟာရဋ္ဌ သာရ အရှင်မြတ် ပြည်မြို့ရောက် ဖြစ်စဉ်အကျဉ်း၊ တစ်ဖက်တွင် သု-စိ-ပု-ဘာ-ဝိ-လိ-သိ-ဓာ အက္ခရာရှစ်လုံး ပါရှိသည့် ဆရာတော်ဆုံးမစာလင်္ကာနှင့် မူလအုတ်ဂူနေရာသို့ ညွှန်းဆိုထားသည့် စာတမ်းတို့ကို ရေးထိုးထားသည်။ ရှင်မဟာရဌသာရသိမ် , ယခုအခါ စာဆိုကျော်ရှင်မဟာရဋ္ဌသာရ အထိမ်းအမှတ် ကျောက်စာတိုင်ပင် ပျက်စီးယိုယွင်းနေသဖြင့် ပြည်မြို့ ရွှေဘုန်းပွင့် စာကြည့်တိုက် ပိဋကတ်တိုက် နှင့် ကျောက်စာကပ်ခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်းများ ပြုလုပ်၍ ၂ဝဝ၇ ခုနှစ် မေလ ၂၇ ရက်နေ့တွင် အင်းဝခေတ် စာဆိုကျော် ရှင်မဟာရဋ္ဌသာရ အရှင်သူမြတ်အား အမှတ်တရပူဇော် ပွဲ အခမ်းအနားနှင့် အထိမ်းအမှတ် ကျောက်စာတိုင်ဖွင့်ပွဲအခမ်းအနားကို ပြည်မြို့ ရွှေမောင်းတုန်းတောရကျောင်း တိုက်တွင် ကျင်းပခဲ့လေသည်။ မည်သို့ဆိုစေ စာဆိုကျော် ရှင်မဟာရဋ္ဌသာရ အရှင်သူမြတ် ရေးသားခဲ့သော စာပေကဗျာ လင်္ကာများမှာ လောကအကြောင်း၊ ဓမ္မအကြောင်း၊ ရာဇအကြောင်းတို့ကို သုတိသာမကသော စကားလုံးတို့ဖြင့် ဖွဲ့နွဲ့တန်ဆာဆင် ထားသောကြောင့် ဖတ်ရှုရသူအပေါင်းအား ဆရာတော်အရှင်သူမြတ်၏ စေတနာစိတ်ထားကို စိတ်၌ပင် ထင်မြင်လာ စေသည်။ ထို့အပြင် `အကျွတ်ဘယ်မှာ ဝေးတော့မည်´ ကဗျာ၌ စာသင်သားတို့အား `သု-စိ-ပု-ဘာ-၀ိ-လိ-သိ-ဓာ´ ဟူသော အက္ခရာရှစ်လုံးကို အမြဲစားသုံးစေလို၏။ ထိုအက္ခရာသည် စိန္တာမဏိဂါထာကဲ့သို့ လိုရာပြီးမြောက်သည့်အပြင် နောက်ဆုံး၌ နိဗ္ဗာန်သို့ပင် ရောက်နိုင်ကြောင်းကို ပြဆိုထားသောကြောင့် ဖတ်ရှုရသူအပေါင်းအား တန်ဖိုးမဖြတ်နိုင်အောင်ပင် ကျေးဇူးကြီးများလှပေသည်။ စာကိုး ၁။ ဒဂုန်နတ်ရှင် မြန်မာစာပြုစာဆိုပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်၊ ရန်ကုန် မခင်ရီစာအုပ်တိုက်၊ (ပ-ကြိမ်)၊ ၁၉၆၂ ၂။ ဗိုလ်မှူးဘသောင်း စာဆိုတော်များအတ္ထုပ္ပတ္တိ ရန်ကုန် ရာပြည့်စာအုပ်တိုက်၊ ပဉ္စမအကြိမ် ၂၀၀၂။ ၃။ လှသမိန် ဂန္တ၀င်ပုဂ္ဂိုလ်ကျော်များအတ္ထုပ္ပတ္တိပေါင်းချုပ် ဟံသာဝတီပုံနှိပ်တိုက်၊ (ပ-ကြိမ်) ၁၉၆၁။ ၄။ မြန်-စာ-ပြန် ရှင်မဟာရဋ္ဌသာရ (၈၃၀-၈၉၂) ၁၉၆၈ ဇူလိုင်။ ၅။ ပြည်မြို့ ရွှေမောင်းတုန်းစေတီတော်မြတ်ကြီး၏ သမိုင်းအချက်အလက်များ၊ ပြုစုတင်ပြခြင်းစာတမ်း ၁၉၉၂ ခု၊ ဇန်န၀ါရီ။ ၆။ ရှင်မဟာရဋ္ဌသာရ၏ သရေခတ္တရာ သမိုင်းဝင်နေရာများ စာတမ်း၊ ၁၉၆၈ ဇူလိုင် ၂၄။

မောင်စေတနာ: ဟော့ဒီက စာအုပ်စုံ

မောင်စေတနာ: ဟော့ဒီက စာအုပ်စုံ: ဈေးရောင်းနေတာ မဟုတ်ဘူးနော်။ Website ကြော်ငြာဝင်တာ။ ကောင်းမွန်လှပါတယ်။ နောက်ဆုံးထွက် မဂ္ဂဇင်းပဲ ဖတ်မလား၊ ဂျာနယ်ပဲ ဖတ်မလား၊ ကာတွန်းပဲ ဖတ်မလား၊...

မောင်စေတနာ: နိုင်ငံခြား ရုပ်ရှင်ကားတွေ ကြည့်ရအောင်

မောင်စေတနာ: နိုင်ငံခြား ရုပ်ရှင်ကားတွေ ကြည့်ရအောင်: ဒီဝက်ဆိုက်က အွန်လိုင်းမှာ ရုပ်ရှင်ကြည့်ချင်သူများအတွက်ပါ။ အရင်တုန်းကတော့ ဒေါင်းလုပ်ယူလို့ ရပါတယ်။ အခုတော့ ရမရ သေချာ မသိတော့ပါဘူး။ မိမိ အရင်...

မောင်စေတနာ: ရသစုံလင် မြန်မာသူရဲကောင်း ၀က်ဆိုက်

မောင်စေတနာ: ရသစုံလင် မြန်မာသူရဲကောင်း ၀က်ဆိုက်: မြန်မာသူရဲကောင်း ဆိုက်မှာ အတွေးအခေါ်၊ ဆောင်းပါး၊ ကဗျာ၊ ၀တ္တု၊ ကွန်ပျူတာနည်းပညာ၊ ထေရ၀ါဒသာသနာ၊ ဘာသာပြန်၊ ကျန်းမာရေး၊ ဟာသ၊ ဓါတ်ပုံကဏ္ဍ၊ ပန်းချီ၊ေ...

မောင်စေတနာ: မြန်မာကို တိုက်ရိုက်ပြန်မယ်

မောင်စေတနာ: မြန်မာကို တိုက်ရိုက်ပြန်မယ်: အရင်က အင်္ဂလိပ်စာကို မြန်မာလို ဘာသာပြန်တဲ့အခါ အဘိဓာန်တွေ အားကိုးပြီး ပြန်ရပါတယ်။ ယခုတော့ အင်္ဂလိပ်စာပိုဒ် တစ်ခုလုံးကို Copy ယူပြီး Window Myanm...

မောင်စေတနာ: Buddha FM

မောင်စေတနာ: Buddha FM: အင်တာနက်မှာ Website တော်တော်များများနဲ့ Blog တော်တော် များများဟာ ဗုဒ္ဓဘာသာဝင်များအတွက် အင်မတန်မှ ၀မ်းမြောက်စေမယ့် အစီအစဉ်လေးတွေ ပြုလုပ်ပေးနေ...

မောင်စေတနာ: Laptop Driver

မောင်စေတနာ: Laptop Driver: Laptop Driver တွေ အတွက် www.laptop-driver.net က တော်တော်စုံလင်တယ် ဆိုရမယ်။ လိုချင်တာကို ဒေါင်းယူရင်လဲ လွယ်ကူတယ်။ အမျိုးအစားမျိုးစုံကို ဖော...

Myanmar Artist Makes U Thant Sculpture in Two Days to Donate for Museum

100 Years of Japan-Myanmar Friendship Celebrates, U Ottama Plays in Majo...

မောင်စေတနာ: Internet Download Manager သုံးပါ

မောင်စေတနာ: Internet Download Manager သုံးပါ: တစ်နေ့သ၌ ကျွန်ုပ်သည် အလုပ်မအားလပ်သဖြင့် ဘလော့တွင် ပို့စ်များစွာ မတင်နိုင်သည့် သကာလ ဖြစ်နေသည်။ ပို့စ် အရေးနည်းသဖြင့် စာဖတ်သူများကိုလည်း အားနာ...

Miss Myanmar Joins with Disable Children to Make Clay Cartoons for Donation

Kyaw Thu Urges People Not Follow Rumors As Donation Holds for Victims in...

ချင်း သူရဲကောင်း ဆလိုင်း တင်မောင်ဦး၏ အောက်မေ့ဘွယ် အခမ်းအနား ကျင်းပမည်

“ ခင်ဗျား တို့ စစ်ဖိ နပ်အောက် မှာ ဘယ်တော့ မှ ဒူး မထောက် ပါ၊ ငါ့ ခန္ဒာ ကိုယ်သာ သတ်နိုင်မှာ၊ ငါ့ ခံယူချက်၊ ငါ့ စိတ်ဓါတ် ကိုဘယ်တော့မှ ခင်ဗျား တို့ သတ်နိုင် မှမဟုတ် ” ဟု ပြောပြီး ကြိုးစင် တက် အသေခံ သွားတဲ့ ချင်း သူရဲကောင်း ဆလိုင်း တင်မောင်ဦး ၏ ၃၇ ကြိမ်မြောက် အောက်မေ့ဘွယ် အခမ်း အနား ကို အိန္ဒိယ နိုင်ငံ ဒေလီရှိ Chin Student’s Union က ဦးဆောင်ပြီး ဇွန်လ ၂၆ ရက်နေ့မှာ ကျင်းပ သွား မည်ဖြစ်သည်။ အခမ်းအနားကို ယခုလ ၂၆ ရက်နေ့တွင် Burmese Community Resource Centre (BCRC Hall), Vikas Puri , Delhi အိန္ဒိယ စံတော်ချိန် နေ့လယ် ၁၁ နာရီကနေ စတင်ကျင်းပမှာဖြစ်ကြောင်း သိရသည်။ “ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုအောက်ကနေ လွတ်မြောက်ဖို့ဆိုပြီး အသေခံသွားတဲ့ ကျတော်တို့ ချင်းသူရဲကောင်း ဆလိုင်းတင်မောင်ဦးရဲ့ စိတ်ဓါတ်၊ သတ္တိဟာ မျက်မှောက်ခေတ်ချင်းကျောင်းသားလူငယ်မကလို့ ချင်းလူမျိုးအားလုံးအတွက် စံပြုစရာပါ၊ အဲဒါကြောင့် ဒေလီမှာရှိတဲ့ ချင်းကျောင်းသားများ သမဂ္ဂ ကနေ ဦးဆောင်ပြီး နှစ်စဉ်ကျင်းပနေတာပါ” ဟု ချင်းကျောင်းသားသမဂ္ဂ ခေါင်းဆောင် ဆလိုင်း ဆန်နှင်းလျန် က ပြောသည်။ ဆလိုင်းတင်မောင်ဦးသည် ၁၉၅၁ ခုနှစ်တွင် အဘ ပူး မြဒင်၊ အမိ ပီး နှင်းမြိုင်တို့မှ တောင်ငူမြို့တွင် မွေးဖွားခဲ့ပြီး ညီနောင် ၈ ဦးအနက် အကြီးဆုံးသားဖြစ်ပြီး ရန်ကုန်တက္ကသိုလ်တွင် ပညာဆည်းပူးကာလ ချင်းစာပေနှင့် ယဉ်ကျေးမှု ကော်မီတီတွင် အတွင်းရေးမှူးတာဝန်ထမ်းဆောင်စဉ် ဆလိုင်းနဲ့ မိုင် အမည်နာမ ခေါ်တွင် သမုတ်ခဲ့သူလည်းဖြစ်သည်။ ဦးသန့်အရေးအခင်းလှုပ်ရှားမှုကြောင့် မဆလ ဦးနေ၀င်း အစိုးရက သတ္တဗေဒ ပထမနှစ် တက္ကသိုလ်ကျောင်းသားဘ၀ ၁၉၇၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် ဖမ်းဆီးခြင်းခံရပြီး တနှစ်ကျော်ကြာ ထောင်နန်းစံခဲ့သည်။ ဆလိုင်းတင်မောင်ဦးသည် ထောင်မှ လွတ်ပြီး နိုင်ငံရေး၊ အလုပ်သမား သပိတ်လှုပ်ရှားမှုတွေကို ဆက်လက်ဦးဆောင်ခဲ့သည်။ နောက်ဆုံး မှိုင်းရာပြည့်ပွဲတော် ကျင်းပရေးလှုပ်ရှားစဉ် ဆလိုင်းတင်မောင်ဦးသည် ၄င်း၏ ၂၅ နှစ်ပြည့် ၁၉၇၆ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ပြန်လည် ဖမ်းဆီးခြင်းခံရပြီး ၃ လတိတိ အကျဉ်းချခံရကာ ဇွန်လ ၂၆ ရက်နေ့ မြန်မာစံတော်ချိန်နံနက် ၄း၀၀ နာရီတိတိတွင် ကြိုးမိန့်ပေးခံခဲ့ရသည်။

မောင်စေတနာ: Android App

မောင်စေတနာ: Android App: တစ်နေ့သ၌ ကျွန်ုပ်သည် ဘလော့ကို ပို့စ်များစွာ မတင်နိုင်သည့်သကာလ အွန်လိုင်းပေါ်သို့ ရောက်ရှိခိုက်  ထွေရာလေးပါး သတင်းများကို လိုက်လံ ဖတ်ရှုနေလေတေ...

Zawgyi Font For Window 7 64 bit

window 7 64 bit တွင် Gtalk မှာ ဇော်ဂျီ တင်မရ၊ သုံးမရသည့်ပြဿနာများကို မိတ်ဆွေ တော်တော်များများက မေးမြန်းလာကြ၏။ ကျွန်ုပ်ကိုယ်တိုင်သော်လည်းကောင်း၊ အကြံဥာဏ်ပေး သော်လည်းကောင်းဖြင့် ဖြေရှင်းလျက်ရှိလေ၏။ ဆိုဒ်တော်တော်များများတွင် ရေးသားနေ သည့်အတွက် ကျွန်ုပ်၏ ဘလော့တွင် ဖော်ပြခြင်း မရှိကြောင်း ရှင်းပြရလေ၏။ သို့သော် အားလုံး၏ အဆင်မပြေမှုကို အကြောင်းပြု၍ Window 7 64 bit တွင် ဇော်ဂျီပြဿနာအား အဆင်ပြေဆုံးဖြစ်စေရန် ဖော်ပြပါ၏။ အဆင့်(၁) စက်ထဲတွင် ဇော်ဂျီရှိ၍ သော်လည်းကောင်း (သို့) Install လုပ်ထားသော်လည်းကောင်း ယခု ဆော့ဝဲကို Run ၍ Install လုပ်ပြီး ဖျက်ပါ။ အဆင့်(၂) ယခုပေးသော လင့်မှ ZawgyiL_amd64.msi ကို Install လုပ်ပါ။ Gtalk ၀င်ပြီး Setting တွင် ညာဘက်ရှိ Chane Font တွင် Zawgyi One ကို ရွေးပါ။

လက်ထပ်ဖို့ ဘာသာပြောင်းရမယ်ဆိုတာ လူအခွင့်ရေး ချိုးဖောက်မှုဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဘာသာခြား ယောက်ျားတစ်ဦးအနေနဲ့ မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကို လက်ထပ်လိုချင်ရင် ဗုဒ္ဓဘာသာဝင်အဖြစ် ပြောင်းလဲရမယ်လို့ အခုရက်ပိုင်းအတွင်း သံဃာတချို့က မိန့်ကြားနေကြတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ "ကျမတို့နိုင်ငံရဲ့ ဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးလို့ နားလည်တယ်၊ အထူးသဖြင့် ဒါတရားတော်ထဲမပါဘူးဆိုရင် ကိုယ့်နိုင်ငံရဲ့ဥပဒေနဲ့ ကိုက်ညီလား၊ မလား ကြည့်ရမှာတစ်ဖက်၊ နောက်တစ်ဖက်ကလည်း ဇင်မာအောင်တို့ ပြောသလို၊ အမျိုးသမီးအခွင့်အရေး လူ့အခွင့်အရေးဘက်က ကြည့်ရမှာပေါ့" RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မလေးရှားရောက် မြန်မာနိုင်ငံသားတွေ သေကြေဒဏ်ရာရမှုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားတွေအတွက် သက်ဆိုင်ရာသံရုံးတွေက ထိထိရောက်ရောက် တာဝန်ယူကူညီဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ "အစိုးရဆိုတာ ကိုယ့်ရဲ့လူမျိုးတွေကို နိုင်ငံသူနိုင်ငံသားတွေကို ဘယ်မှာပဲဖြစ်ဖြစ် ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်ဆိုတဲ့ ယဉ်ကျေးမှုတစ်ခု ထူထောင်ဖို့လိုတယ်၊ အလုပ်သမားတွေတင်မကဘူး၊ နိုင်ငံခြားကိုရောက်နေတဲ့ ကိုယ့်နိုင်ငံသားတွေကို စောင့်ရှောက်ရမယ်" တဆက်တည်းမှာပဲ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက သမ္မတအဖြစ် ဝင်ရောက်အရွှေးခံမယ်လို့ ဝါရှင်တန်ဒီစီမှာ ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး သဘောထားကို မေးမြန်းရာမှာတော့ အခုလိုပွင့်ပွင့်လင်းလင်း ပြောဆိုတာကို နှစ်သက်ကြောင်း ဖြေကြားခဲ့ပါတယ်။

သူမိုက်ကြီး ဦးဝီရသူ

အရှင့်ရဲ့ အဟောအပြောတွေကြောင့်ပေါ့ ဗုဒ္ဓဘာသာ လူမျိုးတွေ မူဆလင်တွေအကြောင်း ကောင်းကောင်း သိခဲ့ရတာ။ အရှင့်ကြောင့်ပေါ့ မူဆလင်တွေရဲ့ ကောက်ကြောင်းကို သိလာခဲ့ကြတာ။ အရှင့်ကြောင့်ပေါ့ မူဆလင်တွေရဲ့ ရက်စက်မူကို သိလာခဲ့ကြတာ။ အရှင်ကြောင့်ပေါ့ မူဆလင်တွေရဲ့ ယုတ်မာရက်စက်မူကိုတွေ့မြင်လာရတာ။ အရှင့်ကြောင့်ပေါ့ သူတို့ တွေရဲ့ ရုပ်လုံးတွေကို သိမြင်လာခဲ့ကြတာ။ အရှင့်ကြောင့်ပေါ့ ဗုဒ္ဓဘာသာတွေ ဘာသာရေးနိုးကြားလာတာ။ အရှင့်ကြောင့်ပေါ့ လူငယ်တွေ ဘာသာရေးစိတ်ပါဝင်စားလာတာ။ု အရှင့်ကြောင့်ပေါ့ ဗုဒ္ဓဘာသာကို ကာကွယ်ဖို့ နိုးကြားလာကြတာ။ အရှင့်ကြောင့်ပေါ့ လူမျိုးမပျောက်စေဖို့  နိုးကြားလာကြတာ။ အရှင့်ကြောင့်ပေါ့ ဗုဒ္ဓဘာသာတွေစည်းလုံးနေကြတော့မှာ။ အရှင့်ကြောင့် အရှင့်ကြောင့် အရှင့်ရဲ့ အဟော အပြောတွေကြောင့် အဟုတ်ပြောအမှန်ပြော တကယ်လုပ် အဟုတ်လုပ်တက်တဲ့ သူမိုက်ကြီး ဦးဝီရသူကြောင့်ပေါ့ ဗုဒ္ဓဘာသာနှင့် မြန်မာလူမျိုးတွေမပျောက်ပျတ်အောင် ကာကွယ်စောင့်ရှောက် နိုးကြားလာရပါတော့တယ်အရှင်ဘုရား>>>>>>>>>

သူမိုက်ကြီး ဦးဝီရသူ

အရှင့်ရဲ့ အဟောအပြောတွေကြောင့်ပေါ့ ဗုဒ္ဓဘာသာ လူမျိုးတွေ မူဆလင်တွေအကြောင်း ကောင်းကောင်း သိခဲ့ရတာ။ အရှင့်ကြောင့်ပေါ့ မူဆလင်တွေရဲ့ ကောက်ကြောင်းကို သိလာခဲ့ကြတာ။ အရှင့်ကြောင့်ပေါ့ မူဆလင်တွေရဲ့ ရက်စက်မူကို သိလာခဲ့ကြတာ။ အရှင်ကြောင့်ပေါ့ မူဆလင်တွေရဲ့ ယုတ်မာရက်စက်မူကိုတွေ့မြင်လာရတာ။ အရှင့်ကြောင့်ပေါ့ သူတို့ တွေရဲ့ ရုပ်လုံးတွေကို သိမြင်လာခဲ့ကြတာ။ အရှင့်ကြောင့်ပေါ့ ဗုဒ္ဓဘာသာတွေ ဘာသာရေးနိုးကြားလာတာ။ အရှင့်ကြောင့်ပေါ့ လူငယ်တွေ ဘာသာရေးစိတ်ပါဝင်စားလာတာ။ု အရှင့်ကြောင့်ပေါ့ ဗုဒ္ဓဘာသာကို ကာကွယ်ဖို့ နိုးကြားလာကြတာ။ အရှင့်ကြောင့်ပေါ့ လူမျိုးမပျောက်စေဖို့  နိုးကြားလာကြတာ။ အရှင့်ကြောင့်ပေါ့ ဗုဒ္ဓဘာသာတွေစည်းလုံးနေကြတော့မှာ။ အရှင့်ကြောင့် အရှင့်ကြောင့် အရှင့်ရဲ့ အဟော အပြောတွေကြောင့် အဟုတ်ပြောအမှန်ပြော တကယ်လုပ် အဟုတ်လုပ်တက်တဲ့ သူမိုက်ကြီး ဦးဝီရသူကြောင့်ပေါ့ ဗုဒ္ဓဘာသာနှင့် မြန်မာလူမျိုးတွေမပျောက်ပျတ်အောင် ကာကွယ်စောင့်ရှောက် နိုးကြားလာရပါတော့တယ်အရှင်ဘုရား>>>>>>>>>

Sunday, June 23, 2013

မွတ်စလင်နှင့် လက်ထပ်ခွင့် မပြုသောနိုင်ငံ (သို့မဟုတ်) ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြသောနိုင်ငံ (သို့မဟုတ်) စင်ကာပူ

‘ဒီနှစ်တန်ခူးအတာကူးပြီးလို့ နှစ်သစ်ရောက်ရင် ဒို့တိုင်းပြည်ကြီး တိုးတက်တော့ မယ်’ လို့ ဆရာတော်ကြီးတစ်ပါး မိန့်ကြားထားတာကြောင့် နှစ်သစ်ကို မျှော်လင့်ချက်အသစ်တွေနဲ့ ယုံကြည်စွာ စောင့်မျှော်နေမိပါတယ်။ နှစ်ဟောင်းကုန်ခါနီး မှာတော့ မိတ္ထီလာအရေးအခင်းက စခဲ့တဲ့ မြန်မာပြည် အလယ်ပိုင်းနဲ့ ပဲခူးတစ်ဝိုက်က အရေးအခင်းတွေကြောင့် ကမ္ဘာ့အလယ်မှာ ကဲ့ရဲ့စရာ အဖြစ်မျိုးတွေတော့ ကြုံခဲ့ရတာပေါ့ဗျာ။ ဥပဒေဘောင်အတွင်းကပဲ ဖြေရှင်းကြဖို့ ၀ိုင်းဝန်းတိုက်တွန်းကြတာကြောင့် ''တကယ်ပဲ လက်ရှိဥပဒေတွေ အတိုင်းဖြေရှင်းရင် လက်ရှိကြုံတွေ့နေရတဲ့ ကိစ္စတွေအားလုံးပြေလည် သွားမလား၊ လက်ရှိဥပဒေတွေက ကိုယ့်တိုင်းရင်းသူတွေကို တကယ်ပဲ ထိထိရောက်ရောက်ကာကွယ် နိုင်သလား၊ မွတ်တွေရဲ့ လူမျိုတိုက်စစ်ကြီးကို ကာကွယ်နိုင်ရဲ့လား'' လို့ စဉ်းစားမိပါတယ်။ တကယ်လို့ လူမျိုတိုက်စစ်ကြီးကို မကာကွယ်နိုင်ဘူးဆိုရင်တော့ လိုအပ်တဲ့ ဥပဒေအသစ်တွေကို အခြေခံ ဥပဒေတွေပြင်ဆင်ရေးဆွဲခြင်း နှင့် အတူ ပြင်သင့်တာပြင်၊ အသစ်ရေး သင့်တာကိုရေးပြီး ပြဋ္ဌာန်းကြဖို့ လိုအပ်မယ်လို့ ယုံကြည်မိပါတယ်။ ကျွန်တော် တို့လို ပဲ မွတ်စလင်တွေနဲ့ အတူနေရပါလျက်နဲ့ မွတ်တွေဝါးမျိုတာကို မခံရတဲ့ စင်ကာပူဟာ ဘယ်လိုအစီအမံတွေကြောင့်လဲ ဆိုတာကို ဆွေးနွေးချင်ပါတယ်။ တကယ်တော့ စင်ကာပူမှာ မွတ်စလင်နဲ့ အခြားဘာသာဝင်တွေကို လက်ထပ်ခွင့် ပေးမထားပါဘူး။ စင်ကာပူမှာ လက်ထပ်မော်ကွန်းရုံးကြီး ၂ ရုံးရှိပါတယ်။ (၁) လက်ထပ်မော်ကွန်းရုံး Registry of Marriages (ROM) http://app.rom.gov.sg/index.asp (၂) မွတ်စလင် လက်ထပ်မော်ကွန်းရုံး Registry of Muslim Marriages (ROMM) http://app.romm.gov.sg/index.asp ဆိုပြီး ရုံး ၂ ရုံး ထားရှိပါတယ်။ ပထမ ROM လက်ထပ်မော်ကွန်းရုံးက မွတ်စလင်မှ လွဲလို့ အခြားသော ဘာသာဝင်တွေအားလုံးကို လွတ်လပ်စွာ လက်ထပ်ပေးတဲ့ တရားရုံးပဲဖြစ် ပါတယ်။ ဗုဒ္ဓဘာသာ အချင်းချင်းသော်လည်းကောင်း၊ ဗုဒ္ဓဘာသာ နဲ့ ခရစ်ယာန်သော်လည်းကောင်း၊ ခရစ်ယာန်နဲ့ ဟိန္ဒူကိုသော်လည်းကောင်း ... ကျန်ဘာသာတွေအားလုံး လွတ်လွတ်လပ်လပ် လက်ထပ်ခွင့် ရှိပါတယ်။ Women’s Charter http://www.scwo.org.sg/index.php/resources အတိုင်းဆောင်ရွက်ကာ တစ်လင်တစ်မယားစနစ် ဥပဒေကို ပြဌာန်းတယ် ဆိုပါတော့ဗျာ။ အခြားဘာသာဝင်အားလုံး တစ်လင်တစ်မယားစနစ်ပဲ ကျင့်သုံးခွင့်ပေးထားပါတယ်။ ဒါပေမယ့် ဒီတရားရုံးမှာ လက်ထပ်မယ်ဆိုရင် မိမိဟာ မွတ်စလင်မဟုတ်ကြောင်း ထွက်ဆိုရပါတယ်။ မောင်နှံ နှစ်ယောက်စလုံး တစ်ယောက်မှ မွတ်ဖြစ်လို့ မရပါဘူး။ မွတ်အ၀င် မခံဘူးလို့ အလွယ်ပြောလို့ရပါတယ်။ ဒုတိယ ROMM မွတ်စလင်လက်ထပ်မော်ကွန်းရုံး ကတော့ မွတ်စလင်အချင်းချင်းကိုပဲ လက်ထပ်ပေးပါတယ်။ အခြား ဘာသာဝင်အမျိုးသမီး ခေါ်လာလို့ မရဘူးပေါ့ဗျာ။ (ဒီလင့်မှာလည်း http://en.wikipedia.org/wiki/Matrimonial_law_of_Singapore လေ့လာနိုင်ပါတယ်။) ဒါဆိုရင် .. ဆိုပါတော့ .. မွတ်တစ်ယောက်က ဗုဒ္ဓဘာသာအမျိုးသမီး တစ်ယောက်ကို လက်ထပ်ချင်ရင်ဘယ်လိုလုပ်မလဲ .. ? အဖြေက 'လက်ထပ်ခွင့် မရှိ'တဲ့.. ။ ဒါကိုမှ လက်ထပ်ချင်ရင် နည်း ၂ နည်းတော့ ရှိပါတယ်။ (၁) မွတ်က ဗုဒ္ဓုဘာသာကိုပြောင်းပြီး ပထမ ROM လက်ထပ်မော်ကွန်းရုံးမှာ လက်ထပ်ရမယ်။ (သို့မဟုတ်) (၂) ဗုဒ္ဓုဘာသာအမျိုးသမီးက မွတ်ဘာသာကို ၀င်ပြီး ဒုတိယ ROMM မွတ်စလင်လက်ထပ်မော်ကွန်းရုံးမှာ လက်ထပ်ရမယ်။ .. ဟာ ... ဒါဆိုဘာထူးမှာလဲကွာ .. မွတ်က ဗုဒ္ဓုဘာသာအမျိုးသမီးကို မွတ် ဘာသာထဲ ၀င်ခိုင်းပြီး လက်ထပ်မှာပေါ့ကွာ လို့ စောဒကတက်နိုင်ပါတယ်။ .. ဒီလိုရှိပါတယ် ..။ ကျွန်တော်တို့ ဆီမှာ ကျတော့ မွတ်က မြန်မာမ တစ်ယောက် ကို ''လူကိုပဲယူပါ။ ယူပြီး မင်းလည်းမင်းဘာသာကို ကိုးကွယ်၊ ငါလည်း ငါ့ဘာသာကို ဆက်ကိုးကွယ်မယ်'' ဆိုပြီး လက်ထပ်ပါတယ်။ ယူပြီးနည်းနည်း ကြာမှ နည်းမျိုးစုံးသုံးပြီး မွတ်ဘာသာထဲ ၀င်ခိုင်းတယ်ပေါ့ဗျာ။ ဒီအချိန်မှာ နှိပ်စက်ရင် တရားရုံးမှာ တိုင်နိုင်တယ်ဆိုပေမယ့် ... ဒီအခြေအနေရောက် မှတော့ တိုင်ပါတော့မလား ...။ တိုင်လိုက်လို့ ဖမ်းပြီဆိုရင်တောင် သူ့ရဲ့ ပကတိအပျိုစင်ဘ၀ကို ပြန်ရပါဦး မလား? ဒီတော့ ဒီအခြေအနေရောက်မှတော့ မတိုင်တော့ဘူးပေါ့ဗျာ... သူတို့ဘာသာထဲပဲ ၀င်လိုက်တော့တာပေါ့။ တကယ်တော့ မွတ်စလင်အမျိုးသား တစ်ယောက်က သူ့အမျိုးသမီးက အခြားဘာသာ ဖြစ်နေရင် မွတ်ဘာသာထဲကို ရအောင်သွတ်သွင်းရပါတယ် .. မသွင်းနိုင်ရင် သူဟာတာဝန်မကျေဘူးပေါ့ဗျာ။ ဒီသဘောကို ကောင်းကောင်းနောကြေတဲ့ စင်ကာပူသားတွေက လိမ်ယူပြီး သူတို့အိမ်ရောက်မှ ဘာသာပြောင်းခိုင်းမယ့် အစား အစကတည်းက ရအောင်ပြောင်းခိုင်းနိုင်မှ ယူခွင့်ပြုပါတယ်။ … မယူခင်ဘာသာပြောင်းခိုင်းဖို့ ဆိုတာကြတော့ မွတ်အိမ်ထဲရောက်မှ ဘာသာပြောင်းခိုင်းရတာလောက် မလွယ်တော့ဘူးဗျ။ မိန်းကလေးဘက်က အလိုလိုနေရင်းစဉ်းစားစရာပို များသွားစေပါတယ်။ လူလည်းယူရမယ်? .. ဘာသာလည်းပြောင်းရမယ်? ။ ဒီလိုဆိုတော့ မိဘတွေ၊ အသိုင်းအ၀ိုင်းတွေဘက်ကလည်း ပိုအချိန်ရသွား တာပေါ့ဗျာ။ ဒါကို အချိန်ဆွဲနိုင်ဖို့ စင်ကာပူသားတွေက ဒီနေရာမှာ တစ်ဆင့်ခံ ထားပြန်သေးသဗျ။ ဘာသာပြောင်းမယ်ဆိုရင်တောင် ချက်ချင်းပြောင်းလို့ မရဘူး။ အခြေခံ မွတ်ဘာသာသင်တန်းတွေ .. ဘာတွေတက်ခိုင်းသေးတယ် .. အဓိပ္ပါယ်က သူတို့ဘာသာကို အသေအချာမြည်းကြည့်ပြီး၊ ပြန်စဉ်းစားပြီးမှ၊ ကိုယ့်ဘာသာနဲ့ သေသေချာချာနှိုင်းယှဉ် စဉ်စားပြီးမှ ၀င်ပါဆိုတဲ့ သဘောပါ။ .. ဒီမှာတင် သတို့သမီးတစ်ချို့က ပြန်စိတ်ပြောင်းသွားတာပေါ့ဗျာ။ ဒီတော့ ဒီမှာလို သူတို့ဘာသာထဲ မ၀င်ဝင်အောင်ရိုက်နှက်ရတာတို့၊ ဘုရားပုံတော်ကို နင်းပြီး ပြောင်းခိုင်းရတာတို့ ဆိုတဲ့ ဖြစ်ရပ်မျိုးတွေ စင်ကာပူ မှာ မဖြစ်တော့ဘူးပေါ့ဗျာ။ ကိုယ့်ဘာသာကို စွန့်ခွာပြီး မွတ်ဘာသာကို ပြောင်းကာ မွတ်ကုလားနဲ့ သွားလက်ထပ်တယ်ဆိုတဲ့ စင်ကာပူ ဗုဒ္ဓုဘာသာ အမျိုးသမီး အရေအတွက်ဟာ အင်မတန်နည်းပါတယ်။ ဒီနေရာမှာတော့ ဥပဒေကြောင့် အပြင် နဂိုကတည်းက လူမျိုး၊ ဘာသာချစ်စိတ် အခြေခံကောင်း တဲ့ စင်ကာပူ တရုတ်အမျိုးသမီးတွေကိုလည်း ချီးကျူးရမှာပေါ့ဗျာ။ မွတ်တစ်ချို့ကတော့ အမျိုးသမီးကို စည်းရုံးလို့ မရတဲ့အခါမှာ သူတို့ကိုယ်သူတို့ အခြားဘာသာပါလို့ လိမ်ညာပြီး ROM လက်ထပ်ရုံးမှာ လက်ထပ်တာ ရှိပါတ ။ .. ဒါဆိုကော ဘာထူးသေးလဲကွာ .. ဆိုရင် .. မတူတဲ့ အချက်က အဲဒီအမျိုးသမီး ကို မွတ်ဘာသာထဲ ၀င်ခိုင်းလို့ မရတော့ပါဘူး။ အတင်းအကြပ် ၀င်ခိုင်းခဲ့ရင် သူ့ကိုယ်သူ အခြားဘာသာပါလို့ ရုံးတော်မှာလိမ်ငြာ ထွက်ဆို တာက တစ်မှု၊ မွတ်ဘာသာထဲကို အတင်းအကြပ်ဝင်ခိုင်းတာက တစ်မှုဆိုတော့ အမှုနှစ်မှု ဖြစ်မယ်ပေါ့ဗျာ။ ဒီအပြင် ROM လက်ထပ်ရုံးမှာ လက်ထပ်လိုက်ပြီ ဆိုတာနဲ့ နောက်တစ်ယောက်တော့ လုံးလုံးလျားလျားယူလို့ မရတော့ပါဘူး။ အမွေဆက်ခံမှုတွေက အစ မွတ်ထုံးစံကို လိုက်လို့မရတော့ပါဘူး။ ဒါဆို .. ဟုတ်ပါပြီ .. မွတ်အချင်းချင်း ၄ယောက်ယူပြီး လူနဲ့ မျိုမယ်ဆိုရင်ကော ?? … ဆိုတော့လည်း .. အလွယ်တကူ နောက်တစ်ယောက်ထပ်ယူလို့ မရအောင် ဥပဒေကို ပညာသားပါပါ ပြဋ္ဌာန်းတားမြစ်ထားပါတယ်။ ဒီနေရာမှာ ROMM မွတ်စလင်လက်ထပ်မော်ကွန်းရုံးကို MUSLIM LAW ACT နဲ့ အုပ်ချုပ်ပါတယ်။ မွတ်တွေကို ၄ ယောက်ယူခွင့်ပေးတယ်ပေါ့ဗျာ ... ဒါပေမယ့် တကယ်ယူဖို့ မလွယ်ဘူး။ နောက်တစ်ယောက်ယူချင်တယ်ဆိုတာနဲ့ နောက် တစ်ယောက်ကို ကျွေးနိုင်လောက်အောင်ချမ်းသာကြောင်း ပိုင်ဆိုင်မှုတွေ အကုန်ပြရပါတယ်။ ဒါဟာ ဘာကို တားလိုက်တာလည်း ဆိုတော့ သာမာန် လူတန်းစားနဲ့ ဆင်းရဲသားမွတ်တွေ နောက်မိန်းမယူခွင့် မရှိဆိုတာကို သွယ်ဝိုက်သောနည်းနဲ့ တားလိုက်တာပါ။ ယူခွင့်ရှိတဲ့ မွတ်အရေအတွက် အလိုအလျောက်နည်းသွားတာပေါ့ဗျာ။ ဒါဆိုသူဋ္ဌေးမွတ်တွေ လွတ်လွတ်လပ်လပ်ယူမှာပေါ့ ဆိုပြန်တော့လည်း ... ဒီလို ‘ထစ်’ထားပြန်တယ်။ နောက်တစ်ယောက်ယူမယ်ဆိုတာနဲ့ တရားရုံးမှာ လျှောက်ရပါတယ်။ ဒီအခါမှာ တရားရုံးက ဘာလုပ်သလဲဆိုတော့.. Kadi လို့ ခေါ်တဲ့ အရာရှိက .. ပထမ မိန်းမရော၊ နောက်ယူမယ့် မိန်းမကော နှစ်ယောက်စလုံးကို သီးခြားစီခေါ်ယူတွေ့ဆုံပြီး အသေးစိတ် အင်တာဗျုးပါတယ်။ လက်ရှိမိန်းမကို အဓိကမေးတာက နောက်တစ်ယောက်ယူတာကို မင်းသဘောတူရဲ့လား? လက်ခံနိုင်ရဲ့လား? နောက်တစ်ယောက်ရောက်လာရင် မင်းစိတ်ချမ်းသာမှာ သေချာရဲ့လား ? ခြိမ်းခြောက်ထားလို့ သဘောတူနေရတာလား? ဆိုတာတွေကို ခရေစေ့တွင်းကျ မေးတယ်ပေါ့ဗျာ။ သူက ‘NO’ ဆိုရင်ယူခွင့် မရှိပါဘူး ... ဘယ်လိုလဲ? မွတ်မတွေ သိပ်သဘောထားကြီးမယ်ထင်သလား? ကျွန်မယောက်ျား နောက်မိန်းမတစ်ယောက်ထပ်ယူမှာကို သိပ်ပျော်တာပဲလို့ ဖြေမယ်ထင်သလား? ... အိုစမာဘင်လာဒင်ကို ခြေရာခံမိသွားတာဟာ သူ့ရဲ့ ပထမ မယားကြီးရဲ့ သတင်းပေးချက်ကြောင့်ပါလို့ စီအိုင်အေအရာရှိတစ်ဦးက ၀န်ခံ ပြောဆိုသွား ခဲ့ပါတယ်။ အငယ်ဆုံးမိန်းမကို ဂရုစိုက်လွန်းတာကို သည်းမခံနိုင်တော့လို့ ကိုယ့်ယောက်ျားကို သတ်မယ့်သူကိုတောင် မိတ်ဖွဲ့နိုင်တာကို ကြည့်လိုက်ရင် မွတ်စလင် အမျိုးသမီးတွေ မယားကြီး၊ မယားငယ်လုပ်ရတာကို မပျော်ပိုက်ကြဘူးဆိုတာ ထင်ရှားပါတယ်။ ဒါကို အသေအချာနားလည်တဲ့ စင်ကာပူသားတွေက မင်းတို့ရဲ့ ‘မယားကြီးရဲ့ သဘောတူလက်ခံမှု’ ရရင် နောက်မိန်းမတစ်ယောက်ထပ်ယူပါ ဆိုတာဟာ 'မယူနဲ့’ လို့ ပညာသားပါပါ တားထားတဲ့ ဥပဒေတစ်ရပ်ပဲ ဖြစ်ပါတယ်။ အခြားအသေးစိတ် အချက်အလက်တွေကို ဒီလင့်မှာ [http://policy.mofcom.gov.cn/english/flaw!fetch.action?id=bfd32cf9-e1e7-4378-8455-beb6d4f28c16&pager.pageNo=7#934446910-002016] ဖတ်ကြည့်နိုင်ပါတယ်။ ၁၉၆၆ မှာ စတင်ပြီး တင်းကျပ်စွာရေးဆွဲကာ ကျပ်ကျပ်မတ်မတ်ဆောင် ရွက်လိုက်တာ ၁၉၇၀ နဲ့ ၁၉၇၄ အကြားမှာ လက်ထပ်ကြတဲ့ မွတ်အတွဲပေါင်း ၁၃,၁၂၃ မှာ ၃၅ ယောက်ပဲ မိန်းမတစ်ယောက်ထက်ပိုယူပါတော့တယ်။ ယနေ့အခါမှာ တော့ မိန်းမတစ်ယောက်ထက်ပိုယူတဲ့ စင်ကာပူမွတ်စလင် ဆိုတာ မရှိသလောက်တောင် ရှားသွားပြီ ဖြစ်ပါတယ်။ နောက်တစ်ခါ .. ဟုတ်ပါပြီ .. မိန်းမတစ်ယောက်ယူပြီး ကလေး တစ်ဒါဇင်လောက်မွေးနေရင်ရောလို့ စောဒကတက်နိုင်ပါသေးတယ်။ ဒါကိုလည်း သမ္မတကြီး လီကွမ်ယုက ၁၉၇၀ ခုနှစ်မှာ ‘Stop at Two’ ဆိုတဲ့ မူဝါဒကို ချမှတ်အကောင်အထည်ဖော်ခဲ့ပါတယ်။ မွတ်အပါအ၀င် မိသားစု အားလုံး ကလေး ၂ယောက်ထက်ပို မွေးခွင့်မရှိဘူးပေါ့ဗျာ။ ဒီလိုဆိုတော့ မွတ်တွေအနေနဲ့ မိန်းမကလည်း တစ်ယောက်ထက်ပို မယူရ၊ ကလေးကလည်း ၂ယောက်ထက်ပို မယူရဆိုတော့ သူတို့ ရဲ့ လူမျိုစီမံကိန်းကြီး လုံးဝရပ်ဆိုင်းသွားလေသတည်းပေါ့ဗျာ။ [ယခုအချိန်မှာတော့ စင်ကာပူဟာ ချမ်းသာနေပြီမို့ Stop at two ပေါ်လစီကို ဆက်လက် မကျင့်သုံးတော့ပါဘူး။ ကလေးပြန်မွေးခိုင်းပါပြီ။ ဒါပေမယ့် လူဦးရေအချိုးကိုတော့ သေသေချာချာ စောင့်ကြည့်နေပါတယ်။] ကျွန်တော့်တို့မြန်မာတော်တော်များများက မွတ်ဆိုရင် ကလေးယူနှုန်းတားခွင့်မရှိလို့ ပဲ သိကြတဲ့သူများပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ မိန်းမ ၄ ယောက်ယူသလိုပါပဲ။ တန်းတူထား ရင်ယူခွင့်ရှိတယ် လို့ပဲ ပြောထားတာပါ။ ကလေးမွေးတဲ့ကိစ္စလည်း ဒီသဘောပါပဲ ။ သူတို့ဘာသာမှာ ကလေးများများယူတာကို အားပေးတယ်ပဲ ပြောထားပါတယ်။ လုံးဝတားမြစ်ခွင့်မရှိလို့ ပိတ်ပင်ထားတာမဟုတ်ပါဘူး။ ဒါကြောင့်လည်း အခုအခါမှာ မွတ်စလင်နိုင်ငံ တော်တော်များများမှာ သားဆက်ခြား စီမံကိန်းတွေကို ဆောင်ရွက်လာနေကြပါပြီ။ ဒီနေရာမှာ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ သားဆက်ခြား စီမံကိန်းအကြောင်း အနည်းငယ် ဝေဖန်ဆွေးနွေးချင်ပါတယ်။ ကျွန်တော်တို့ ဆီမှာ တစ်မိသားစု ကလေး ဘယ်နှစ်ယောက်လို့ အတိအကျသတ်မှတ် လိုက်ပြီလို့တော့ မကြားမိသေးပါဘူး။ ကျေးရွာတွေမှာ ဆရာဝန်၊ ဆရာမတွေ က ရွာသူရွာသားတွေကို သားဆက်ခြားဖို့ နားချကြပါတယ်။ မြန်မာတွေရဲ့ ထုံးစံအတိုင်း ပြောတဲ့စကားကို နားထောင်ကြတဲ့ အတွက် တားဆေးသုံးလာ ကြပါပြီ။ ဒါပေမယ့် မွတ်ရွာတွေမှာကျတော့ သူတို့ဘာသာက မတားခိုင်းဘူး ဆိုပြီး သိပ်မသုံးကြပါဘူး။ ဒီအတိုင်းဆက်သွားကြရင် တစ်ချိန်မှာ မြန်မာတွေနည်းပြီး မွတ်တွေများတဲ့ အနာဂတ်မြန်မာနိုင်ငံ ဖြစ်လာနိုင်ပါတယ်။ တစ်မိသားစု ကလေး ၄ ယောက်ဆို ၄ ယောက် .... စသဖြင့် တိတိကျကျ သတ်မှတ်ဖို့ လိုပါတယ်။ ဆရာဝန်၊ ဆရာမတွေရဲ့ အပြစ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အုပ်ချုပ်သူတွေနဲ့ နိုင်ငံရေး သမားများအားလုံး သေသေချာချာ လေးလေးနက်နက် စဉ်းစားချင့် ချိန်ပြီး တိကျတဲ့ မူဝါဒတွေချမှတ်ဖို့ လိုပါတယ်။ ရှေးယခင်ကာလတွေတုန်းက ‘အိမ်ထောင်၊ သားမွေး’ဆိုတာ လူမှုရေးကိစ္စသက်သက် ဖြစ်ခဲ့ပေမယ့် ယခု အခါမှာတော့ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးမက တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာနဲ့ပါ သက်ဆိုင်နေပြီဆိုတာကို သတိထားမိဖို့ လိုပါတယ်။ လက်ရှိကျွန်တော်တို့ နိုင်ငံမှာ ထွန်းကားလာတဲ့ အမျိုးသားရေးစိတ်ဓါတ်နဲ့ ပတ်သက်လို့လည်းဆွေးနွေးချင်ပါတယ်။ တကယ်တော့ ဒီအမျိုးသားရေး ၀ါဒဟာ ၁၉ ရာစုနဲ့ ၂၀ ရာစုမှာ အကြီးအကျယ်ထင်ရှားခဲ့ပါတယ်။ ဒီမျိုးချစ် စိတ်တွေပြင်းထန်ခဲ့တဲ့အတွက် ဥရောပသားတွေဟာ သူတို့လူမျိုးကောင်းစား ဖို့အတွက် ကမ္ဘာကို ကျွန်ပြုခဲ့တယ်ဆိုပါတော့။ ဟစ်တလာလို သိပ်အစွန်ရောက်သူတွေပေါ်လာတော့ ကမ္ဘာစစ်ကြီးတွေဖြစ်ပြီး ပြာကျခဲ့ကြပါတယ်။ စစ်ကြီးတွေပြီးတော့မှ ပြန်စဉ်းစားကျတော့ .. အော် မျိုးချစ်စိတ်တွေကြောင့် ငါတို့တွေ စစ်ဖြစ်ခဲ့ကြတာလို့ တွေးမိပြီး မျိုးချစ်စိတ်တွေ ကို အပြစ်မြင်ကာ ပြန်လျှော့ချကြတယ်ပေါ့ဗျာ။ ဒီနေရာမှာ ကျွန်တော်တို့ မြန်မာတွေ သံယောင်မလိုက်မိဖို့ လိုပါတယ်။ ကျွန်တော်တို့ နဲ့ သူတို့နဲ့က သမိုင်းကြောင်းချင်း မတူပါဘူး။ မြန်မာပြည်ဟာ သီပေါမင်းလက်ထက်မှာ ပါတော်မူတယ်ဆိုပေမယ့် အဓိကတာဝန်ရှိတာ မင်းတုန်းမင်းပါ။ သူလက်ထက်မှာ ပြင်ဆင်ဖို့ အချိန်ရပေ မယ့် တရားဝင်မိဖုရား ၆၀ အပြင် မောင်းမမိဿံ၊ မိဖုရားငယ်အပါအ၀င် မိန်းမ ၁၀၀ ကျော်နဲ့ အပျော်ကျုးနေတော့ တိုင်းပြည်အတွက် ပြင်ဆင်ဖို့ သတိမရနိုင် ဘူးပေါ့ဗျာ။ မင်းတုန်းမင်းသာ ကနောင်မင်းသားကြီး တစ်ဝက်လောက် တိုင်းပြည် အတွက် စိတ်ဝင်စားခဲ့ရင်၊ အမျိုးသားရေး ပေါ့ပေါ့မတွေးခဲ့ရင် သီပေါလို အရည်အချင်းမရှိသူ ဘုရင်တက်ဖြစ်ပြီး ပါတော်မမူနိုင်ဘူးပေါ့ဗျာ။ လက်နက်ချင်းကွာလို့သက်သက် ရှုံးတာမဟုတ်ပါဘူး။ [သီပေါမင်းသား ၁၆ နှစ်မှာ မင်းဖြစ်သလို အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ချူလာလောင်ကောင် မင်းသားဟာ အသက် ၁၄နှစ် နဲ့ သီပေါဘုရင်နဲ့ မရှေးမနှောင်းမှာ ဘုရင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တိုင်းပြည်ကို အပြည့်အ၀စိတ်ဝင်စားပြီး အသေအချာ ဥာဏ်ကစားနိုင်ခဲ့တော့ ပြင်သစ်လက်ကလွတ်သလို အဂ๎လိပ်လက်ကလည်း လွတ်ခဲ့ပါတယ်။] ဒီတော့ ဥရောပသားတို့က မျိုးချစ်စိတ်ပြင်ထန်ခဲ့လို့ နယ်ချဲ့တွေဖြစ်ခဲ့ချိန်မှာ ကျွန်တော်တို့က အမျိုးသားရေးပေါ့ပေါ့တွေးခဲ့ကြလို့ သူ့ကျွန်ဖြစ်ခဲ့ကြပါတယ်။ ဗိုလ်မင်းရောင်တို့၊ ၀န်းသိုစော်ဘွားကြီးတို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးဆောင်ခဲ့တဲ့ ကျွန်တော်တို့ ဘိုးဘွားတွေသာ ‘မဟာလူသားဆန်ဝါဒ’ ကျင့်သုံးပြီး British လည်းလူပဲ၊ မြန်မာလည်းလူပဲ .. လူ လူချင်းအုပ်ချုပ်တာ အရေးမကြီးဘူးလို့ တွေးခဲ့ကြရင် ကျွန်တော်တို့ အခုထိတောင် လွတ်လပ်ရေး ရဦးမှာ မဟုတ်သေးပါဘူး။ ဒါကြောင့် ဥရောပသားတွေအတွက် မျိုးချစ်စိတ်ဟာ အဆိပ်ဖြစ်ခဲ့တယ် ဆိုရင်တောင် ကျွန်တော်တို့အတွက် ကတော့ ဆေးလို့ပဲ ယုံကြည်ပါတယ်။ တကယ်တော့ သူတို့တတွေက မျိုးချစ်စိတ်များလွန်းနေတာ ဖြစ်ပြီး၊ ကျွန်တော်တို့တတွေက နည်းလွန်းနေတာပါ။ ဒီနေရာမှာ ဆရာတော်များက အမျိုးသားရေးစိတ်ဓါတ်များ မွေးကြဖို့၊ ကိုယ့်လူမျိုး၊ ဘာသာဝင်အချင်းချင်းချစ်ကြဖို့ ဆုံးမတာကို ခါးခါးသီးသီး ဖြစ်ကြတဲ့ မြန်မာတွေကို တွေ့လို့ အံ့အားသင့်မိပါတယ်။ ဆန့်ကျင်ပြောဆိုသူတွေကိုချည်းပဲ အံ့သြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာတွေရဲ့ နားမှာ မျိုးချစ်စိတ်ဆိုတာကို အင်မတန်စိမ်းနေကြတာကို တွေ့မိလို့ပါ။ (အစွန်းရောက် မျက်ကန်းမျိုးချစ်မျိုးကို အားမပေးသလို ကောက်ရိုးမီး မျိုးချစ်စိတ်မျိုးကိုလည်း အားမပေးပါ။) မျိုးချစ်စိတ်ဆိုတာ ကျွန်တော်တို့ တစ်နိုင်ငံတည်းများ ကွက်ပြီး ပျောက်ဆုံးနေသလားလို့တောင် စဉ်းစားမိပါတယ်။ တကယ်တော့ ဘာသာခြား၊ လူမျိုးခြား တော်တော်များများ ဟာ ကလေးဘ၀ကတည်းက ကိုယ့်လူမျိုးကို ချစ်ကြဖို့၊ စည်းလုံးကြဖို့ သွန်သင်ခံခဲ့ကြရပါတယ်။ သူတို့လူမျိုးသူတို့ ချစ်ရမယ်ဆိုတာကို ဘယ်သူကမှ ကြီးလာမှ တစ်ကူးတစ်က ထပ်ပြီးသင်နေစရာ မလိုအောင်ကို သိကြပါတယ်။ စင်ကာပူမှာလည်း ဒီအတိုင်းပါပဲ။ စင်ကာပူ တရုတ်အမျိုးသမီးတွေဟာ သူတို့ နဲ့လူမျိုးတူ၊ ဘာသာတူတွေကို ပဲ ယူကြတာများပါတယ်။ သေသေချာချာပြန်စဉ်းစားကြည့်ရင် စင်ကာပူဆိုတာ မြို့သေးသေးလေးပါဗျာ။ မလေးရှားနဲ့ အင်ဒိုနီးရှားလို မွတ်စလင်နိုင်ငံကြီး ၂ နိုင်ငံရဲ့ အလယ်နားမှာ နေရတဲ့ မြို့လေးတစ်မြို့ပါ။ ‘မွတ်စလင်ပတ်လည် ၀န်းရံနေသောမြို့ကို စင်ကာပူဟုခေါ်သည်’ လို့တောင် ပြောလို့ ရပါတယ်။ တကယ်လို့များ ... - စင်ကာပူသားတွေသာ သူတို့ခြံစည်းရိုးကို အသေအချာမကာရံခဲ့ကြရင် ... - စင်ကာပူအစိုးရကသာ မွတ်တွေရဲ့ မျိုးပွားနှုန်းထိမ်းချုပ်တဲ့ ဥပဒေတွေကို ပညာသားပါပါ မပြဋ္ဌာန်းထားခဲ့ရင် … - စင်ကာပူတရုတ်အမျိုးသမီးတွေသာ လင်ယူပက်စက်ခဲ့ကြရင် … ....... ''Islamic Republic of Singapore'' ဆိုတဲ့ နိုင်ငံသစ်တစ်နိုင်ငံဟာ ဒီကမ္ဘာမြေမှာ ပေါ်ထွန်းလာခဲ့တာ အတော်လေးတောင်ကြာနေလောက်ပါပြီ။ စင်ကာပူမှာ လက်ရှိမွတ်စလင် ၁၅ % ရှိပါတယ်။ ၁၉၆၅ မှာ လွတ်လပ်ရေး ရခဲ့တဲ့ စင်ကာပူဟာ လွတ်လပ်ရေးရခါစတုန်းကလည်း မွတ်စလင် ၁၅% ၊ အခုလည်း ၁၅% ပါ။ မွတ်ရာခိုင်နှုန်းတွေလုံးဝ တိုးမလာပါဘူး။ စင်ကာပူသားတွေဟာ အခုလိုကမ္ဘာကတောင် လေးစားရအောင် ချမ်းသာ ကြီးပွား တိုးတက်အောင် ဆောင်ရွက်နိုင်ရုံမက မွတ်စလင်တွေရဲ့ လူမျိုတိုက်စစ်အောက်မှာ ၀ါးမျိုမှုကို မခံခဲ့ကြရဘူးဆိုတာဟာ အစိုးရနဲ့ ပြည်သူ လက်တွဲညီညီ ဆောင်ရွက်နိုင်ခဲ့လို့ပါ။ အစိုးရက လိုအပ်တဲ့ ဥပဒေပြဋ္ဌာန်း ကာကွယ်နေချိန်မှာ ပြည်သူတွေကလည်း ကိုယ့်လူမျိုးတူ၊ ဘာသာတူချင်း အားပေးခဲ့ကြ၊ လက်ထပ်ခဲ့ကြပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံမှာလည်း လူမျိုး၊ ဘာသာ၊ သာသနာ မကွယ်ပျောက်ရလေအောင် ပြည်သူပြည်သားတွေဘက်ကလည်း အမျိုးသားရေးစိတ်ဓါတ်တွေ ပြန်လည်နိုးကြားကြဖို့ လိုသလို အစိုးရအနေ နဲ့လည်း ကိုယ့်လူမျိုး၊ ဘာသာ၊ သာသနာကို ရေရှည်တည်တံ့အောင် ထိမ်းသိမ်းကာကွယ်ပေးနိုင်မယ့် လက်တွေ့ကျတဲ့ ဥပဒေအသစ်တွေ ပြဌာန်းပေးနိုင်ပါစေလို့ နှစ်သစ်ဦးမှာ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ လူမျိုး၊ ဘာသာ၊ သာသနာ အဓွန့်ရှည်တည်တံ့ပါစေလို့ ဆန္ဒပြုလျက် -

Thursday, June 20, 2013

kozaw357 ရဲ.စိတ်ကူးအိမ်မက်များ


kozaw357 ရဲ.စိတ်ကူးအိမ်မက်များဆိုတဲ. website ကိုအဖွဲ.၀င်တွေကိုမိတ်ဆက်ပေးချင်ပါတယ်။ website လိပ်စာကတော. http://kozaw357.multiply.com/ ပါ။ ကွန်ပျူတာ နည်းပညာနဲ.ပတ်သက်တဲ. website တစ်ခုဖြစ်ပါတယ်။

အင်တာနက်ဂျာနယ်

http://www.myanmarinternetjournal.com/ အင်တာနက်ဂျာနယ်ဆို အတော်များများသိပြီးသားဖြစ်မှာပါ။ အင်တာနက်နဲ.ပတ်သက်တဲ.သီတင်းတွေ ၊ကွန်ပျူတာ နဲ.ပတ်သက်တဲ.ထုတ်ကုန်တွေအကြောင်း ၊ ကားနဲ. တယ်လီဖုန်းတွေအကြောင်း စုံလင်စွာဖော်ပြထားပါတယ်။

ဈေးကွက်ဂျာနယ်


http://www.zaygwet.com/ ဈေးကွက်ဂျာနယ် မှာ ဆိုရင် ပြည်တွင်းစီးပွားရေးများ ထုတ်ကုန်များကိုလေ.လာနိုင်တဲ.အပြင် နိုင်ငံတကာအရေး ၊ ကျန်းမာရေး တို.လို အခြားဝန်ဆောင်မှုများစွာကိုလည်းတွေ.ရပါတယ်။ အိမ်ခြံမြေကြော်ငြာများကိုလည်း တင်ထားပါသေးတယ်။ရိုးရာဗေဒင် လည်းပါဝင်လို. ကျွန်တော်တို.အနေနဲ. ကြည်.ရှုသင်.တဲ. website တစ်ခုအဖြစ် အကြံပြုပါရစေ။

ရန်ကုန်မီဒီယာအဖွဲ.


ရန်ကုန်မီဒီယာအဖွဲ.့ webaddress ကတော. http://yangonmedia.com/ ဖြစ်ပါတယ်။ အဓိက ကတော. ပြည်တွင်း ပြည်ပ သတင်း ၊ စီးပွားရေး သတင်းအချက်အလက် တွေကို ရေးသားတင်ပြထားပါတယ်။ သတင်း အချက်အလက်တွေ သိနိုင်ဖို. ရန်ကုန်မီဒီယာအဖွဲ.ကို ၀င်ရောက်ကြည်.ရှုဖို.အကြံပြုပါတယ်

ဝိညာဉ်သစ် မြန်မာအွန်လိုင်းစာကြည့်တိုက်

ဝိညာဉ်သစ်မြန်မာအွန်လိုင်းစာကြည်.တိုက်မှာ ဆိုရင် စာအုပ်များ ၊ကျန်းမာရေး ၊ကွန်ပျူတာနည်းပညာများကို တင်ပေးထားတဲ.အပြင် အထွေအထွေအနေနဲ. ချက်ပြုတ်နည်းများကို လည်းတင်ထားပေးပါတယ်။ စာအုပ်စာပေ စိတ်ဝင်စားသူတွေ အတွက် ကြည်.ရှုသင်.တဲ. website တစ်ခုဖြစ်ပါတယ်။ website လိပ်စာကတော. http://wntbookshelf.com/ ဘဲဖြစ်ပါတယ်။

သီချင်းနားဆင်လိုသူများအတွက်mmflash songs

website လေးမှာတော. flash သီချင်းများကို နားဆင်နိုင်ပြီး flash songs လုပ်နည်း နှင်.တကွ software များကိုလည်း စုံလင်စွာ တင်ပေးထားပါတယ်။ flash သီချင်းနားဆင်သူများအတွက် အလွန်ကောင်းမွန်တဲ. website တစ်ခုဘဲဖြစ်ပါတယ်။ website လိပ်စာကတော. http://mmflashsongs.multiply.com/ ဖြစ်ပါတယ်ခင်ဗျာ။

flashband သီချင်း ၊ ဗီဒီယို ၊ ဂိမ်းတွေ ၊ ဓါတ်ပုံတွေ ကြည်.ရှုနိုင်တဲ. websit


http://www.flashband.net/ မှာ သီချင်း ၊ ဗီဒီယို ၊ ဂိမ်းတွေ ၊ ဓါတ်ပုံတွေ ကြည်.ရှုနိုင်တဲ. website တစ်ခုဖြစ်ပါတယ်။

MyanmarMp3 Album

MyanmarMp3 Album သို.၀င်ရန် ဒီမှာနှိပ်ပါ မြန်မာသီချင်းများ ၊ နိုင်ငံတကာသီချင်းများကို ဒီ website လေးမှာ တင်ပေးထားပါတယ်။ website လိပ်စာကတော. http://myanmarmp3album.com/ ဖြစ်ပါတယ်။

ရွှေဈေး ဒေါ်လာ ဈေးတွေနဲ့ သတင်းတွေစုံတယ်နော်

ကဲ့ ဒီ တခါတော့ ယခု မျက်မှောက်လောကရဲ့ ရွှေဈေးနဲ့ ဒေါ်လာတွေရဲ့ ဈေးတွေကို သူငယ်ချင်းတို့ ရဲ့ မိဘတွေဆွေမျိုးသားခြင်းတွေကို ပြန်ပြောလို့ ရတာပေါ့ နော် ။ website လေးကတော့ www.khitluneg.org.mm ကို ၀င်ရောက်လေ့လာနိုင်ပါတယ်

word pass ကို မြန်မာလိုလေ့လာချင်သူတွေအတွက်

word pass ကို မြန်မာလို ရေးပေးထားလို့ လေ့လာချင်တဲ့ သူတွေအတွက်တော်တော် လေး ကိုကောင်းပါတယ် မြန်မာလို ရေးပေးထားတော့ ပိုလွယ်တာပေါ့။ website ကတော့ http://mmwordpress.com/ မှာ လေ့လာနိုင်ပါတယ် ။

ဘောလုံးသတင်းတွေ ကို မြန်မာဘာသာနဲ့ ဖတ်မယ်

ဘောလုံးပွဲ သတင်းတွေ ဘယ်ဘောလုံးသမားက ဘယ်ကိုပြောင်းမယ်ဆိုတဲ့ သတင်းတွေ livescore တွေ ကို ဖော်ပြပေးနေပါတယ် အပြင်က နေ ဂျာနယ် ကို တစောင် ၄၀၀ နဲ့ ၀ယ်ဖတ်နေစရာမလိုတော့ ပါဘူး အင်တာနက် မှာ ကိုယ့် ကြိုက်တဲ့ အချိန် ၀င်ကြည့်လို့ ရတယ် chat လို့လည်းရတယ် ပြီးရင် ကိုယ့်ကြိုက်တဲ့ ဘောလုံးသမားတွေ ရဲ့ အကြောင်းတွေ ကို မြန်မာလိုရေးပေးထားတော့ အဆင်ပြေတာပေါ့။ webiste ကတော့ www.soccermyanmar.com လေးပါ

မန်မာပြည်မှာပထမဆုံးတင်ခဲ့တဲ့ potral ဝက်ဆိုက်


ဒီဆိုဒ်လေး ကိုလည်း သွားရောက်လေ့လာနိုင်ပါတယ် သူထဲ မှာဆိုရင်တော့ music , news , movie စတဲ့ အပြင် အခြား သတင်းများ ကိုလည်း လေ့လာနိုင်ပါတယ် အလှအပ တွေရောပေါ့ အဲဒီဆိုဒ်လေး ရဲ့ နာမည်ကတော့ www.planet.com.mm

website အများဆုံးရှိပါတယ်......စုံမှစုံ

http://www.junctionwebpage.co.cc/

နံနက်ခင်းစကားဝိုင်း..။

လဘက်ရည်တစ်ခွက်၏ အဓိကကျသော ကျရည်ရဲ့ အရသာကို ပါးစောင်းတွင်းထည့်ကာ မျိုချလိုက်၏....။ ဆိုင်အတွင်းပိုင်း ဆောင်းဘောက်ကြီးဆီမှ ကိုညီထွဋ်၏ ""မဟာ "" သီချင်းသံစဉ်က နားစည်သို့ ခပ်ပြင်းပြင်း လာရိုက်ခတ်နေသည်....။ "" ကြီးမြတ်လေသော သမိုင်းကြောင်းတို့ အစဉ်အလာကြီးခဲ့ရာ ......မင်းတရား အနော်ရထာ ကျေးဇူးများ ဒီမြေကြီးထက်မှာ.. ဗုဒ္ဓသာသနာ အလင်းတို့ ထိန်ထိန်ညီးခဲ့ရာ...မဟာာာာာာာာာာာာ ..."" ကြားလိုက်ရသော သီချင်းစာသား၏ အဓိပ္ပါယ်ကြောင့် ကျွန်တော်နှုတ်ခမ်းတစ်ဖက်ကို ခပ်ကွေးကွေးလေး တွန့်ကာ ပြုံးလိုက်မိသည် ..။ ဒါကို မိုးသူနှင့် ငရဲက မြင်တွေ့သွားဟန်တူသည်..။ "" ဘာပြုံးတာလဲ ကျော်ကြီးရ..... ပြုံးစရာ စကားတစ်ခွန်းမှလည်း ငါတို့ မပြောရသေးပါဘူး.... မင်းအပြုံးက အဓိပ္ပါယ် တစ်ခု ခု ဆောင်နေတယ်ဆိုရင် ငါတို့ကိုလည်း မနက်ခင်း လဘက်ရည်ဆိုင် ထိုင်ရတဲ့ အရသာကို ပိုပီပြင်သွားအောင် ...အပိုတန်ဆာလေး ဆင်ပေးပါဦးကွ..."" ကျွန်တော် သူတို့နှစ်ယောက်ကို တစ်ချက်ကလေး ခပ်နက်နက် ဆိုက်ကြည့်လိုက်ပြီး....... "" ငါပြုံးတာ တခြား အကြောင်းကြောင့် မဟုတ်ပါဘူးကွာ..... သီချင်းစာသားကြောင့် ငါပြုံးမိတာပါ...ဒီသီချင်း စာသားကိုကြားမိ ပြီး ငါတို့လူမျိုးရဲ့ သမိုင်းအစဉ်အလာ ကြီးမားခဲ့ပုံနဲ့ ငါတို့လူမျိုးရဲ့ မြင့်မြတ်တဲ့ စိတ်ဓါတ်အဆင့်အတန်းတွေကို လက်တွေ့ခေတ် လူနေမှု အဆင့်အတန်းနဲ့ လက်တွေ့ခေတ်လူတွေရဲ့ ပြယုဂ်တွေ.... စိတ်ဓါတ်အဆင့်အတန်းတွေနဲ့ ယှဉ်မရအောင်ကွာခြားနေတာကို နှိုင်းယှဉ်မိလိုက်လို့ပါ....အဟက် ဟက် ဟက်..."" ""ဟ.... လုပ်စမ်းပါဦး ကျော်ကြီးရ.... မင်းတွေးလိုက်တိုင်း မင်းပြောလိုက်တိုင်း ငါတို့အတွက်အဆန်းတွေချည်းပဲ....မင်းက ကဗျာဆ ရာ လို့ကို မပြောရဘူး ...... ရေလည်အတွေးတွေ နက်တယ်..."" ""ကျွတ်!!!!!!!!!!!!!!!!!!!!!!! နေပါကွာ.... ငါ့ကို ကဗျာဆရာ ကဗျာဆရာ လို့ ထည့်ထည့် နာမ မသမုတ်စမ်းပါနဲ့...... ငါ ကဗျာဆရာ မဟုတ်ပါဘူး... ကဗျာရေးသူပါ...ကိုယ့်ကိုကိုယ် ဆရာတစ်ယောက်အဖြစ်မခံယူဝံ့သေးပါဘူး.... ငါဘာကောင်မှ မဟုတ်ပါဘူးကွာ.... နောက်ပြီး ငါလိုကောင်ကို ကဗျာဆရာလို့ သတ်မှတ်ပြီး ခေါ်နေရင်.... တကယ့် အသိပညာတွေ သုံးပြီး ရေးနေတဲ့ ကဗျာဆရာကြီးတွေ ကို အားမနာပ စော်ကားနေသလို ဖြစ်နေလိမ့်မယ်..... ဒီလိုကွ..... ငါပြုံးမိတဲ့ အကြောင်းက ငါတို့လူမျိုးရဲ့ သမိုင်းနောက်ခံနဲ့ ငါတို့ ဘိုးဘွားဘီဘင်တွေ ရှင်သန်ခဲ့တဲ့ စိတ်ဓါတ်အဆင့်အတန်း တွေကို ပြန်လေ့လာရင် ခုခေတ်လူတွေ ရှင်သန်လှုပ်ရှား ရပ်တည်နေမှု တွေဟာ..... ငါတို့ကို မွေးဖွားပေးလိုက်တဲ့ အဆင့်အတန်းမြင့်မားတဲ့ ဘိုးဘွားတွေရဲ့ ကိုယ်ကျင့်တရားတွေနဲ့ မြင့်မားတဲ့ စိတ် ဓါတ်သိက္ခာတွေကို စော်ကားနေသလို ဖြစ်နေတာကို တွေးမိလိုက်လို့ပါ..."" ""အား....ကျော်ကြီးရ...မင်းပြောပုံအရဆို ငါတို့ ခုခေတ်လူတွေကပဲ သမိုင်းနဲ့ လူမျိုးဂုဏ်ကို ဖျက်နေသလိုကြီး ဖြစ်နေပီကွ....စွပ် စွဲချက်တွေက ကြီးလှချည်းလား.... နည်းနည်းလဲ လျော့ပါဦးကွာ..."" မိုးသူက မခံချင်သောလေသံနှင့် ကျွန်တော့်အား ခပ်ဆတ်ဆတ် စကားနှင့် ပြန်ပက်လေ၏ ။ ငရဲကလည်း ထိုနည်းလည်းကောင်း သော်လေသံနှင့်..... "" အေးလေကွ ကျော်ကြီးရ.... ခုဆို အခြေခံ လူ့အခွင့်အရေးတွေ ဖော်ဆောင်မှုကို ဦးစားပေးတဲ့ ဒီမိုကရေစီ စနစ်ကိုတောင် နိုင်ငံ မှာ လက်တွေ့ကျင့်သုံးနေပြီပဲ........ လူနေမှု အဆင့်နဲ့ ခေတ်အမြင်တွေကလည်း.....အရင်ဘိုးဘွးဘီဘင်ခေတ်တွေနဲ့ သွားနှိုင်းယှဉ် လို့မရတော့ ဘူးလေကွာ..... ခုခေတ်က အိုင်တီခေတ်လေ.... ဂလိုဘယ်လ်လိုက်ဇေးရှင်း ခေတ်လေ....ကမ္ဘာကရွာကြီး ဖြစ်နေ ပြီလေ......"" ""ဟားဟားဟား...ဟားဟားဟား...."" ကျွန်တော်ငရဲ၏ စကားအဆုံးတွင် အမှန်တကယ် သဘောကျလွန်းစွာနှင့် ဟက်ဟက်ပက်ပက် အော်ရယ်လိုက်မိ၏..။ ""ဟားဟား..... ဘာလဲကွာ ဂလိုဘယ်လ်လိုက်ဇေးရှင်း ခေတ်ကြီးလို့ ပြောရအောင် ငါတို့မင်းတို့နေတဲ့ နိုင်ငံက အဲဒီ ဂလိုဘယ်လ် လိုက်ဇေးရှင်း အမြင်တွေ..... ဂလိုဘယ်လ်လိုက်ဇေးရှင်း အတွေးတွေကို ကမ္ဘာနဲ့အတူ တန်းတူရည်တူ ပြည့်ပြည့်၀၀ ထိထိမိမိ ထိတွေ့သုံးသပ် ကိုင်တွယ်နေနိုင်လို့လား....... စနစ်တွေကော လူတွေကကော မင်းပြောတဲ့ အိုင်တီ နည်းပညာကို အတွင်းကျကျ လေ့ လာသုံးစွဲနေလို့လားကွ.... သုံးနေနိုင်လို့လားကွ....ဂျီတောပ့်လေး....ဆိုရှယ်လ်ဆိုက်လေး...ဖေ့စ်ဘုတ်နဲ့ ဘလော့စပေါ့ လောက်လေး ၀င်သုံးနေတာလောက်လေးနဲ့တော့ အိုင်တီဆိုတဲ့ စကားကို မစားရ၀ခမန်း မပြောသင့်ဘူးကွ.."" ""အိုင်တီနည်းပညာဆိုတာ အကျယ်ကြီး...အဲ့အကျယ်ကြီး ကို ထုံးလိုချေ ရေလိုမနှောက်နိုင်တောင်... တော်တော်တန်တန် တီးမိ ခေါက်မိနိုင်မှ အိုင်တီခေတ်မှာနေတဲ့ အိုင်တီသမားလို့ ပြောလို့ရတာကွ....... နောက်ပြီး မဖြစ်ညစ်ကျယ် ကွန်နေရှင်းလေးနဲ့ မထိတထိ ၀င်တိုးနေရုံလောက်နဲ့ အိုင်တီသမား မဖြစ်နိုင်သလို...မပွင့်တပွင့် စနစ်လေးနဲ့ ဂလိုဘယ်လ်လိုက်ဇေးရှင်း ရွာသားတွေပါလို့ ငါတို့မင်း တို့ကို ပြောလို့မရဘူးကွ.."" ငရဲအား ကျွန်တော် ပြောလိုက်သော စကားကို မိုးသူက မျက်မှောင်ကျုတ်ပြီး အပြီးထိ နားထောင်နေရာမှ........။ "" ဟေ့ရောင် ကျော်ကြီး မင်းစကားကို ရှင်းရှင်းပြော မင်း ထွေလီကာလီတွေ စကားကို တန်ဆာဆင်ပြီး ချွေမနေနဲ့....ဒဲ့ပြော ငါနားမလည်ဘူး...."" "" နောက် ငရဲတို့ မင်းတို့ ပြောသလို ဂလိုဘယ်လ်လိုက်ဇေးရှင်းတွေ အိုင်တီတွေ ငါပြောနေတာ မဟုတ်ဘူး... ငါမေးနေတာက ငါတို့ခေတ်လူတွေက ရှေးဘိုးဘွားတွေရဲ့ စိတ်ဓါတ်အဆင့်အတန်းတွေနဲ့ ကိုယ်ကျင့်သိက္ခာတွေကို ဖျက်နေတယ်လို့ ပြောခဲ့တဲ့ စကားကို မေးနေတာ....ဂလိုဘယ်လ်တွေ အိုင်တီတွေ အိုင်ပီတွေ ငါမမေးဘူး သိလဲ မသိဘူးကွ..."" မိုးသူ၏ သူဆိုလိုချင်ရာကို အဖြောင့်အတိုင်း စကားအဖြေပြန်ပေးရန် စကားဆိုသံ အဆုံးတွင်...... ""ငါပြောမှာပါ..... မရည်ရွယ်ပဲ စကားလမ်းကြောင်းက ပြောင်းသွားလို့ပါ.....ဒီလိုလေကွာ.... ငါတို့ခုခေတ်လူတွေရဲ့စိတ်ဓါတ်အဆင့် အတန်းနဲ့ လုပ်ရပ်တွေက ငါတို့ လူမျိုးရဲ့ သမိုင်းအစက ကိုယ်ကျင့်သိက္ခာတွေကို ပျက်ဆီးစေပုံတွေက ပုံစံအမျိုးမျိုးပါပဲ.....ဥပမာ အနေနဲ့ အသေးအဖွဲ ကိစ္စလေးတွေ ဖြစ်တဲ့ ခရီးသွားကိစ္စလေးတွေကိုပဲကြည့်လေ.......အများခရီးသွား ကားပေါ်မှာ...ရထားပေါ်မှာ ..ကိုယ်နေရာရရင် ထိုင်ချင်သလို ဖြဲကားထိုင်....လူမမယ်ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်သည်....ရဟန်းသံဃာတွေကိုလည်း နေ ရာပေးရစကောင်းမှန်း မသိ....ကိုယ်နေရာရရင် ပြီးရော.. ပရဟိတဆိုတာ မသိ....ကိုယ်ချင်းစာတရား မရှိတဲ့ ပုံစံမျိုးတွေ...ဘယ် သူသေ သေ ငတေမာရင် ပြီးရော ပုံစံမျိုးတွေ....ဒီလို လူ့ကျင့်ဝတ်နဲ့ပါတ်သတ်တဲ့ အသေးအဖွဲ လူမှုဝန်ထမ်းစိတ်ကလေးတောင်မှ မရှိ တာ ...တစ်ချိန်က အင်းဝခေတ်...ကုန်းဘောင်ခေတ်...ပုဂံခေတ် က လူတွေလို သစ္စာဆိုနိုင်လောက်သည်အထိ မြဲမြံတဲ့ လူတိုင်းမှာ မရှိမဖြစ် ကျင့်သုံးနေထိုင် စောင့်ထိမ်းအပ်တဲ့.... ငါးပါးသီလဆိုတဲ့ သီလတွေကိုခိုင်မြဲအောင်ဘယ်လို စောင့်ထိမ်းပြီး နေထိုင်နိုင် ကြမ လဲ.... ဘယ်လို သူတို့လို စိတ်ဓါတ်အဆင့်အတန်းမြင့်ပြီး လူပီသအောင် နေနိုင်ကြမလဲ.....ရှေးဘိုးဘွားတွေရဲ့ မျိုးရိုးဂုဏ်ကို ထိမ်း သိမ်းစောင့်ရှောက်တဲ့ လူတွေဖြစ်ဖို့မပြောနဲ့ ဒီလို စိတ်ဓါတ်တွေကိုသာ ဆက်ပြီး ကျင့်သုံးနေကြရင် သာမန်လူစိတ်ရှိတဲ့ လူတွေ လို့တောင် ပြောလို့မရတော့ဘူး မြတ်ကြီးရ.. မင်းပဲ ငါပြောတာ စဉ်းစားကြည့်လေ..."" ""ဟေ့ရောင် ဒါကတော့ မင်းက ရှေ့ခေတ်လူနေမှုပုံစံနဲ့ ခုခေတ် လူနေမှုပုံစံ တွေမှ မတူတာကိုကွ...အစစ အရာရာက ခေတ်အလိုက် ပြောင်းလဲလာပီလေကွာ.....ပြောင်းလဲလာတဲ့ ခေတ်အတိုင်း ငါတို့က လိုက်ပါရှင်သန်ရမှာပဲလေ..... ငါတို့စိတ်တွေပါ လိုက်ပါ ပြောင်း လဲ ရမှာပဲလေ..."" "" ဟုတ်ပါတယ်..... ငါပြောနေတာ လူတွေကို ပြောနေတာပါ ငမိုးရာ..... ရုပ်ဝတ္တုပစ္စည်းတွေ လူနေမှု ဘ၀တွေ တိုးတက်လာတာ ကို ငါပြောတာ မဟုတ်ပါဘူး.... လူတွေရဲ့ ဆုတ်ယုတ်လာတဲ့ လူကျင့်တွေကို ဆိုလိုတာပါ ကိုယ်ကျင့်တွေ ပျက်ဆီးလာတာကို ပြောပြ နေတာပဲ.....ကိုယ်ကျင့်တရားဆိုတာ..... ကိုယ်က ကျင့်ရတဲ့ အမှန်ဆိုတဲ့ မှန်ကန်သော အပြုအမူကို ပြုရတယ် ဆိုတာ ပြောတာပဲကွ အေး...အဲဒီ့ အမှန်တရားဆိုတာကို ပြုကျင့်တတ်တဲ့ သူမျိုးကိုမှ လူမှန်လူစစ် လို့ ဆိုလို့ရတာပဲ...... ဒါတောင်နော်...ဒီ ကိုယ်ကျင့်တ ရား ပြည့်စုံနေရုံလောက်လေးနဲ့တင် တဆင့်မြင့်တဲ့ လူမျိုးဂုဏ်ကို မြှင့်တင်တယ်.... စောင့်ထိမ်းတယ်....စောင့်ရှောက်တယ် မခေါ် သေးဘူး ....အဲ့အတွက်ဆို ဒီထက်သော အသိအလိမ္မာနဲ့ စိတ်ဓါတ် အရည်အသွေးတွေ လိုသေးတယ်.....ဒီလိုပုံစံတွေနဲ့ ဒီလိုစိတ်ဓါတ် တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ခုခေတ်လူတချို့ရဲ့ လုပ်ရပ် ပုံစံအမျိုးမျိုးတွေဟာ..... ငါဆိုလိုတဲ့ အတိုင်း သမိုင်းအစဉ်အဆက်မှာ ငါတို့မျိုးရိုးဘိုးဘေးတွေ နေထိုင်ရပ်တည်လာတဲ့ ..... စောင့်ရှောက်လာတဲ့ ကိုယ်ကျင့်သီလ မျိုးနွယ်သိက္ခာကို ဖျက်ဆီးနေသလို ဖြစ် နေတာကို ငါပြောတာပဲကွ...."" ""မင်း စဉ်းစားကြည့်လေ ရှေးတုန်းက ရှိခဲ့တဲ့ ငါတို့ ဘိုးဘေးတွေလဲ အသိညဏ်နဲ့ သွေးသားခန္ဓာကိုယ်နဲ့တည်ဆောက်ဖွဲ့စည်း ထားတဲ့ လူတွေပဲ.....ငါတို့တွေလဲ အသိညဏ်နဲ့ သွေးသားခန္ဓာကိုယ်နဲ့ တည်ဆောက်ဖွဲ့စည်းထားတဲ့ လူတွေပဲ....ဘာများကွာလို့လဲ ...ဘာများညှိမရအောင် ထူးခြားကွဲလွဲနေတာ ရှိလို့လဲ....အေးးး ကွာသွားတာကိုရှာရင်... အဲ့ကွာသွားတာက တစ်ခုပဲ ရှိတယ်...အဲဒါ အသိညဏ်တွေပဲ....လူကလူလို မကျင့်တဲ့ အသိညဏ်တွေပဲ..ရှင်းရှင်းပြောရရင်တော့ကွာ.... ဆုတ်ယုတ်လာတဲ့ အသိတရားကို မမြှင့်တင်ကြပဲ အဲ့မှားယွင်းတဲ့ရှိရင်းစွဲအသိတရားရဲ့ ဦးဆောင်မှုကို နာခံပြီး ငါတို့မင်းတို့နဲ့ လက်ရှိကာလက လူတွေက လိုက်လုပ် နေလို့ပဲ...... တကယ်ဆိုဖြစ်သင့်တာက သူလဲ ကိုယ့်လိုပါပဲလား....သူနာကျင်သလို ကိုယ်လဲ နာကျင်နိုင်ပါသလား.....သူထိခိုက်သလို ကိုယ်လဲ ထိခိုက်နိုင်ပါသလားဆိုတဲ့ စာနာတဲ့ ကိုယ်ချင်းစာတရားထားပြီး ကိုယ်ဟာ မျိုးနွယ်ကောင်း.....ရေမြေသယံဇာတ ကောင်း တဲ့ နိုင်ငံကြီးမှ မွေးဖွား ကြီးပြင်းလာတဲ့ နိုင်ငံကြီးသားတွေ ဖြစ်တယ် ဆိုတာကို နိုင်ငံသားတိုင်းမှာ အသိဆင်ခြင်တုံတရားထားပြီး လူလိုတွေး...လူလိုနေထိုင်ရပ်တည်သင့်တာပဲ မိုးသူ........မင်းမှတ်ထားကွ...လူတစ်ယောက်ဟာ အတန်းပညာတတ် သည်ဖြစ်စေ ...မတတ်သည်ဖြစ်စေ...ဓနဥစ္စာ ကြွယ်ဝသည်ဖြစ်စေ..မကြွယ်ဝသည် ဖြစ်စေ..သူဌေးဖြစ်ပါစေ.. ဆင်းရဲသား ဖြစ်ပါစေ... အရေးမကြီး ဘူးကွ..လူဆိုတဲ့ တန်းညီ အဆင့်အတန်းက မကျသွားဘူး....မလျော့သွားဘူးကွ....အေးဒါပေမယ့် လူတစ်ယောက်ဟာ ကိုယ်ချင်းစာ တရားလို့ ပြောတဲ့ တစ်ဖက်သားအပေါ် ထားရမယ့် စာနာမှုတရား ဆိုတဲ့ အခြေခံ လူကျင့်တရားတစ်ခုမရှိရင်တော့ အဲ့ကောင် ဟာ...အဲ့လူဟာ...လူဖြစ်ဖို့ မပြောနဲ့ အဟိတ်တိရိစ္ဆာန်တချို့လောက်တောင် အသိနဲ့ အဆင့်အတန်း ရှိတယ်လို့ မခေါ်တော့ ဘူး ကွ..."" ကျွန်တော့်၏ စကားအရှည်ကြီး အဆုံးတွင် မိုးသူတစ်ချက် ငိုင်ဆင်းသွားလေ၏။ ကျွန်တော်တို့၏ လဘက်ရည် ၀ိုင်းလေးတွင်လည်း ဆိုင်မှ ဖွင့်ထားသော သီချင်းသံစဉ်များမှ လွဲ၍ အတန်ကြာ စကားသံများ တိတ်ဆိတ် သွားလေသည်..။ ထို အတန်ကြာ တိတ်ဆိတ်မှုကို ပြန်၍ ဖြိုခွင်းလိုက်သူက ငရဲ ဖြစ်၏..။ "" အင်း..... ကျော်ကြီးပြောတာ ငါလဲ စဉ်းစားမိပါတယ်.... ဒါပေမယ့် ကျော်ကြီးရ ငါတစ်ခုတော့ ပြောမယ်...မင်းရဲ့ အထင်နဲ့ အမြင်စွဲချက်ဟာ လူတိုင်းကို မစွပ်စွဲသင့်သလို.... ခုလို ဖြစ်နေတဲ့ လက်ရှိကာလ က လူတွေရဲ့ ကိုယ်ကျင့် ပျက်စီးမှုတွေဟာ လူတွေ.....တည့်တည့် ပြောရရင် ပြည်သူတွေချည်းပဲ မပြောသင့်ဘူးလေ.... ငါတို့ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရကိုလဲ ထည့်ပြောသင့်တာပေါ့ကွ.... သူတို့ ဖန်တီးတဲ့ ......သူတို့ အုပ်ချုပ်တဲ့ စနစ်ကြောင့် လူတွေ ကိုယ်ကျင့်တရား မပျက်ချင်ပဲ ပျက်ရတာကိုလဲ ထည့်ပြောဦးပေါ့ကွ...."" ကျွန်တော်ငရဲ စကားအဆုံးမှာ တစ်ချက်ထပ်ပြီး ပြုံးလိုက်မိပြန်၏ ။ စားပွဲပေါ်တွင် မီးချစ်ကို တစောင်းတင်၍ ဖိထားသော ရွှေပြည်စိုး ဆေးပေါလိပ်ကို ယူပြီး မီးညှိကာ တရှိုက်မက်မက် ဖွာ ထုတ်လိုက်သည်..။ ပြီးမှ..... "" ငရဲ ငါပြောမယ် ...ငါတို့လိုနေတာ မင်းအခုပြောလိုက်တဲ့ အတွေးတွေကြောင့် လိုနေတာပဲ.... တစ်ခုခု ဖြစ်တိုင်း တိုင်းပြည်အုပ် ချုပ်တဲ့ အစိုးရ အပေါ်ကို လွှဲချတာ ငါတို့နိုင်ငံရဲ့ အမူအကျင့် အလေ့အထကြီးတစ်ခုလို ဖြစ်နေပြီကွ...တကယ်တော့ လူတိုင်းမှာ ထား သင့် .....ရှိသင့်တဲ့ ကိုယ်ကျင့်တရားဆိုတာ ငါတို့ကို အုပ်ချုပ်တဲ့ အစိုးရနဲ့ လားလားမျှ မသက်ဆိုင်ဘူး........ သူတို့တွေ ဘယ်လို စနစ်ကို ချချ....ဘယ် လိုမှားယွင်းတဲ့ ဥပဒေကို လွှတ်တော်မှာ ပြုကြ ပြုကြ.... ဘယ်လို ပြုပြင်ပြောင်းလဲ မှုတွေကို လုပ်လုပ်....ငါတို့ လိုက်လုပ်ချင်မှ ဖြစ်တာ.... ငါတို့ လိုက်နာချင်မှ ဖြစ်တာ.... ငါတို့ဟာ အစိုးရ မဟုတ်ဘူး....ငါတို့ဟာ သူတို့ ချမှတ်တဲ့စနစ်မဟုတ် ဘူး..ငါတို့ဟာ သူတို့ရဲ့ မှားယွင်းတဲ့ ပြုပြင်ပြောင်းလဲရေး ဥပဒေ မဟုတ်ဘူး.... ငါတို့ဟာ ငါတို့ပဲ ဖြစ်တယ်...ငါတို့ စိတ်နဲ့ ငါတို့ လုပ်ရပ်ကို ငါတို့သာပိုင်တယ်.... ငါတို့သာ ငါတို့ကိုယ် ငါတို့ ပြုပြင်ပြောင်းလဲမှု လုပ်နိုင်စွမ်းတယ် ငရဲ.... မင်းကို ငါ အလွယ်ဆုံး သဘောပေါက်အောင် စကား ဥပမာ တစ်ခုပြမယ်..... ခု ငါဖြစ်ချင်တာကို ပြောမယ် ငါဖြစ်စေချင်တဲ့ စိတ်ထဲက ဆန္ဒအတိုင်း မင်းထ လုပ်မလား....လုပ်နိုင်မလား....မင်းရေမဆာတာကို... ငါ ရေဆာလို့ မင်းထသောက်လိုက်ပါကွာလို့ ငါခိုင်းတိုင်း မင်းထသောက် မလား ...."" ငရဲ ကျွန်တော့်၏ စကားကို သေသေချာချာ စူးစူးစိုက်စိုက်နှင့်ကို နားထောင်နေသည်...။ ""ငါ ထိုင်းကို နှစ်ခါရောက်ခဲ့ဖူးတယ် ငရဲ.... တကယ်ဆိုရင် ထိုင်းနိုင်ငံဆိုတာ ...ငါတို့နိုင်ငံနဲ့ သမိုင်းမျိုးရိုးချင်းယှဉ်မယ်ဆိုရင်..ပြောပ လောက်အောင် ယှဉ်နိုင်စရာ သမိုင်းမရှိတဲ့ နိုင်ငံပါ....ကိုယ်ကျင့်သီလနဲ့ ယှဉ်မယ်ဆိုလည်း....သူတို့နိုင်ငံဟာ...ခေတ်အဆက်ဆက် ဘာလုပ်ငန်းနဲ့ နိုင်ငံခြားငွေ ရှာသလဲဆိုတာ မင်းတို့ ငါတို့ အပြင် တကမ္ဘာလုံးက သိကြပါတယ်....သူတို့ဟာ သူတို့နိုင်ငံသမိုင်းအစ.. ငါတို့နိုင်ငံ သမိုင်းအစလောက် မကောင်းခဲ့ပေမယ့် ....သူတို့ ခုကာလလူတွေ... နိုင်ငံသားတွေရဲ့ လုပ်ရပ်နဲ့ စိတ်ဓါတ်မြှင့်တင်မှုတွေ ကြောင့် ရုပ်ဝတ္တဲ ပစ္စည်းတွေတင် မကဘူး...လူနေမှု အဆင့်အတန်းကော စိတ်ဓါတ်အဆင့်အတန်းတွေကော....ခုချိန်မှာ ငါတို့နိုင်ငံ ထက် အဆမတန် သာနေပြီ ငရဲ....... ဒီလိုပဲ ထိုင်းမှ မဟုတ်ဘူးနော်... စင်္ကာပူဆို...တစ်ချိန်က တံငါလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုကြတဲ့ နိုင်ငံသေးသေးလေး...... ခု ဘယ်လောက်တိုးတက်နေပီလဲ....ဒီလို သူတို့နိုင်ငံတွေ တိုးတက်လာမှုတွေဟာ နိုင်ငံစီးပွားရေး နိုင်ငံ ရေမြေသယံဇာတကောင်း ဆိုတဲ့ ဒြပ်ဝတ္တုတွေနဲ့ ဘာမှ မဆိုင်ဘူး ငရဲ.....အဘက်ဘက် အရပ်ရပ်မှာ သူတို့နိုင်ငံသားတွေရဲ့ စိတ် ဓါတ်နဲ့ လုပ်ရပ် အဆင့်အတန်းတွေ....အသိတရားတွေ...မြင့်မားတဲ့ အတွက် သူတို့နိုင်ငံတွေဟာ ဥရောပနဲ့ ယှဉ်လို့ရတဲ့ တန်းညီ အဆင့်ကို ရ ရတာပဲ..."" "" နေပါဦး ထိုင်းက ငါတို့ထက် ဘယ်လိုများ သာလို့လဲ...... အလောင်းမင်းတရားကြီး ဦးအောင်ဇေယျတောင် အလွယ်တကူ ၀ါး ရင်းတုတ်နဲ့ တက်သိမ်းတာ ခံခဲ့ရတဲ့ ဦးနှောက်မရှိတဲ့ ကောင်တွေက ဘာကိုများ ငါတို့ထက် သာလို့လဲ..."" "" အေး ဒါဆို.....မင်းသိအောင် သူတို့တွေရဲ့ လက်ရှိ စိတ်ဓါတ်တွေနဲ့ လုပ်ရပ်တွေကို ငါလေ့လာခဲ့သလောက် နည်းနည်းပြော ပြမယ်...သူတို့နိုင်ငံက ဈေးသည်တွေဟာ အချက်အခြာကျတဲ့ မြို့နေရာ အနှံ့အပြားမှာ ဖြစ်ဖြစ်....တောကြိုအုံကြား ဇနပုဒ်မှာ ဖြစ်ဖြစ် သူတို့မိသားစု စီးပွားရေးနဲ့ စားဝတ်နေရေး အတွက် ဈေးရောင်းကြတယ်....ရောင်းတဲ့ ရောင်းကုန်တွေက အစုံပေါ့ကွာ....စားစရာ၊ လူ့ အသုံးအဆောင်၊ အ၀တ်အထည် ....အို အစုံပါပဲကွာ....အေး အဲ့ဒီအထဲကမှာ မင်းကို သူတို့ရဲ့ လမ်းဘေး အစားအသောက် ရောင်းတဲ့ ဈေးဆိုင်တစ်ဆိုင်ရဲ့ အကြောင်းကို သာဓကပြု ပြောပြမယ်..... အဲ့ဆိုင် ဈေးခင်းပြီး လမ်းဘေးမှာ ဈေးရောင်းနေချိန်မှာ စားနေတဲ့ လူ တွေရဲ့ အမှိုက် ...... သူတို့ဆိုင် က အစားအသောက်ထုတ်လုပ်ရာမှာ ထွက်လာတဲ့ အပိုထွက် အမှိုက်တွေဟာ သူတို့ ဆိုင်ခင်းထားတဲ့ နေရာမှာ အမှိုက်ပုံး ထား ထားပေမယ့်လည်း....လမ်းတ၀ှိက် ညစ်ပါတ်ရှုပ်ပွနေတာပဲ.....ဒါပေမယ့် အဲ့ဆိုင်သိမ်းလို့ မင်း အဲ့သူတို့ ဆိုင်ဖွင့်တဲ့နေရာမှာ စားတဲ့လူတွေ ရောင်းတဲ့လူတွေ....ပြစ်ချခဲ့တဲ့ ရှုပ်ပွခဲ့တဲ့....အမှိုက်တွေ ရှိသလား မင်းသွားကြည့်.... ..ဘာဆို ဘာမှ ဘာအမှိုက်ဆို ဘာ အမှိုက်မှ သူတို့ ဆိုင်ဖွင့်ခဲ့ရာ နေရာမှာ မရှိတော့ဘူး....ယုတ်စွှအဆုံး ဆီကွက်တစ်ကွက်တောင် လမ်းပေါ် မှာ မကျန် ခဲ့ဘူးကွာ......အဲ့ဒါ တို့နိုင်ငံမှာ လို ....ဟဲဟဲဟဲ....တစ်ပါတ်တစ်ခါ စည်ပင်လာလှဲ ရက်နဲ့ ကြုံတယ် မထင်နဲ့နော်.. ...သူတို့ ဘာနေသူတို့ သူတို့ ဆိုင်သိမ်းအပြီးမှာ ကိုယ်တာဝန် ကိုယ် ယူတဲ့ လုပ်ရပ်အနေနဲ့ ပြန်လှဲသွားခဲ့တာ..."" "" နောက်တစ်ခုက သူတို့နိုင်ငံမှာ အများနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ဆေးလိပ်သောက်တဲ့သူမရှိတာပဲ....အေး...သောက် ခဲ့သည် ရှိရင်လဲ....အဲ့ဆေးလိပ်သောက်ခွင့်ပေးထားတဲ့ နေရာကလွဲပြီး ကန့်သတ်ဇုန်မှာ သောက်တဲ့လူကို ရဲကဖမ်းပြီး ထောင်ချ တယ်....ကလေးသူငယ်နားမှာ ဆေးလိပ်သောက်ရင် ကိုယ့်ကလေးဖြစ်ဖြစ်...သူများကလေးဖြစ်ဖြစ်..ကလေးအနားသောက်တဲ့ကောင် ကို ထောင်ဒဏ်နဲ့ ငွေဒဏ် ပြစ်ဒဏ်(၂)ခုလုံး ကျခံစေတယ်....ဒီဥပဒေကို အစိုးရက တရားဝင်ဥပဒေပြုထားသလို....သူတို့နိုင်ငံသား တွေကလည်း သူတို့ အသိစိတ်နဲ့ သူတို့ အလေးဂရုပြုပြီး လိုက်နာကြတယ်..."" ""ခု ငါတို့နိုင်ငံကိုကြည့် ဆေးလိပ်မသောက်ရ ဥပဒေကို တရားဝင်သတင်းစာမှာ ပြဌာန်းပြီးထုတ်ထားတာ (၄)နှစ်ကျော်လောက် ရှိပြီ....ဘယ်သူလိုက်နာသလဲ.... ဘယ်သူတွေက ဖိဖိစီးစီး အရေးယူကြသလဲ....တာဝန်ရှိပြီး ပြောရေးဆိုခွင့်ရှိတဲ့ လူတွေကိုယ်တိုင်က ဆေးလိပ်ကြီး မီးတရဲရဲနဲ့ ရထားပေါ်ပါလာတဲ့ စည်းမရှိကမ်းမရှိ အထုပ်တွေ ချချင်ရာ ချထားတတ်တဲ့ ကုန်စိမ်းသည်တွေ..ဈေး သည် တွေဆီမှာ အောက်ဆိုက်ရှာပြီး ဓားပြလို ပိုက်ဆံလိုက်တောင်းတာ ငါတွေ့ခဲ့ရဖူးတယ်..."" "" နောက်ပြီး ကိုယ်ဈေးရောင်းတဲ့ ဆိုင်ဖွင့်တဲ့နေရာက အမှိုက်တို အမှိုက်စ သိမ်းဆည်းလှဲကျင်းတတ်တဲ့ သူတို့ဈေးသည်တွေ ရဲ့ အမူအကျင့်တွေကို ငါတို့နိုင်ငံက ဈေးသည်တွေလဲ လုပ်ကြသလား ...မင်းလိုက်ကြည့်လိုက် .. ငါတို့ဈေးရှေ့လမ်းက ငါးစို.. ငါးစိမ်း ရောင်းတဲ့ နေရာမှာ သူတို့ဆိုင်သိမ်းရင် မင်းသွားကြည့်လိုက် ငါးအကြေးခွံကစလို့...ငါးတစ်ကိုယ်လုံးက ပစ္စည်းပေါင်းစုံတွေ့ နိုင်တယ်.....ဒီကြားထဲ အဲ့အညစ်အကြေးတွေကို ခွေးလေခွေးလွင့်တွေက ဆွဲကြ...စားကြ...ကိုက်ကြ...အော်ကြ နဲ့ လမ်းတစ်လမ်းလုံး ညစ်ပါတ်ပေကျံ ပွက်လောကို ရိုက်နေတာပဲ.....ဝေးဝေးမကြည့်နဲ့ တို့လမ်းထိပ်က လမ်းဘေးမှာ မနက်ပိုင်းထွက်တဲ့ မုန့်ဟင်းခါးဆိုင် ကိုပဲကြည့် ဆိုင်သိမ်းချိန်မှာ သူတို့ဆိုင်နဘေးဝန်းကျင် အမှိုက်လှဲခဲ့ဖို့ မပြောနဲ့ သူတို့ဆိုင်နဲ့မဆိုင်တဲ့ အမှိုက်စုတ် အမှိုက်ပျက်တွေ သူတို့ဆိုင်အနီးအပါးမှာ တွေ့ရလိမ့်မယ်....အမြင်မတော်လို့ တွေ့တဲ့လူကလည်း သူတို့ကို သွားမပြောနဲ့ေ-ာက်ကြီးေ-ာက်ကျယ်တွေ လာပြောတယ် ဆိုပြီး ....ပြောတဲ့လူကို ခုနှစ်သံချီဟစ်ပြီး တုတ်ထဲ့လိုက်လိမ့်မယ်...."" ""ဒါတွေက ဘာကိုပြသလဲ ဆိုရင်...ကိုယ့်ကျင့်သိက္ခာပြည့်စုံတဲ့ နိုင်ငံကြီးသား စိတ်ဓါတ်မရှိတာနဲ့ အထူးသဖြင့် ငါတို့တစ်ဝမ်း တစ်ခါး စီးပွားရေးလုပ်ငန်းကြောင့် သူတစ်ပါးတွေ စိတ်အနှောက်အယှက် ဖြစ်ပါသလား.....ထိခိုက်နိုင်ပါသလား ဆိုတဲ့ ကိုယ်ချင်းစာတ ရားမရှိတာကို ပြတာပဲ..... ကိုယ်ချင်းစာတရားဆိုတာ ငါတို့ ဗုဒ္ဓဘာသာလူမျိုးတိုင်းအတွက် အခြေခံကိုယ်ကျင့်တရားထဲက လူကျင့်တ ရား တစ်ခုပဲ....မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးရဲ့ ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေထဲမှာ .....မင်းပြန်လေ့လာကြည့် ရင်တွေ့ရလိမ့်မယ်.......ကိုယ်ချင်းစာတရားကနေသာ...စေတနာ မေတ္တာ ဂရုဏာ မုဒိတာ ဆိုတဲ့ သူတော်ကောင်းတရားလေးပါးဟာ မွေးဖွားလာတာပဲ....အဲ့ အခြေခံ ကိုယ်ကျင့်တရားမှမှရှိရင်...သူတော်ကောင်းတရား(၄)ပါးလဲ ဆက်မဖြစ်လာနိုင်တော့သလို...ခန္တီဆိုတဲ့ သည်းခံခြင်းတရားလဲ ရင်ထဲကိန်းအောင်းတဲ့ လူတစ်ယောက်ဖြစ်မလာနိုင်ဘူး....သတ္တ၀ါတွေအပေါ် မေတ္တာတရားလဲ ကောင်းကောင်းမွန် မွန် ထားနိုင်ကြမှာ မဟုတ်ဘူး..."" ကျွန်တော်......စကားအဆုံးမှာ ခုံပေါ်တွင် ငှဲ့ထားသော အလွန်ကြာပြီဖြစ်သည့် ရေနွေးကြမ်းခွက်ကို ယူကာမော့သောက်လိုက်၏..။ ""ဒါဆို ကျော်ကြီး မင်းကိုငါ စကားမစပ်လို့ တစ်ခုမေးမယ်ကွာ.....ခု ငါတို့အိမ်နားက အဘိုးကြီးတွေ ဥပုဒ်နေတိုင်း တရားစခန်းသွား တယ်.... ဥပုဒ်နေ့မဟုတ်တဲ့ နေ့လည်ဘက်ဆို..မိုးကုတ်တရားတွေ ဖတ်ကြ နာကြပြီး တရားဆွေးနွေးကြတယ်...ဒါပေမယ့် ဒီအဘိုး ကြီးတွေ ညနေတိုင်း ဘီယာဆိုင်မှာ ဘီယာ သွားသောက်ကြတယ်...ပြီးတော့ သူတို့ ပြောတာ ငါကြားမိတယ်..ဘီယာသောက်လဲ တ ရားကိုသာ ဖိဖိစီးစီးရှာ ဖိဖိစီးစီး အားထုတ် တကယ်တရားရတယ်...နိဗ္ဗာန်ရောက်နိုင်တယ်လို့ ပြောကြတယ် အဲ့ဒါဟုတ်သလား.."" ""ဖွတ်!!!!!!!!!!!!!!!!!!!!!!သွားစမ်းပါကွာ..... မိုးသူရာ အဝေးကြီး...အဝေးကြီးမှ တကယ့်ကို အဝေးကြီး...မင်း ဆရာကြီးဓမ္မာစရိယ ဦး ဌေးလှိုင် ရေးထားတဲ့ ""ရဟန္တာနဲ့ ပုဂ္ဂိုလ်ထူးများ "" စာအုပ်ရဲ့ အဖွင့်နိဒါန်းမှာပါတဲ့ စာကိုသွားဖတ်ကြည့်.....မြတ်စွာဘုရားသခင်ကိုယ် တော်မြတ်ကြီး ဟောဖော်ညွှန်းကြားခဲ့သော သစ္စာလေးပါး အဘိမ္မာတရားတော်တွေကို ကျင့်ကြံရာမှာ မေတ္တာ သစ္စာ သီလ ဆိုတဲ့ သုံး ချောင်းထောက် အခံတရားရှိပါမှ အစရှိပြီး လူကခံနိုင်ရည်အင်အားကောင်းကောင်းနဲ့ ၀ိပဿနာတရားကို ပွားများ အားထုတ်နိုင်မယ်တဲ့ .....နိဗ္ဗာန်ရောက်မယ် မပြောဘူးနော်.....အဲ့သစ္စာ မေတ္တာ သီလ တရား(၃) ပါး အခြေခံရှိမှ တရားကိုစ အားထုတ်နိုင်မယ်လို့ပဲပြောထား တာ....ခု ဒီအထဲကမှ သူရာမေရ ဆိုတဲ့ ဘာဝနာတရားအားထုတ်ရာမှာ မရှိမဖြစ်စောင့်ထိမ်းရမယ့် သီလကံတစ်ပါးကို ဖောက်မှတော့ အဲ့ အဖိုးကြီးတွေ ဘယ်ဘုရားဟောခဲ့တဲ့ တရားကိုမှ ဖိဖိစီးစီးပဲကျင့်ကျင့် ပျော့ပျော့ပျောင်းပျောင်းပဲကျင့်ကျင့် တရားမရဘူး.... နိဗ္ဗာန်မရောက်ဘူး...."" ""ကြုံလို့ ပြောလိုက်ဦးမယ်...ငါတို့ လူ့အန္ဓတ တွေကလေ....ကိုယ်လုပ်ချင်ရာကို လုပ်ဖို့အတွက် ဘုရားဟောတရားတွေကို အ ကုသိုလ် အများခံပြီး လိုရာဆွဲပြောနေကြတာကွ.......ဘာလဲ ငါကြားခဲ့ဖူးတာ ၀ိသာခါ ကျောင်းအမကြီးလို သောတာပန် ဖြစ်နေတဲ့ သူ တောင် ယောကျာင်္းတွေနဲ့ ခြင်ထောင်ထဲအိပ်သေးတာ ငါတို့က သူလောက်တော့ မဖြစ်တဲ့ အတွက် လွယ်လွယ်သောတာပန် ဖြစ်နိုင် တယ်......သရဏဂုံ မြဲရင်....အရက်သမားတောင် နတ်ပြည်ရောက်သတဲ့ ငါတို့က သူလောက်မဆိုးသေးဘူး (၃)ဘ၀ပြတ် သောတာပန် လောက်တော့ ဖြစ်မှာပဲ..လုပ်တယ်ကွာ ဆိုပြီး ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ အဖိုးဖြတ်မရတဲ့ ဒေဿနာတော်တွေကို လိုရာဆွဲသွင်း ပြောနေကြတာတွေ ငါကြားခဲ့ဖူးတယ် မိုးသူ...... ၀ိသာခါကျောင်းအမကြီး သောတာပန်ဖြစ်တာ သူရဲ့ အတိတ်ဘ၀က ကျင့်ကြံခဲ့တဲ့ ပါရမီကံရယ်....သူတောင်းခဲ့တဲ့ ဆုတောင်းရယ်....သူလက်ရှိရတဲ့ ကာလက ဘုရားရှင်ကိုယ်တော်မြတ်ကြီး သက်ရှိထင်ရှား ရှိနေတာနဲ့ တွေ့ကြုံခဲ့ရတာကြောင့်ပဲ.......နောက်ပြီး ယောကျာ်းတွေနဲ့ ခြင်ထောင်ထဲ အိပ်တယ်ဆိုတာလဲ..သူ့လင်နဲ့ သူအိပ်တာပဲလေ...သစ္စာ လေးပါးတရားထူးကို အားထုတ်တဲ့အခါ မရှိရှိအောင်လိုက်နာရမယ့် သစ္စာ မေတ္တာ သီလ ဆိုတဲ့ စောင့်ထိမ်းရမယ့် အရာတွေကို ချိုး ဖောက်တာမှ မဟုတ်တာပဲ...."" "" ဒီလိုပဲ အရက်သမား နတ်ပြည်ရောက်ရတာကလဲ ၀ိပဿနာ ရှု့မှတ်လို့မှ မဟုတ်တာ ....ဘာဝနာစီးဖြန်းလိုမှ မဟုတ်တာ..... သူ့ဟာသူ ဗုဒ္ဓဘာသာ လူမျိုးတိုင်းအတွက် အဓိကအသက်ဖြစ်တဲ့ သရဏဂုံ(၃)ပါးကို သေသည်အထိနှလုံးသွင်း စောင့်ထိမ်းခဲ့လို့ပဲလေ ""သူ့ကို ဘုရား ဘုရား မဟုတ်ပါဘူး...တရား တရား မဟုတ်ပါဘူး...သံဃာ သံဃာ မဟုတ်ပါဘူး "" လို့ပြောဆိုပြီး သိကြားမင်းက လာ စမ်းတာကို သူ ဘာစည်းစိမ်မှ မမက်မောတဲ့ စိတ်နဲ့ မပြောပဲနေခဲ့လို့ လူတို့ သေလွန်ပြီးသွားရာဖြစ်တဲ့ သုဂတိ(၅)ဘုံ ထဲက အမြင့် ဆုံးဘုံကို သူရောက်ရတာပဲ.... ဒီ ငရဲ..တိရီစ္ဆာန်..ပြိတ္တာ..လူ...နတ် ဆိုတဲ့ လူတွေ သတ္တ၀ါတွေ သေလွန်ပြီးနောက် ရောက်ရတဲ့ ဘုံတွေ ကို ရောက်ကြရတာ သစ္စာလေးပါးတရားကို အားထုတ်တယ်ဆိုတဲ့ ဘာဝနာနဲ့ ဘာဆိုင်သတုန်း.....ဒါန သီလ ဆိုတဲ့ ကျန်နှစ်ပါးနဲ့ပဲ ဆိုင်တာလေ......ဒါကို လူတွေက သူတို့လုပ်ချင်ရာကို စိတ်လွတ်ကိုယ်လွတ် လုပ်ဖို့အတွက် တချို့က မသိလို့ တချို့က သိရက်နဲ့ မ ဟုတ်တမ်းတရား ရသေ့စိတ်ဖြေစကားတွေနဲ့ ရဲဆေးတင်းနေကြတာပါ...အကုသိုလ် အလကားယူနေကြတာပါ....တကယ်တော့ အဲလို အပြောတွေက ဘုရားဟောတရားတွေ အားထုတ်တာနဲ့ မဆီလေရယ်တဲ့ မဆိုင်တာမှ လုံးဝမဆိုင်ပါကွာ..."" ကျွန်တော် စကားအရှည်ကြီးကို မမောတမ်း ပြောချလိုက်ပြီးနောက် စားပွဲခုံပေါ်မှ အေးစက်စက် ဖြစ်သွားပြီး ဖြစ်သော လဘက်ရည် ခွက်ကို ဆွဲယူပြီး တကျိုက်ထဲ မော့ချလိုက်၏..။ ""ကျော်ကြီး မင်းလေ့လာမှုနဲ့ မင်းရဲ့ အတွေးအခ်ါတွေကို တကယ်လေးစားတယ်ကွာ ဦးညွှတ်ဆိုလဲ တကယ့်ကို ငါတို့ မင်းကို ဦးညွှတ်ပါတယ်..."" ကျွန်တော် ငရဲ၏ ကျွန်တော့်ကို ချီးကျူးထောပဏာ ပြုလိုက်သော စကားကို ခပ်ပြုံးပြုံးလုပ်ကာ နားထောင်ပြီး.......... ""ငရဲ ငါ့ကို ဒီလို မင်းတို့တွေကို ပြန်ပြောပြနိုင်လို့ မလေးစားနဲ့ ငါဘာကောင်မှ မဟုတ်ဘူး...ဘာဦးညွှတ်လောက်စရာ အဆင့်မှလဲ မရှိဘူးငရဲ...... အေး မင်းလေးစားချင်ရင်...မင်းဦးညွှတ်ချင်ရင်....ငါတို့ စာဖတ်သူတွေကို အသိပညာတွေတိုးအောင် ဗဟု ဆိုတဲ့ လေ့ လာခြင်း...သုတ ဆိုတဲ့ ဆည်းပူးခြင်းတွေကို သူတို့ရေးတဲ့ စာအုပ်တွေထဲမှာ ထဲ့သွင်းရေးသားခဲ့တဲ့ ဆရာတော် ကြီးတွေနဲ့ စာရေး ဆရာကြီးတွေကိုသာ လေးစားဦးညွှတ် ငရဲရေ......ငါ့ကိုတော့ ဖယ်ထားဟ......ခုအသက် (၃၀)ကျော်အရွယ်အထိတောင် ငါ့ကိုယ်ငါ ငါဟာ ဘာကောင်ဖြစ်နေသလဲ ဆိုတာ သိအောင် မဝေခွဲနိုင်သေးဘူး..."" "" လောကမှာ အခက်ခဲဆုံးသော မေးခွန်းက ကိုယ့်ကိုကိုယ် ဘာကောင်လဲ ဆိုတာ ပြန်စမ်းစစ်ဖို့ မေးရတဲ့ မေးခွန်းပဲ ငရဲရေ.."" "" ကဲ ဆယ်နာရီ ထိုးနေပြီ.....ငါလစ်ပြီ လက်ဘက်ရည်ဖိုးတော့ ဒီနေ့မနက် မင်းတို့ပဲ ရှင်းလိုက်တော့ မနက်ဖြန်မနက် ငါပြန်ရှင်း မယ်..."" ကျွန်တော် ပြောလဲပြော စားပွဲခုံစွန်းတွင်တင်ထားသော လွယ်အိတ်ကို ဆွဲပြီးထကာ မိုးသူနှင့်ငရဲရှိရာ လက်ဘက်ရည်ဆိုင်ကို ကျော ခိုင်း၍ ကိုယ့်ကိုကိုယ်ဘာကောင်ဖြစ်သည်ကို သတ်မှတ်နိုင်ရန်အတွက် တစ်နေ့တာ အချိန်ခရီးကို ရင်းနှီးအသုံးချဖို့ ရောင်စုံမျက်နှာများ နှင့် အသွင်ပြောင်းလူများရှိရာသို့ ထွက်ခွာခဲ့လိုက်ပါတော့သည်.....။

မြန်မာ Websites နှင့် Blogs များသို့

သူငယ်ချင်းတို့ရေ Search Myanmar ဆိုဒ်မှာ ဘယ်လိုကဏ္ဏကိုရှာချင်လဲဆိုတဲ့ ခေါင်းစဉ်ကနေပြီးလွယ်ကူစွာနဲ့ မြန်မာဆိုဒ်တွေကို သွားလာလွယ်ကူအောင်လုပ် ဆောင်ထားတာလေးပါ..Music,Video,Fashion,နည်းပညာ၊သတင်း နဲ့ ပတ်သက် တာတွေကော အကုန်လုံးကိုရှာလို့ရပါတယ်။Blogs တွေကိုလည်းသွားဖို့လုပ်ထား ပါတယ်..မသိသေးတဲ့သူတွေအတွက် အထောက်ကူဖြစ်ပါစေလို့..... www.searchmyanmar.com

online game များကစားရန်

website စာမျက်နှာကတော. http://www.freeonlinegames.com/

ပထမဦးဆုံး မြန်မာအလှအပနဲ့ ကျန်းမာရေးရာဝက်ဆိုဒ်

Myanmar Sky Link ( Myanmar Health & Beauty Website ) ဆိုတဲ့ အလှအပနဲ့ ကျန်းမာရေးရာ ၀က်ဆိုဒ်လေးပါ။ MSL မှာ လူတိုင်းသိသင့်တဲ့ သိချင်ကြတဲ့ အလှအပနဲ့ ကျန်းမာရေးရာပို့စ်လေးတွေကို တင်ထားပါတယ်။ အလှအပနဲ့ ကျန်းမာရေးရာဆိုပေမယ့် အလှအပအကြောင်းကို မေးတာများတော့ အလှအပရေးရာတွေ ပိုများနေတယ်။ :D သူငယ်ချင်းတို့ သိချင်တဲ့ အလှအပနဲ့ ကျန်းမာရေးရာ အကြောင်းအရာလေးတွေ ရှိရင်လည်း ရင်နှင်း ၀က်ဆိုဒ်လေးမှာ Comment ပေးပြီး မေးမြန်းနိုင်ပါတယ်နော်။ အကြံလည်းပေးနိုင်ပါတယ်။ မြန်မာတွေအတွက် ကျန်းမာရေးနဲ့ အလှအပရေးရာဗဟုသုတလေးတွေကို မျှဝေပေးထားတာမို့ ဒီဝက်ဆိုဒ်လေးကို မသိသေးတဲ့သူတွေကိုလည်း သတင်းပေးပေးပါအုံးနော်။ ရင်နှင်းဝက်ဆိုဒ်လေးကို လာလည်လို့ တစ်ခုခုအကျိုးရှိသွားတယ်ဆိုရင်လည်း Facebook က Myanmar Sky Link Page ကို Like ပေးသွားပါအုံးရှင့်။

ဝံသာနု လူသတ်သမားများ မဖြစ်စေလို..။

ပြောဖြစ်အောင် တွန်းအားပေးတဲ့ အကြောင်းတွေကလဲ ဒီလို ခင်ဗျ...... ဖြစ်ပြီးခဲ့တဲ့ ရခိုင် အရေးအခင်းက စလို့ပဲ ပြောရရင် ခုဆို ဒီအဓိကရုန်း ဖြစ်ပွားခဲ့တဲ့ ကာလကို လွန်လို့..... ရခိုင်မှာ ပြန်လည် ထူထောင်ရေးတွေတောင် အစိုးရ ဘက်ကကော .... ပြင်ပ အစိုးရနှင့် မဆိုင်သော အဖွဲ့အစည်းတွေကကော ဆောင်ရွက်နေကြပါပြီ....။ ဒါပေမယ့် လွန်ခဲ့သော လေးငါးလ ထဲက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ကို မပြီးနိုင် မစီးနိုင် အငြင်းပွား တိုက်ခိုက်နေမှုတွေ ဟာ ပြင်ပ မှာ လျော့ပါးပျောက်ကွယ်သလောက် ဖြစ်သွားပြီဖြစ်ပေမယ့် ကျွန်တော်တို့ လက်ရှိ သုံးစွဲနေတဲ့ အွန်လိုင်း ပေါ်မှာတော့ ပိုပြီး သာပြီး အစစွဲထုတ် ပုတ်ခတ်စော်ကားမှုတွေ ဖြစ်ပေါ်လာနေဆဲပါပဲ...။ ဒီလို ဖြစ်ပွားမှုတွေကို ကျွန်တော် အကျယ်ချဲ့လို့လဲ ဘယ်သူ ဘယ်ဝါ လွန်ပါတယ်.... ဘယ်သူဘယ်ဝါ မှားပါတယ် လို့ နှစ်ဥိးနှစ်ဖက်စလုံးကို ပြောလဲ မပြောလိုပါဘူး.... ဝေလဲ ဝေဖန် မှု မပြုလိုပါဘူး....။ ဘာလို့ဆိုတော့ လူတိုင်း လူတိုင်းဟာ ကိုယ့်အမျိုးထိ ကိုယ် နာတတ်ကြတာချည်းကို.........ဒါကို လူတတ်လုပ် အပြစ်ရယ်လို့ ဆိုပြီး လက်ညှိုးထိုး မပြောလိုပါဘူး..။ ဒါပေမယ့်..... မပြောလိုဘူးဆိုပေမယ့်... တစ်ခုတော့ ပြောရပါလိမ့်မယ်....။ မည်သည့် ဘာသာကို ကိုးကွယ်သည့် လူမျိုး ဖြစ်ပါစေ.... ကိုယ် ဘာသာ ကိုယ့်လူမျိုးကို တန်ဖိုးထား မြတ်နိုးကြ သည်သာ ဖြစ်ပါမည်...။ ကိုယ့်ဘာသာ ကိုယ့်သာသနာ ကိုယ့်လူမျိုးကို ထိပါးပုတ်ခတ်လာသည် ရှိသော်... မည်သည့် လူမျိုး မဆို ကိုယ့်ဘာသာ ကိုယ့်လူမျိုးဘက်က ပြန်လှန်တိုက်ခိုက် မည်သာ ဖြစ်ပါမည်...။ ထိုကဲ့သို့သော်.... စိတ်ထားကို "" ၀ံသာနု"" ကိုယ့်အမျိုးသား (အကျယ်ပြော... ကိုယ့်လူမျိုး) ကို ချစ်သည့်... တန်ဖိုးထားသည့်စိတ်ရှိသည် ဟု ဆိုလို့ရပါသည်... ၀ံသာနု ဟုသည်... ကိုယ့်အမျိုးကို ကိုယ်ချစ်ပြီး ကိုယ့်အမျိုးသား ရေးကို ကိုယ် စောင့်ရှောက်ကာကွယ်ခြင်းလဲဖြစ်ပါသည်...။ ထိုကြောင့် အွန်လိုင်းပေါ်မှာ ဖြစ်ပွားနေကြသော မူစလင် မကောင်းဘူး.... မြန်မာ မကောင်းဘူး...။ အစ္စလာမ် ဆန့်ကျင်ရေး...... ဗုဒ္ဒဘာသာ ဆန့်ကျင်ရေး ဆိုသော အယူအဆ တိုက်ပွဲများသည်.... မိမိတို့ မှာရှိသော် အမျိုးကို ချစ်စိတ် တန်ဖိုးထားစိတ်..... ဘာသာကို ချစ်စိတ် တန်ဖိုးထားစိတ်များနှင့် တစ်ဘက်နှင့် တစ်ဘက် တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့် တစ်ဖွဲ့ တိုက်ခိုက် ရန်စောင်း နေကြခြင်းသာ ဖြစ်ပါသည်... သို့သော် ထို ပဋိပက္ခ အငြင်းပွားမှု များကို ကိုယ့်အမျိုးသားကို တန်ဖိုးထားသော ၀ံသာနု စိတ်ဓါတ် ရှိသော် အမျိုးသားရေး မူမှန် လုပ်ရပ် ဟုတော့ ဆိုမ ရ ပါ..။ ကိုယ့်အမျိုးသားကို တန်ဖိုးထားသော ၀ံသာနု စိတ်ဓါတ် ဟူသည်..... ထိုကဲ့သို တိုက်ခိုက်ငြင်းခုန် သတ် ပုတ်နေ ကြခြင်းများ မဟုတ်ပါ...။ ကိုယ့် အမျိုးသား အကျိုးစီးပွားကို ကိုယ်စွမ်းသလောက် တစ်ဥိးနှင့် ဖြစ်စေ အဖွဲ့အစည်းအလိုက် ဖြစ်စေ အပြု သဘောဆောင်ပြီး အကောင်းဘက်သို့ရောက်အောင် စောင့်ရှောက်ခြင်း ...ကာကွယ်ခြင်း... . မြှင့်တင်ခြင်း များရှိသော စိတ်ဓါတ်နှင့်ဆောင်ရွက်ချက်များ ကို မိမိနှင့် မိမိလူမျိုးအတွက် ဓမ္မဓိဌာန် (အလယ်အလတ်ကျကျ ) ပြုလုပ်ဆောင်ရွက် ပေး ခြင်းကိုဆိုလိုပါသည်...။ ဥပမာ ပြုရသော် စာရေးသူတို့ အထက်တန်းကျောင်းတက်စဉ်က မြန်မာကျောင်းပြဌာန်း စာအုပ်တွင် ပါသော ဥိးဖိုးကျား ၏ မိတဆိုးရှင်ပြုပွဲကဲ့သိုသော် လုပ်ဆောင်ချက်များ..... (အသေးစိတ် သိလိုလျှင် အကျယ်ရှာလေ့လာပါ..) ဗိုလ်အောင်ဒင် ၏ အနစ်နာခံ လှုံဆော်မှုများ...(အသေးစိတ် သိလိုလျှင် အကျယ်ရှာလေ့လာပါ..)။ အနီးဆုံး ပြောရလျှင် လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ၏ နိုင်ငံနှင့် လူမျိုး အပေါ် ပေးဆပ်အနစ်နာ ခံ ပုံမျိုး ဖြစ်ပါသည်...။ လူမှန်လျှင် အသိတရားနှင့် ရင့်ကျတ်မှုကို ပိုင်ဆိုင်ထားကြသင့်ပါသည်.... ထစ်ခနဲ ပေါက်ကွဲ လွယ်.... ထစ် ခနဲ သွေးဆူလွယ်သော သူများသည်... ရင့်ကျက်သော သူများ မဟုတ်ကြပါ....။ ထိုသူတို့၏ လုပ်ရပ်သည် လူဖျင်း လူညံ့များ၏ အမူအကျင့်များသာ ဖြစ်ပါသည်..။ အဆင့်အတန်း ဟူသည်.... မိမိ၏ ပင်ကိုယ် စိတ်ဓါတ်နှင့် လုပ်ရပ်၏ လုပ်ဆောင်ချက်များကို ကြည့်ပြီး သုံးသပ်ခြင်းပြုလို့ရပါသည်...။ ကိုယ့် လူမျိုး ကိုယ့်ဘာသာ သည်.... တကယ် မြင့်မြတ်သော အရာ အဖြစ် ကိုယ့် စိတ်မှာ တန်ဖိုးထား မြတ်နိုးကြပါလျှင် မိမိတို့၏ လုပ်ရပ်နှင့် အဆင့်အတန်းကို မြှင့်စေချင်ပါသည်...။ ဗုဒ္ဒဘာသာ ၀င်တစ်ဦး မိုက်ရိုင်းလျှင်..... ခရစ်ယာန်တစ်ဦး မိုက်ရိုင်းလျှင်...... အစ္စလာမ် တစ်ဦး မိုက်ရိုင်းလျှင်..... ထိုမိုက်ရိုင်းမှုကို မြင်သော မပြည့်ဝသောလူတို့၏ အသိညဏ်နှုံးနည်းမှု အရ တစ်ဥိးတစ်ယောက် မကောင်းမြင်မည် မဟုတ်ပါ....။ တစ်ဥိးကြောင့် အများ မကောင်း အ မြင်ခံရမည် ဖြစ်ပါသည်..... စည်းမဲ့ ဘာသာဝင် တစ်ဥိးကြောင့်. ...စည်းမဲ့ ကိုယ်လူမျိုးတစ်ဦးကြောင့် ကျန် ဘာသာဝင် အားလုံး...... ကျန် လူမျိုး အားလုံး မကောင်းမြင် ..အဆိုးမြင်ခံရလျှင် တရားပါသလား .....ခံနိုင်ကြပါသလား......။ ထို့ကြောင့် မိမိတို့ တစ်ဦးချင်းစီ ၏ လုပ်ရပ်များဖြင့် မိမိတို့ လူမျီုးဘာသာ သာသနာကို မြှင့်တင် တန်ဖိုးထား ကာကွယ် စောင့်ရှောက် ကြစေလိုပါသည်...။ လူမျိုးတိုင်းတွင်.... လူဖျင်း ၊ လူညံ့.... ရှိသလို... လူတော်လူကောင်းများလဲ ရှိပါသည်..။ လူဖျင်းလူညံ့ တစ်ဦးကြောင့် တစ်ဖွဲ့ကြောင့် ကျန် လူတော်လူကောင်းများကို တစ်မျိုးသားလုံးအလိုက် မထိခိုက်စေချင်ပါ...။ ထိခိုက်အောင်လဲ မပြုလုပ်သင့်ကြပါ..။ အစွန်းရောက် မှု ဟူသည်..စိတ်ရူးသွမ်းနေသော သူရူးသူမိုက်များသာ ပြုလုပ်ကြခြင်း ဖြစ်ပါသည်...။ အသိတရား ပြည့်စုံပြီး ဆင်ခြင်တုံတရားရှိသော သူများသည်... (မည်သည့်ဘာသာဝင်မဆို ) အစွန်းရောက် တိုက်ခိုက်မှုမျိုး မလုပ်တတ်ကြပါ....။ ဘယ်ဘာသာက ဘယ်ဘုရား မှ လူရာထောင်ချီ သတ်ဖြတ်ပြီး ဘုရားဖြစ်လာခဲ့ခြင်း မရှိ ဘူးဆိုတာ ကို ကိုယ်ကိုးကွယ်ရာ ဘာသာ အလိုက် လေ့လာကြည့်လျှင် သိနိုင်ကြပါသည်....။ ကိုယ့်အမျိုး ကိုယ့်ဘာသာကို ကိုယ်သာ ၀ံသာနု စိတ်ဓါတ် အပြည့်ဖြင့် တကယ် တန်ဖိုးထား ကြပါလျှင်.....။ လောင်နေတဲ့ မီးကို မပွားအောင်... ငြိမ်းအောင် ပြုလုပ်ကြပါ...။ အမြင်စောင်းနေသူများကို အမြင်မှန်အောင်တည့်ပေးကြပါ...။ မေတ္တာတရား သည်သာ အကောင်းဆုံးသော အရာ အဖြစ်မှတ်ယူပြီး လူသားချင်းစာနာကြပါ..။ လောင်နေတဲ့မီးကို ပိုလောင်အောင် ကိုယ် ပရောဂနှင့် ပြုလုပ်ခြင်းသည်... ၀ံသာနု ဆိုသော အမျီုးကို ချစ်စိတ်မဟုတ် သည်ကို ကျွန်တော့်၏ အာဘော်လေး ဖတ်မိပြီး သတိပြု နိုင်ကြပါစေသော်.......။

အားကစားသတင်းwebsite များ


============== ဘောလုံးပွဲများ တိုက်ရိုက်ကြည့်ရန်http://www.atdhenet.tv/ ဥရောပပွဲများတိုက်ရိုက် ကြည့်ရန်http://livefooty.doctor-serv.com/ ပရီးမီယားပွဲများ ပြန်ကြည့်ရန်http://www.premtube.com/ ဥရောပ ကန်ပြီး ပွဲများကြည့်ရန်http://www.footscores.com/ မြန်မာဘောလုံးချစ်သူများhttp://www.mutdfan.com/ မြန်မာဂိုးhttp://www.myanmargoal.com/ ၂၀၁၀ ကမ္ဘာ့ဖလားပွဲစဉ်များhttp://www.fifa.com/worldcup/ Live-Scorcehttp://livescore.eu/ BBC-Sporthttp://news.bbc.co.uk/sport2/hi/football/results/default.stm ပရီးမီယားသွင်း၈ိုးကြည့်ရန်http://www.justin.tv/uefa6#r=rPYecrU%7E အားကစားတီဗွီ ကြည့်ရန်http://www.justin.tv/uefa6#r=rPYecrU%7E အားကစား ချယ်နယ်များhttp://www.iraqgoals.net/ ဥရောပ အားကစားပွဲများhttp://uk.eurosport.yahoo.com/ မန် ယူ အသင်းhttp://www.manutd.com/default.sps?pagegid=%7B78F24B85-702C-4DC8-A5D4-2F67252C28AA%7D&itype=12977&pagebuildpageid=2716&bg=1 လီပါပူးအသင်းhttp://www.liverpoolfc.tv/splash/howlow_arsenal_0209.shtml ချယ်စီး အသင်းhttp://www.chelseafc.com/page/Chelsea_TV_Details/0,,10268%7E1492199,00.html အာစင်နယ် အသင်းhttp://www.arsenal.com/home

ဘာသာစကား ၂၄ မျိုး မှ မြန်မာသို့ တိုက်ရိုက် ပြန်ဆို နိုင်သော ၀က်ဘ်ဆိုက် တစ်ခု လွှင့်တင်ထား


ဘာသာစကား ၂၄ မျိုး မှ မြန်မာသို့ တိုက်ရိုက် ပြန်ဆို နိုင်သော ၀က်ဘ်ဆိုက် တစ်ခု လွှင့်တင်ထား ဘာသာစကား ၂၄ မျိုး မှ မြန်မာဘာသာသို့ ပြောင်းလဲ ဘာသာပြန်ပေး နိုင်သော ၀က်ဘ်ဆိုက် တစ်ခု လွှင့်တင် ထားပြီး ဖြစ်၍ မြန်မာဘာသာ ပြန်ဆိုမည့် သူများ အတွက် လွယ်ကူ အဆင်ပြေ စေကြောင်း ၆-၆-၂၀၁၁ ရက် က သိရသည်။ ယင်း ဘာသာစကား ၂၄ မျိုးမှာ အင်္ဂလိပ်၊ ဟီးဘရူး၊ ဂရိ၊ ပေါ်တူဂီ၊ အာရေဘစ်၊ စပိန်၊ နော်ဝေး၊ ဆွီဒင်၊ ဂျာမန်၊ ရုရှား၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ မလေးရှား ၊ ဗီယက်နမ်၊ ထိုင်း၊ ဟိန္ဒီ၊ ရိုမေးနီးယား၊ ပြင်သစ်၊ ဒပ်ခ်ျ၊ Finish ၊ ဖိလစ်ပိုင်၊ Polish နှင့် Danish ဘာသာစကားများ ဖြစ်ပြီး အဆိုပါ ဘာသာစကား ၂၄ မျိုးကို မြန်မာ ဘာသာသို့ ပြန်ဆိုရန် http://www.myordbok.com သို့ ၀င်ရောက် ရမည် ဖြစ်ကြောင်း သိရသည်။ " ၀င်ပုံက လွယ်ပါတယ်။ ဒီ ၀က်ဘ်ဆိုက်ထဲကို ၀င်လိုက်ပြီးရင် Search Box ထဲမှာ ဘာသာပြန် ချင်တဲ့ စာပိုဒ်၊ စာကြောင်းကို Copy၊ Paste လုပ်ချ လိုက်ရုံပဲ။ ပြီးရင် Enter ခေါက်လိုက်တာ နဲ့ မိနစ်ပိုင်း အတွင်း လိုသလို ဘာသာပြန် ပေးပါတယ်" ဟု အဆိုပါ ၀က်ဘ်ဆိုက်ကို လတ်တလော သုံးစွဲနေသူ တစ်ဦးက ရှင်းပြသည်။ အဆိုပါ http://www.myordbok.com သို့ ၀င်ရောက် လေ့လာကာ ဘာသာပြန် လိုသူများ အနေဖြင့် ဘာသာမပြန်မီ အဆိုပါ ဆိုက်၏ လုပ်ဆောင်ချက်များကို ကြိုတင် လေ့လာ သင့်ကြောင်း သိရပြီး အဆိုပါ ဆိုက်မှာလည်း အင်တာနက် သုံးစွဲသူများ အကြား မေလ နောက်ဆုံးပတ် အတွင်း နှင့် ဇွန်လ ပထမပတ် အတွင်းမှာ ပင် အသုံးပြုမှု များပြား လာကြောင်း သိရသည်။

သံယောဇဉ်...။

သံယောဇဉ်...။ သက်ရှိများတွင် သိတတ်သော သဘောရှိသည့် ကာလမှစ၍ အခြေပြုဖွဲ့စည်းလာသော ခံစားမှုတစ်ခုသည်""သံယောဇဉ်"" ဖြစ်ပါသည်..။ သံယောဇဉ်ဆိုသည်မှာ တစ်စုံတစ်ယောက်က တစ်စုံတစ်ဦးကို တွယ်တာခြင်းသဘော၊တစ်စုံတစ်ဦးက တစ်စုံတရာကို တွယ်တာခြင်း သဘောဖြစ်ပါသည်..။ တွယ်တာခြင်းဆိုသည်မှာ ရင်ထဲမှ ညွှတ်နူးပျှော်ဝင်လာသောစိတ်နှင့်အတူ ခံစားမှုပေါင်းစုံစတင်သောစိတ် အစလေး တစ်ခုဖြစ်ပါသည်...။ ထိုတွယ်တာခြင်းမှပင် ချစ်ခြင်း ဖြစ်လာသည်။ ထိုတွယ်တာခြင်းမှပင် မုန်းတီးခြင်း ဖြစ်လာသည်။ ထိုတွယ်တာခြင်းမှပင် အားအင်များ ဖြစ်လာသည်။ ထိုတွယ်တာခြင်းမှပင် ခွင့်လွှတ်သည်းခံခြင်း ဖြစ်လာသည်။ ထိုတွယ်တာခြင်းမှပင်လျှင် အဆုံးစွန်ပေးဆပ်နိုင်သော သတ္တိထူးများ ထွက်ပေါ်လာကြပါသည်....။ ဒီအပြင်သော နောက်ဆက်တွဲ ခံစားမှုများသည်လည်း ဒီတွယ်တာမှုမှပင် ဆက်လက်ဖြစ်ပေါ်တတ်ပါသေး သည်..။ မုန်းသည်ဟု ဆိုရာမှာတောင် မုန်းသည့် တစ်စုံတစ်ဦး (သို့) တစ်စုံတစ်ခုအပေါ် တွယ်တာခဲ့မှု သံယော ဇဉ် ကြောင့်သာလျှင် မုန်းသည်ဆိုသောခံစားမှု ဖြစ်ပေါ်ခြင်း ဖြစ်ပါသည်...။ ခံစားမှုအခြေခံ အကြောင်းတရားမရှိပါလျှင်၊ မပါပါလျှင် မည်သည့်နောက်ဆက်တွဲ ခံစားမှုပုံပြများမှ ထပ်ဖြစ် ပေါ်လာစရာ အကြောင်းမရှိပါ...။ ထို့ကြောင့်သာ..... သံယောဇဉ်ကြောင့် ချစ်ကြသည်။ သံယောဇဉ်ကြောင့် မုန်းကြသည်။ သံယောဇဉ်ကြောင့် ပေးဆပ်ကြသည်။ သံယောဇဉ်ကြောင့်သာ ခွင့်လွှတ်သည်းခံလာနိုင်ကြပါသည်..။ သံယောဇဉ်ဆိုသည်မျိုးမှာ အလွန်ခန့်မှန်းရခက်သော ခံစားမှုတစ်ခု ဖြစ်ပါသည်..။ သံယောဇဉ် ဟု ဆိုရာတွင် သဲယောဇဉ် ပုံပြပေါင်း မြောက်များစွာ ရှိပါသည်..။ မိဘ သံယောဇဉ်၊ သားသမီး သံယောဇဉ်၊ မောင်နှမ သံယောဇဉ်၊ ချစ်သူရည်းစား သံယောဇဉ်၊ ဖြူစင်သော သူငယ်ချင်း သံယောဇဉ်၊ သက်မဲ့အရာဝတ္တုများကို တွယ်တာမက်မောသော သံယောဇဉ်နှင့် တစ်စုံတစ်ဦးမှ တစ်စုံတစ်ယောက်ကို ၊တစ်စုံ တစ်ယောက်မှ တစ်စုံတစ်ခုကို တွယ်တာမှု သံယောဇဉ် ဟူ၍ သံယောဇဉ်များကို ခွဲခြမ်းစိတ်ဖြာလို့ ရပါသည်..။ ထိုထို သံယောဇဉ်များစွာထဲတွင် မည်သည့်သံယောဇဉ် အမျိုးအစားက သာလွန်သည်ဟု မရှိပေ။ အားလုံးသော သံယောဇဉ်များသည် သူ့ခံစားမှုနှင့်သူ ၊ သူ့အကြာင်းပြချက်များနှင့်သူ တန်းတူ ခံစားရနိုင်စွမ်းရှိကြပါသည်..။ မည်သို့ပင်ဆိုစေ,,,,,, တစ်စုံတစ်ဦးမှ တစ်စုံတစ်ယောက်ကို သံယောဇဉ် ရှိရှိ ။ တစ်ယောက်ကပဲ တစ်စုံတစ်ခုကို သံယောဇဉ်ရှိရှိ ။ သံယောဇဉ် ခံစားစရာရယ်လို့ ရှိလာပြီဆိုလျှင် ရှိလာသူ၏ ရင်တွင်းတွင် ရှိသည့်အချိန်မှစ၍ ခံစားရပေပြီ ။ စတင် ဖြစ်ပေါ်လာသော သံယောဇဉ်က ဖြစ်ပေါ်သောအကြောင်းတရားနှင့်အညီ ပုံပမာဖွဲ့ရာတွင် ကောင်းသော အကြောင်းမိတ်ဆက်ကို ကောင်းသောအကျိုးနှင့် ပုံဖွဲ့မည် ဖြစ်ပြီး.....မကောင်းသော အကြောင်းတရားနှင့် ဖွင့် ဆိုလာသော ထိတွေ့မှုကို မကောင်းသော အကျိုးခံစားမှုနှင့်သာ စတင်ပုံဖွဲ့ပါလိမ့်မည်...။ သံယောဇဉ်ရယ်လို့ ဖြစ်လာပြီ... ရှိလာပြီ ဆိုလျှင် သံယောဇဉ်တရားမှ နောက်ဆက်တွဲဖြစ်ပေါ်လာသော ခံစားမှု များကို မည်သူတစ်ဦးတစ်ယောက်မှ ရှောင်လွဲလို့မရပေ ။ သို့သော် လူသာမန်တွေထက်ထူးသော စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ပိုင်ဆိုင်ထားသော လူထူးလူဆန်းများကတော့ သံယောဇဉ်များကို အလွယ်တကူ ဖြတ်တောက်ကျော် လွှား သွားနိုင်ကြလေသည်။ သာမန်လူများအတွက်တော့ သံယောဇဉ်တစ်ခုကို မွေးဖွားမိပြီဆိုလျှင် ထိုသံယောဇဉ် ၏ နောက်ဆက်တွဲ ကောင်းသောခံစားမှုနှင့် ဆိုးသောခံစားမှုများကို မသွေမုချ ခံစားရစမြဲ ဖြစ်ပါသည်။ သံယောဇဉ်တွယ်တာမှုတစ်ခု ဖြစ်ပေါ်ပြီဆိုလျှင် များသောအားဖြင့် ကောင်းသောပုံပြခံစားမှုများထက် ဆိုးသော စိတ်ပင်ပန်းခြင်းများကိုသာ ပို၍ဖြစ်ပေါ်စေပါသည်..။ သံယောဇဉ်ဆိုသည့် ခံစားမှုသဘောတရားကို သက်ရှိများ၌ ကင်းကွာအောင် ရှောင်ဖယ်ထား၍ နေလို့မရကြပါ။ အဘယ့်ကြောင့်ဆိုသော် သက်ရှိများ၏ စိတ်သဘာဝသဘောသည် တစ်ပါးသူနှင့် တစ်ပါးအခြားကို တွယ်တာ မက်မောတတ်သော သဘောရှိခြင်းကြောင့် ဖြစ်ပါသည်။ တစ်စုံတစ်ဦးကို တွယ်တာချင်သည်၊ တစ်စုံတစ်ခုကို တွယ်တာလိုသည်... ဆိုခြင်းများသည် သံယောဇဉ်ခံစားမှု အစ ဖြစ်ပါသည် ။ ဘယ်သို့ဆိုဆို သံယောဇဉ်တရားကို စမိသူသည် စမိလျှင်စမိခြင်း ခံစားရပါမည်။ သံယောဇဉ်တရားကို စတင် လက်ခံ ယူဆောင်ခံစားမိပါလျှင် ယူဆောင်ခံစားသူ၏ စိတ်အခံအင်အားရှိသည့်အလျောက် တန်ပြန်သောအင်အား ရှိသည့် ခံစားမှုကို ရပါမည်။ များသောအားဖြင့် သံယောဇဉ်ကြီးလျှင် နောက်ဆက်တွဲ ခံစားမှုအားကြီးပါသည်။ ထိုနောက်ဆက်တွဲ ခံစားမှု အားကြီးခြင်းကြောင့် ပူပန်မှု၊ စိုးရိမ်ထိတ်လန့်မှု ၊ ဆုံးရှုံးမှု ၊ ဖြစ်စေချင်မှု ၊ အောင်မြင်စေချင်မှု ၊ ..........၊......... ..၊ စသည့် မှုပေါင်းများစွာသည် ထုထည်ကြီးမားစွာ မိမိအပေါ်နှိပ်စက်ထုထောင်းတတ်ပါသည်..။ ထိုကြောင့် စိတ်ပင်ပန်းမှုဒဏ်မခံလိုသောသူ ၊ နည်းလိုသောသူများသည် သံယောဇဉ်တွယ်တာမှု ဖြစ်စဉ်များ ကို လျော့ပါးအောင်နေထိုင်ကြခြင်း ဖြစ်ပါသည်..။ " သံယောဇဉ် ဟူသည် ခံစားမှုကိုပေးပါသည်။ ထိုခံစားမှုသည် အတော်မသတ်သော နောက်ဆက်တွဲ ခံစားမှု များစွာကို ထပ်မံပေးပါသည် ။ ထိုအတောမသတ်နိုင်သော နောက်ဆက်တွဲခံစားမှုများကသည်လည်း မဆုံးနိုင်သော ပြုလုပ်မှု များကို ဖြစ်စေပါသည်..။ ယင်းပြုလုပ်မှုများသည် ကောင်းသော ဖြစ်တည်မှုများ ဖြစ်လာနိုင်သလို မ ကောင်းသော ဖြစ်တည်မှု ပြယုဂ်များလည်း ဖြစ်ပေါ်လာစေနိုင်ပါသည်..။" ထိုကဲ့သို့ မကောင်းသော ဖြစ်တည်မှုများ ဖြစ်ပေါ်လာသောအခါ..... သံယောဇဉ်သည် လူသတ်သမားဖြစ်ရန် တွန်းအားဖြစ်သွားပါမည်...။ သံယောဇဉ်သည် ဆွဲကြိုးချသေရန် စိတ်ခံစားမှု အဖြစ် ပြောင်းလဲသွားပါမည်။ သံယောဇဉ်သည် အရှက်ကင်းမဲ့သော အချစ်ကျေးကျွန် ဖြစ်သွားပါမည်။ သံယောဇဉ်သည် မိမိကိုယ်ကို မိမိ ဂရုမစိုက်မိတော့လောက်အောင် ဆိုးရွားသောဘ၀ကို ရောက်စေသော လက် သည်တရားခံ ဖြစ်လာပါလိမ့်မည်..။ ထို့ကြောင့် သံယောဇဉ်တစ်ခုကို မစမိလျှင် အကောင်းဆုံး ဖြစ်ပါသည်။ ထိုမှမဟုတ် မထိမ်းနိုင်၍ စမိပြီဆိုလျှင် လည်း သံယောဇဉ်အားမကြီးအောင် မိမိအတွင်းအဇ္ဈတ္တစိတ်ကို ချိုးနှိမ်ထားသင့် ပါသည်..။ "အမှန်တကယ်တော့ သံယောဇဉ်ဟူသော ခံစားမှုသည် မိမိကိုယ်ကို ချစ်ခြင်းဟူသော မူပိုင်အတ္တတရားမှ မွေးဖွား လာသော သိမ်မွေ့ညင်သာသည့် ခံစားမှုတရားတစ်ခုသာလျှင် ဖြစ်ပါသည်..။"

အင်္ဂလိပ်စာ four skill ကိုမြန်မာလိုလေ့လာသင်ယူရန်

အင်္ဂလိပ်စာ ကို မြန်မာလို အသံဖိုင်ဖြင့် သင်ယူလိုသူများ အတွက် ၀က်ဘ်ဆိုက် ဖြစ်ပါတယ်။ http://www.thebestenglish4you.com/ ၀င်ရောက်လေ့လာပါက အကျိုးကျေးဇူး ရရှိမှာ အမှန်ပါ။

မန်မာမျိုးဟေ့ တို့မြန်မာ...။

မြန်မာ မြန်မာ ဆိုသည်မှာ အထင်ကရ သမိုင်းနှင့် မျိုးနွယ်အခြေခံ ကြီးကြီးမှ ဆင်းသက်ပေါက်ဖွာလာသော အဆင့်အတန်းရှိသည့် လူမျိုးစု တစ်စု ဖြစ်သည့်အားလျော်စွာ မြန်မာတို့၏ ရှေ့သမိုင်းတို့သည် လည်း အိမ်နီးချင်း နိုင်ငံများတင်မ က ကမ္ဘာကပါ မြန်မာတို့ အကြောင်းကို သိကြလေ၏...။ သိအောင် လုပ်သောသူများကလဲ မတို့တထိ လုပ်ဆောင်ခဲ့ကြခြင်းမဟုတ်၊ ဦးအောင်ဇေယျက ၀ါးရင်းတုတ်နဲ့ ပြည်တက်သိမ်းတယ်....။ ဘုရင်နောင်က စစ်သည်ရာမကျော်ပဲ ထောင်ချီသောရန်သူတပ်မကြီးကို ဖောင်ဖျက်ပီး ၀င်တိုက်သည်. ။အနော်ရထာက တိုင်းပြည်အတော် များများကို ဘုန်းတန်ခိုးကြီးမားစွာမင်းလုပ် အုပ်ချုပ်ပြီး ကမ္ဘာ့ နေရာဒေသ တော်တော်များများကို ဗုဒ္ဓသာသနာစည်ပင် ပြန့်ပွားစေခဲ့သည်...။ ထိုကဲ သို့ပဲ ဘုရားရှင်ကိုယ်တော်မြတ်ကြီး လက်ထက်တော်တွင်းလဲ အမျိုးဇတ်ကြီးမားသော မြန်မာအစသာကီဝင်မင်းမျိုးတို့သည် အမျိုးဂုဏ်ဇတ်မြင့်မားမှုကို မျိုးနွယ်စု တစ်ခုလုံး လိုက်နာထိမ်းသိမ်းခဲ့ကြသည်...။ မြန်မာတို့၏ ဂုဏ်ပုဒ်များကို ပြောပြလျှင် တစ်ထောင် တစ်ည ပုံပြင်ထက် ပိုများပြားပေလိမ့်မည်...။ သမိုင်းတစ်လျှောက်ပြန်ကြည့် လျှင်မြန်မာတို့သည်.... ယဉ်ကျေးကြသည်...။ ခွင့်လွှတ်သည်းခံမှုအားကြီးကြသည်....။ ကိုယ့်စာပေ ၊ ကိုယ့်ဂီတ ၊ ကိုယ်ဘာသာ ဖြင့် တသီးတကန့် ရပ်တည်ခဲ့ကြသည်....။ အဆင့်အတန်းမြင့်မားသော လူမျိုးစုများဖြစ်ကြသည်....။ သို့သော် ယခု မြန်မာတို့၏ ၂၁ ရာစုခေတ်ပုံသဏ္ဍန်များနှင့် ယှဉ်ကြည့်လိုက်လျှင်တော့ မြန်မာတို့၏ ပြယုဂ်များသည် ယခင်ကရှိခဲ့သော သမိုင်းနှင့် မြင့်မြတ်မှုများကို ဘယ်လို မှ ဆက်ဟပ်၍ မရနိုင်တော့ပေ....။ ယခုအချိန်တွင် ပိုးအင်္ကျီနှင့်ချိတ်ထမီအစား ကွာတာပင်နှင့် ကြိုးတစ်လုံးအင်္ကျီက နေရာယူထား၏..။ အားကောင်မောင်းသန် ၂၇ တောင်ဝတ်မင်းယောကျာင်္းတွေက ဆံပင်တွေ ကလိန်ကွေးကောက်ကာ ဖြူဖတ်ဖြူရော်မျက်နှာနဲ့ ခေတ်အခေါ် ဂျော်တကီးတွေ ဖြစ်နေကြ၏..။ ထိုကဲ့သို့ပဲ မြန်မာထမင်းဝိုင်းမှ မြန်မာတို့၏ ရိုးရာစားစရာ ငပိရည်နှင့်တို့စရာစုံစုံလင်လင်နေရာတွင် ကိုရီးယားကင်နှင့် နိုင်ငံတကာ အစားအစာများက ဥဒဟို ၀င်ထွက်နေရာယူနေကြပြီ..။ မြန်မာဂီတကို အရောအနှောများဖြင့်ပုံစံပြောင်းကာ ဗုံးတီးသံကို ဘေ့စ်သံနှင့် ပျောက်အောင်ဖျောက်နေကြသည်...။ မြန်မာရိုးရာ အ၀တ်အစားများကို ရက်ပ်ပါအ၀တ်အစားများ ရောနှောကာ ယိမ်းအကကို ဒန့်စ်ဆွဲနေကြသည်...။ ယုတ်စွှအဆုံး အိနြေ္ဒကြီးလှသော မြန်မာ အမျိုးသမီးလေးများကပင် သုံးနှစ်သုံးမိုးစောင့်၍ ဘ၀လက်တွဲဖော်ရွေးချယ်ရာ ကိစ္စကို မိမိတို့သဘောနှင့် မိမိတို့ပယ်ဖျက်၍ ဗယ်လင်းတိုင်းနေ့ညတွင် တည်းခိုးခန်းသွားပြီး မိဘတွေ ကျေးဇူးဆပ်ကြသည်....။ ကိုယ်ကျင့်တရားကောင်းမွန်ခံသော မြန်မာအမျိုးသားများကလဲ နှမချင်းမစာနာစွာ ပဲ အလိုတူ မြူစွယ်ကြသည်....။ ထိုနည်းလည်းကောင်းပဲ ဘာသာခြားကို ငွေမျက်နှာတစ်ခုတည်းကြည့်၍ ဘ၀ပေး ပေါင်းကြသည်...။ ကုလားလင်ဖြစ်ဖို့ထက် ကုလားမယား အဖြစ် အဖြစ်ခံနေရခြင်းက ပိုများနေသည်..။ ဒါကိုလဲ မြန်မာအမျိုးကောင်းသားကြီးတို့က နာရမှန်းမသိ လက်စားချေ ဟန့်တားရမှန်းမသိကြပေ..။ စဉ်းစားပြီးလဲ မသုံးသပ်ကြပါ...။ ကုလားမလင်၊ တရုပ်မလင်၊ နိုင်ငံခြားသူလင် ဖြစ်မှုအရေအတွက် ထက်..... ကုလား မယားတွေ.... တရုပ် မယားတွေ..... တိုင်းတပါးသား မယားတွေ ...မိမိတို့ လူမျိုး အမျိုးကောင်းသမီးတွေ ဖြစ်နေကြသည်ကို အလေ့မပြုမိကြပါ....။ ထိုသို့ဆိုလျှင် ကျိမ်းသေးပါသည် မြန်မာနိုင်ငံသည် များမကြာသော အချိန်ကာလတွင် တစ်ချိန်က ဗုဒ္ဓဘာသာ ကိုးကွယ် ခဲ့သော အင်ဒိုနီးရှား နိုင်ငံနည်းတူ တိုင်းတစ်ပါးသားတို့လက်တွင်းသို့တိုင်းပြည်ကျရောက်၍ လူမျိုးပါပျောက်ရပေလိမ့်မည်....။ မြန်မာသည်မြန်မာဖြစ်ပါသည်....။ မြန်မာသည် ကိုရီးယား လူမျိုးမဟုတ်ပါ....။ ကိုယ့်အမျိုးကိုယ့်ဘာသာဖြင့် ရပ်တည်နေ သော နိုင်ငံသည် မြန်မာနိုင်ငံဖြစ်ပါသည်...။ အဆင့်အတန်းရှိသော တိုင်းပြည်ဖြစ်ပါသည်....။ မျိုးစစ်မျိုးမှန်တို့ ဌာနေ ဖြစ် ပါသည်...။ ကမ္ဘာပေါ်ရှိ အဆင့်အတန်း အမြင့်ဆုံး ထိပ်သီးနိုင်ငံ တစ်နိုင်ငံဖြစ်သော အမေရီကန်နိုင်ငံပင် လျှင် မြန်မာနိုင်ငံလို မျိုးရိုး၊ သမိုင်းစစ်စစ် မရှိသောမျိုးမစစ်နိုင်ငံ ဖြစ်ပါသည်....။ မြန်မာလူမျိုးတို့၏ အမျိုးဂုဏ်ကို စောင့်ထိမ်းရန်မှာ မြန်မာလူငယ်တို့၏ တာဝန်ဖြစ်ပြီး..... မြန်မာ့အမျိုးဂုဏ် ယဉ်ကျေးမှုကို လက်ဆင့်ကမ်း ပေးရန်မှာ မြန်မာလူကြီးတို့၏ တာဝန်ဖြစ်ပါသည်....။ ထိုသို့တာဝန်ကျေပွန်မှု မရှိလျှင် အမျိုးပျောက်ပါတော့မည်...။ မကြာသေးခင်ကမှ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်အဓိကရုန်းကို ကြည့်၍ သင်ခန်းစာ ယူသင့်ကြပါသည်....။ မြန်မာလူကြီးဖြစ်သောမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌကြီး က ၄င်းတို့ပါတီ အနိုင်ရရန်အတွက် မဲပေးခိုင်းပီး နိုင်ငံတွင်းခိုလှုံခွင့်ပေးခဲ့သော ဘင်္ဂါလီကုလားများ သည် မည်မျှ လောက်ထိ မိမိတို့ ပြည်ထောင်စုဖွားများကို ယနေ့ နှိပ်စက်ခဲ့ကြသနည်း...။ ဦးနေ၀င်း ဆိုသော မြန်မာ လူကြီး တစ်ဦး၏ မှားယွင်းသော လက်ဆင့်ကမ်းထိမ်းသိမ်းမှုကြောင့် ယခု အချိန်တွင် ထိုကဲ့သို့ ရှင်းမရသော မလိုလားအပ်သည့် ပြဿနာ များ ပေါ်ပေါက်လာခဲ့ရပါ၏ ။ မိမိတို့ နိုင်ငံတွင်း လူမျိုးများ ထိခိုက် ပျက်ဆီးခဲ့ရပါသည်..။ ထို့ကြောင့် မြန်မာအမျိုးဂုဏ်ကို သေခါနီးလူကြီးများက ပို၍ဂရုစိုက်သင့်ပါသည်...။ ထိုမှ သာလျှင်လူငယ်များ အတုခိုးမှန်ပါလိမ့်မည်။ရှေ့နွား ဖြောင့်ဖြောင့်မသွားလျှင် နောက်နွားလဲ ဖြောင့်ဖြောင့်လိုက်မည် မထင်ပါ....။ မြင်မြတ်သော အမျိုးဂုဏ်ကို အသေးအဖွဲကိစ္စမှ စ၍ မြန်မာတို့သည် ထိမ်းသိမ်းစောင့်ရှောက်သင့်ပါသည်...။ မနှစ်က ဖြစ်ပျက်ခဲ့ သော မလေးရှားမြန်မာ ဘောလုံးပွဲမှ အဖြစ်မျိုးသည် လွန်စွာ နိုင်ငံတကာတွင်း မြန်မာလူမျိုးတို့၏ ပြယုဂ်သည် အကျည်းတန်စေခဲ့ပါ သည်....။ ပွဲမစခင်က မြန်နိုင်ငံတော်သီချင်းကို ဖင်ကုန်းပြီး အော် ခဲ့သလောက် ပွဲလည်တွင် ဖြစ်ပွားခဲ့သော အထိကရုန်းသည် လွန်စွာနိုင်ငံဂုဏ်ကို လျှောကျပျက်ဆီးစေပါသည်....။ ပရိတ်သတ်သည် အားပေးမည် ဖြစ်သည်...။ သို့သော် ထိုပရိတ်သတ်ကို ထိမ်းရန်မှာ ထိုပရိတ်သတ် ကိုယ်စားပြု ကစားသမားများ၏ တာဝန်ဖြစ်ပါသည်...။ ယခုတော့ ထိုကဲ သို့မှ မဟုတ် ၄င်းတို့က ထိမ်းမယ်မှ မကြံ...ကိုယ်တိုင် ခိုက်ရန်ဖြစ်ပွားကာ ဆဲဆိုအော်ဟစ်၍ ပရိတ်သတ်ကို ရန်မီးပွားတိုက်ခိုက်စေချင်သည် ယဉ်ကျေးသော မြန်မာ အမျိုးကောင်းသားတို့ လုပ်ရပ်မဟုတ်ပါ..... နိုင်ငံ့ကစားသမားကောင်း လုပ်ရပ်မဟုတ်ပါ....။ စာရေးသူတို့ အရိုးစွဲအောင် ငယ်စဉ်ကလေးဘ၀မှ စ၍ ကျောင်း၌ ရွတ်ဆိုခဲ့ရသော နိုင်ငံတော် သီချင်းသည် အလကား မဟုတ်ပါ။ထို သီချင်းသည် အလွန်အဓိပ္ပါယ် လေးနက်သော စာသားများနှင့် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်ပါသည်...။ ထို နိုင်ငံတော် သီချင်းကို ရွတ်ဆို ၍ စာရေးသူတို့ ဘိုးဘွားများသည် နိုင်ငံတော် ရန်ကို အသက်ပေး၍ ကာကွယ်ခဲ့ကြပါသည်....။ သွေးများစွာပေး၍ တည်တံ့စေခဲ့ သော မြန်မာ့နိုင်ငံတော် သီချင်း ဖြစ်ပါသည်...။ ကိုယ်မျိုး..ကိုယ်မြေမှာ ရှင်သန်နေလျှက်နှင့် မွေးဖွားလာလျှက်နှင့် မည်သို့ကြောင့် မြန်မာ များ ယခုခေတ်ကာလတွင် အမျိုးဖျက် နေကြ သနည်း...။ မိမိတို့ လုပ်ရပ်များသည် ကိုယ့်မျိုး၊ ကိုယ့်နိုင်ငံဂုဏ် ၊ကိုယ့်ယဉ်ကျေးမှုကို မသိကြပေ၍လော....။ ထိုမှမဟုတ်မရှက်တတ်ကြပေ၍လော...။ ကိုယ်နိုင်ငံတန်ဖိုးကို မသိကြပေ၍လော....။ မေ့လျော့နေကြသည်လော့...။ ထိုကဲ့သို့ ဆိုလျှင်..... မြန်မာနိုင်ငံတော် သီချင်းကို သေသေချာချာ တစ်ခေါက်မျှ ပြန်ဆိုကြည့်စေချင်ပါသည်....။ "မြန်မာမျိုးဟေ့ တို့မြန်မာ" ဆိုသည့် စကားပေါ်ထွက်လာခဲ့သော အင်္ဂလိပ်ခေတ် သူ့ကျွန်ဘ၀က သခင်များ၏ ရွတ်ဆိုသံများကို ပြန် လည်ကြားယောင်စေချင်မိပါသည်.....။

ကွန်ပျူတာစကားလုံးအဘိဓာန်


သူငယ်ချင်းတို့ရေကိုယ်သိချင်တဲ့စကားတွေinternetမှာတွေရင်သိချင်တယ်ဆိုရင်ဒီဆိုက်ဒ်လေးကို သွားကြည့်နော်ဒီဆိုက်ဒ်လေးကကူညီနိုင်ပါတယ်သူရဲ့လိပ်စာကတော့ http6//:www.netlingo.comနော်အခက်ခဲတွေဖြစ်နေတယ်ဆိုရင်ဝင်ရှာလိုက်နော်

ဒီမိုကရေစီ နိုင်ငံတော်...။


တကယ်တော့ ကျွန်တော်တို့ လိုလားတဲ့ ၊ တောင်းတတဲ့ ဒီမိုကရေစီမူဝါဒဟာ ..... ဖွံဖြိုးဆဲနိုင်ငံတစ်နိုင်ငံတောင် မဖြစ်သေးတဲ့ ကျွန်တော်တို့ နိုင်ငံအပေါ် အကောင်အထည်ဖော်မှု သက်ရောက်လာတဲ့ ကနေ့မှာ...... အကောင်အထည်ဖော်ခွင့်ရ တဲ့ ပထမဦးဆုံးသော အစိုးရသစ်အတွက် လုပ်တတ်ရင် ဒီမိုကရေစီစနစ်ကို စတင်ဖော်ဆောင်တဲ့ သူရဲကောင်း အစိုးရ ဖြစ်လာနိုင်သ လို.. အသွင်းကူးပြောင်းဆဲ ကာလမှာ တစ်ချက်လောက်မှားယွင်းစွာ အကောင်အထည်ဖော်မှုတစ်ခု ပြုမိခဲ့ရင် ... ဘယ်လိုမှ သမိုင်းမှာ အဖတ်ဆယ်လို့မရတဲ့ ပြည်ဖျက်အစိုးရ ဖြစ်သွားနိုင်ပါတယ်....။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီ ဖော်ဆောင်မှုလို့ခေါ်တဲ့ (democratic.) မူဝါဒဟာ ဖြစ်ပေါ်ပြီးနောက် နိုင်ငံ့ တိုးတက် မှု နဲ့ နိုင်ငံတွင်း အခြေခံလူ့အခွင့်အရေးကို ရရှိပိုင်ဆိုင်ရာမှာ မြိုင်မြိုင်ဆိုင်ဆိုင် ၊ ပြည့်ပြည့်၀၀ ၊ အတိုင်းထက်အလွန် ရရှိနိုင်စေပေမယ့် စတင်အသွင်ပြောင်းခါစ ကာလမှာ တိုင်းပြည်ပျက်သွားလောက်သည်အထိ အလွန်အင်မတန်မှ အန္တရယ်ရှိလို့ပဲ ဖြစ်ပါတယ်...။ ဒီမိုကရေစီကျတဲ့ အစိုးရတစ်ရပ်ပေါ်ထွန်းရေးဟာ အင်မတန် ခက်ခဲပါတယ်.။ ကမ္ဘာပေါ်မှာ ဒီမိုကရေစီ မူဝါဒစတင်ဖော်ဆောင် နေစဉ်မှာပဲ.... တိုင်းပြည်ပြိုကွဲပျက်ဆီး သွားရတဲ့ နိုင်ငံတွေဟာ လက်ချိုးရေတွက်ကြည့်လို့ မရလောက်အောင် များခဲ့ ပါပြီ...။ ဒီမို ကရေစီ ဆိုတာ စနစ်တစ်ခုထဲကို ပြောင်းလဲစေတဲ့ မူဝါဒတစ်ခုမဟုတ်သလို .. ဦးစားပေး အကြောင်းအရာတပ်ပြီး ကိုယ်မြှင့်ချင်တဲ့စနစ် ကို ရွေးမြှင့်လို့လဲမရနိုင်ပါဘူး...။ စီးပွားရေး၊ လူမှုရေး ၊ ကျန်းမာရေး ၊နိုင်ငံတော်ကာကွယ်ရေး စတဲ့ နိုင်ငံနဲ့သက်ဆိုင်တဲ့ ဘက်ပေါင်းစုံ က ကိစ္စရပ်တိုင်းကို တစ်ပြိုင်နက် မြှင့်တင်ရတာကို ဒီမိုကရေစီစနစ် ထူထောင်တယ်လို့ သဘောအားဖြင့် ဆိုရမှာ ဖြစ်ပါတယ်...။ ဒါကြောင့် နိုင်ငံတစ်ခုမှာ ဒီမိုကရေစီမူဝါဒကို စတင်အသက်သွင်းပြီဆိုရင် စတင်အသက်ဝင်အောင် စွမ်းဆောင်ရတဲ့ အစိုးရသစ် ဟာ အလွန်ပင်ပန်းရပါတယ်....၊ သာမန်အတွေးအခေါ် ၊ သာမန်ဦးနှောက် ၊ သာမန်နည်းပညာစွမ်းအားမျိုးလောက်နှင့် သာမန်အရင်စနစ် ဟောင်းကပါလာတဲ့ အယူအဆမျိုးလောက်နှင့်သာ ဖော်ဆောင်မယ်ဆိုရင် ပီသတဲ့ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်ပေါ်လာနိုင်ခြေဟာ ဘယ်လိုမှ ဖြစ်လာနိုင်စရာမရှိလောက်အောင် အင်မတန်မှ နည်းပါးပါတယ်..။ ထူထောင်စ အခြေအနေမှာပဲ. ပြိုလဲပျက်စီးသွားပြီး ယခင် လိုအခြေအနေပြန်လည်ရောက်ရှိသွားမှာ သေချာပါတယ်....။ ဒါကြောင့် နိုင်ငံရဲ့ အခြေခံလူ့အခွင့်အရေးနှင့် အဖက်ဖက်တိုးတက်မှုတွေကို ဒီမိုကရေစီစနစ်နဲ့ ဖော်ဆောင်ရာမှာ ကမ္ဘာပေါ် မှာရှိတဲ့ ဖွံဖြိုးပြီးဒီမိုကရေစီနိုင်ငံများရဲ့ တည်ဆောက်မှုနည်းနာနိဿယျနှင့် လက်တွဲခေါ်ဆောင်ခံရခြင်း အကူအညီရမှုဟာ ထိပ်ဆုံးက အရေးပါတဲ့ အကြောင်းဖြစ်သလို... နိုင်ငံမှာ စနစ်တစ်ခုဆောလျင်စွာ အသက်ဝင်ပေါ်ထွန်းလာဖို့ အတွက်.. ပြည်တွင်းမှာ အေးချမ်းငြိမ် သက်နေဖို့ကလည်း လိုပြန်ပါတယ်....။ ပြည်တွင်းစစ် မဖြစ်နေဖို့ လိုပါတယ်...။ ထိုကဲ့သို့ပဲ..... ဒီမိုကရေစီမူဝါဒကို တတ်သိနားလည် ကျွမ်းကျင်ပိုင်နိုင်တဲ့ နိုင်ငံရေးဖော်ဆောင်မှုပညာရှင်တွေ နိုင်ငံတွင်း ရှိ နေဖို့လိုပါတယ်...။ ပြည်တွင်းနေ နိုင်ငံသားကဒ် ကိုင်ဆောင်ထားသူ နိုင်ငံသားများ အသိညဏ်မြင့်မားစွာ ရှိနေဖို့ လိုအပ်ပါတယ်...။ စည်းကမ်းနဲ့ ဥပဒေကို လိုက်နာတတ်ဖို့ ၊ထုတ်ပြန်တတ်ဖို့ ၊ လိုက်နာနိုင်ဖို့ ၊ ထုတ်ပြန်နိုင်ဖို့ လိုပါတယ်...။ ကိုယ်နှင့်ထိတွေ့ရာပါတ်ဝန်းကျင် မတိုးတက်တာကိုမြင်ပြီး တွေ့ရာမြင်ရာတွေ တွေ့သမျှ မြင်ရသမျှသော မိမိသဘောမတွေ့ မှုတွေကို လက်ညှိုးကြီး တစ်ငေါက်ငေါက်ထိုးတတ်တဲ့ (pessimistic.)အဆိုးမြင်ဝါဒ သမားတွေ မလုပ်သင့်ကြပါဘူး...။ နိုင်ငံတစ်နိုင်ငံအတွက် ဒီမိုကရေစီစနစ်ဖော်ဆောင်ရာမှာ သက်ဆိုင်ရာ အစိုးရက တာဝန်ရှိသလို ဒီမိုကရေစီစတင် အဖော်ဆောင် ခံတိုင်းပြည်မှာ နေထိုင်ကြတဲ့ နိုင်ငံသားတွေရဲ့ (citizen carlylethomas.) နိုင်ငံသားတွေရဲ့ ကိုယ်စားပြုတင်ပြချက် ၊သရုပ်ဖော်ချက် များဟာလဲ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါရှိပါတယ်...။ ဤကဲ့သို့သော် အခံသဘောထားများနှင့် အစိုးရနှင့်နိုင်ငံသား ဘက်အသီးသီးက ရှိကြရမှာ ဖြစ်သလို ........ ဒီမိုကရေ စီ ဖော်ဆောင်နေစဉ်ကာလမှာ အစိုးရသွားသလောက် ပြည်သူက လိုက်နိုင်ပြီး...... ပြည်သူတွေခိုင်းသလောက် အစိုးရက လိုက်လုပ်နိုင်အောင် ကြားခံဖြစ်တဲ့ လွှတ်တော်အရပ်ရပ်က တာဝန်ရှိအမတ်တွေဟာ..( the way the people think.) ပြည်သူတွေ ဘယ်လို စဉ်းစားတွေးခေါ်သလဲ... ဘာတွေကြုံတွေ့ခံစားနေရသလဲ....ဆိုတာ အမြဲမပြတ်လေ့လာနေသင့်ပါတယ်....။ သိသမျှ၊ ကြားသမျှ၊ မြင်သမျှ မိမိတို့ ကိုယ်စားပြုထားရာ ဒေသ၊ မြို့နယ်၊ပြည်နယ် များက ပြည်သူတွေရဲ့ လိုအပ်ချက်များကို အစိုးရ သိအောင် ရင် ကြားစေ့ပေး ရပါမယ်...။ နောက်တစ်ဖန် လွှတ်တော်၊ အစိုးရ ၊ ပြည်သူ သုံးဦးသုံးဖလှယ် အချိန်နဲ့ တပြေးညီ ပြည်တွင်း ဖြစ်ပေါ်မှု အခြေအနေ အ၀၀ကို သိအောင်လုပ်ရမယ့် သူများကတော့ စတုတ္ထမဏ္ဍိုင်လို့ အဆိုပြုထားတဲ့ မဏ္ဍိုင်ကြီး(၅) ရပ်ထဲက (the media.) လို့ ခေါ်တဲ့ သတင်း မီဒီယာ သမားတွေပါပဲ..။ ဒီသတင်းမီဒီယာ သမားတွေဟာ.... ကိုယ်တွေ့ရှိလာသော ပြည်သူတွေရဲ့ (information.) နှင့် (data.) တွေ ကို ရဲရဲဝံ့ဝံ့(literary criticism .) လို့ခေါ်တဲ့ ဝေဖန်ရေး မီဒီယာသမားများအဖြစ်အစိုးရနဲ့ လွှတ်တော်သိအောင်ဖော်ပြရဲတဲ့ သတင်းသမားများအဖြစ် ခံယူနိုင်ရဲ ၊ ဆောင်ရွက်နိုင်ရဲရပါ မယ်...။ (true temerity.) စစ်မှန်တဲ့ ရံဝံ့ခြင်းရှိရပါမယ်....။ ပြောရဲ၊ဆိုရဲ၊ရေးရဲ ရပါမယ်...။ ဒီလို အစိုးရ ၊ လွှတ်တော် ၊ပြည်သူ၊ မီဒီယာ ဘက်အသီးသီး တာဝန်ကျေမှသာလျှင် အလွန်အန္တရယ်ကြီးမားသော (democracy start term.) ဒီမိုကရေစီ စတင်ကာလကို အနှောက်အယှက်နည်းနည်း ပျက်ဆီးထိခိုက်မှု အနည်းဆုံးနှင့် ပြည်သူတွေလိုလားတောင်း တရာ ကျွန်တော်တို့ အားလုံးမျှော်လင့်ခြင်းကြီးစွာနှင့် မျှော်လင့်ခဲ့ရာ "ဒီမိုကရေစီစနစ်နှင့် တည်ဆောက်ထားသော နိုင်ငံတော်သစ်" ကြီးဆီကို အေးချမ်းစွာရောက်ရှိ ပိုင်ဆိုင်မှာ ဖြစ်ပါတယ်....။

HIV ပိုးရှိနေသူတွေကိုဆယ်ယောက်တယောက် HIV ပိုး ပျောက်နိုင်

HIV ပိုးရှိနေသူတွေကို ဆေးစောစောစီးစီးပေးတာ အလုပ်ဖြစ်အောင်ပျောက်နိုင်သူ ၁ဝ ယောက်မှာ ၁ ယောက်ရှိတယ်။ ဒီလေ့လာမှုကို ဆေးသောက်ပြီးနောက် ဆေးဖြတ်လိုက်တဲ့ လူနာ ၁၄ ယောက်ကို လုပ်ခဲ့တာပါ။ သူတို့မှာ ဗိုင်းရပ်တွေ ပွါးလာတာမတွေ့ရတော့ပါလို့ ပြင်သစ်ဆရာဝန်တွေက ထုတ်ဖေါ်ပြောဆိုတာကို ၁၅-၃-၂ဝ၁၃ နေ့ ဘီဘီစီ သတင်းမှာ ပါလာတယ်။ ဓါတ်ပုံကို HIV, in green, bursting out of a white blood cell it has hijacked လို့ စာတမ်းရေးထားပါတယ်။ အစိမ်းရောင်က HIV ဗိုင်းရပ်တွေ၊ ဒီကောင်တွေကနေ ပြန်ပေးဆွဲထားခံရတဲ့ သွေးဖြူဥတွေက ပေါက်ကွဲသွားကြရတယ်တဲ့။ မကြာခင်က ယူအက်စ်မှာ ကလေးမလေးတယောက် အဲလိုပဲ ပျောက်တယ်ဆိုတဲ့သတင်း ထွက်လာခဲ့ပါသေးတယ်။ ခက်တာက ပိုးကူးစက်ခံထားရသူတွေဟာ သူတို့ကိုယ်ထဲမယ် ကျကျနနဝင်ရောက်လာပြီးမှသာ HIV ပိုးကိုစမ်းလို့ သိနိုင်သေးတယ်။ အခုလေ့လာမှု အပြုခံသူ လူနာတွေကို ပိုးကူးစက်ခံရပြီးနောက် ၁ဝ ပါတ်အတွင်းမှာ ဆေးစပေးပါတယ်။ ပျမ်းမျှ ၃ နှစ်တာ ဆေးကုသမှုခံယူပြီးနောက်မှာ ဆေးဖြတ်လိုက်ကြပါတယ်။ ဆေးတန်ခိုးကြောင့် ဗိုင်းရပ်စ်တွေကို တားထားပေးတယ်။ အကုန်သေကုန်တာတော့ မဟုတ်ပါ။ ပုန်းအာင်း ခိုအောင်းနေတာတွေ ရှိနေပါမယ်။ ယူကေနိုင်ငံက ဒေါက်တာဒီဗိုရာ-ဂျက် ကပြောတာက "လက်ရှိ ယူကေမှာ လူနာတွေအမျာစုဟာ နောက်ကျမှသာ ပိုးကူးစက်ခံရတာကိုသိနေကြပြီး ၅ နှစ်အထိခံနေရမယ်လို့ သိထားကြတယ်။ ဒါကြောင့် အခုတွေရှိချက်ဟာ စောစောစီးစီးဆေးစစ်သင့်တယ်ဆိုတာကို ထောက်ပြချက်တခုဖြစ်တယ်။" စောစောကကလေးမလေးကို Mississippi baby လို့ခေါ်ပြီး အခုလူနာအုပ်စုကိုတော့ Visconti cohort ခေါ်ပါတယ်။ ပြင်သစ်နိုင်ငံ၊ ပဲရစ်က Institute Pasteur in Paris ဆေးရုံက Dr Asier Saez-Cirion ဒေါက်တာ အာစီယာ ဆီးဇ်-စီယွန် ကပြောတာက ၅-၁၅% ကံကောင်းနိုင်ပါတယ်တဲ့။ ဘာပဲပြောပြော HIV ဆေးကုသရေးမှာ စိတ်ဝင်စားစရာ တိုးတက်မှုဖြစ်ပါတယ်။ ပြင်သစ်ဆရာဝန်တွေကတော့ သိမှာမဟုတ်ပါ။ "အဲဒီ ၁ဝ ယောက်ထဲက ၁ ယောက်ဖြစ်အောင် ကံတရား အားကိုးပါ။ ကံကောင်းချင်ရင် စိတ်ထားကောင်းစေပါ၊ ကိုယ်ကျင့်ကောင်းစေပါ၊ ကုသိုလ်တရား ပွါးများပါခင်ဗျား။" Early HIV drugs 'functionally cure about one in 10' http://www.bbc.co.uk/news/health-21783945 ၄-၃-၂ဝ၁၃ HIV ပိုးနဲ့မွေးလာခဲ့တဲ့ ကလေးမလေးတယောက် ရောဂါပျောက် http://dts-medicaleducation-adult.blogspot.in/2013/03/hiv.htm

မလေးရှား မြန်မာသံရုံးရဲ့ ထိရောက်တဲ့ အကူအညီရဖို့ သမ္မတထံ တောင်းဆို

မလေးရှားနိုင်ငံကနေ နေရပ်ကိုပြန်လိုကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အရေးကို မြန်မာသံရုံး အနေနဲ့ ဦးစီးပြီး ကြပ်ကြပ် မတ်မတ် လုပ်ဆောင်ပေးဖို့ မလေးရှားအခြေစိုက် မြန်မာ့အမျိုးသားရေး လူမှုကွန်ရက် ကော်မတီက သမ္မတ ဦးသိန်းစိန်ထံ ဒီကနေ့ အိပ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ပါတယ်။ မလေးရှာနိုင်ငံရောက် မြန်မာနိုင်ငံသား အများစုဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အလုပ်သမား ဒုဝန်ကြီးနဲ့ ဒုနိုင်ငံခြားရေး ဝန်ကြီးတို့ စီစဉ်ပေးခဲ့တဲ့ အတိုင်း မြန်မာပြည်ပြန်ဖို့ မလေးရှားက မြန်မာသံရုံးကို သွားရောက် အကူအညီ တောင်းခံခဲ့ပေမယ့် သံရုံးက လျစ်လျူရှုနေတဲ့အတွက်ကြောင့် အခုလို တောင်းဆိုရတာဖြစ်တယ်လို့ မြန်မာ့အမျိုးသားရေး လူမှုကွန်ရက်ကော်မတီက ကိုအောင်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံသားတွေဟာ သံရုံးက ပြန်မယ့်ဦးရေ တစ်နေ့ကို ၂ဝ ဘဲ အထောက်အထားလက်မှတ် CI (Certificate of Identity) ထုတ်ပေးနေတာ၊ CI လက်မှတ်ရလို့ မလေး လဝက ရုံးကို သွားရောက် အကြောင်းကြားပြီး အိုဗာစတေးအတွက် မလေးရင်းဂစ်ငွေ ၄ဝဝ ပေးဆောင်တော့လဲ နောက်ထပ် ၃ လကြာမှ လာယူခိုင်းတာ၊ နိုင်ငံကိုပြန်ဖို့အတွက် ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်က သံရုံးကိုယ်စား ဆက်သွယ် ဆောင်ရွက်ပေးနေတယ်ဆိုတာ တိတိကျကျမသိရဘဲ ပွဲစားဆိုသူတွေကို ငွေကြေးပေးနေရတာ၊ အဲဒီပွဲစားတွေက နိုင်ငံကို ပြန်မယ့်သူတွေဆီက ရက်ပိုင်းအတွင်း ပြန်ချင်ရင် အမြန်နှုန်းအဖြစ် ရင်းဂစ်ငွေ ၁၄ဝဝ ကနေ ၁၅ဝဝ အထိ တောင်းခံနေတာစတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မလေးရှား လဝက က တိုကင်နံပါတ်ကလွဲလို့ အထူးစာရွက်စာတမ်း ထုတ်မပေးတာကြောင့် ထပ်မံဖမ်းဆီးခံရမှာ စိုးရိမ်နေကြကြောင်းလည်း သိရပါတယ်။ http://www.searchmyanmar.com/link/frame/cid/23992/domain/myanmarlatestnews.com.

Facebook Password Hacking


အခုတစ်လောမှာတော့ ပတ်စ်ဝ့ါဒ်ဟက်ကင်း တွေ အများကြီးပေါ်နေတယ်ဗျာ ဒီအထဲက မှ Firesheep ဆိုတဲ့ ပတ်စ်ဝါ့ဒ်ခိုးတဲ့ ဆော့ဖ်ဝဲတစ်ခုအကြောင်း ပြောချင်ပါတယ်........ကျွန်တော်တို့ ဆိုဒ်တစ်ခုထဲကို ဝင်တဲ့ အခါမှာ ကျွန်တော်တို့ ရဲ့ နာမည်ရယ် စကားဝှက်ရယ် ရိုက်ရတယ်ဗျ..........အဲဒီအခါမှာ ဆိုရင် ဝင်မယ့် ဝက်ဘ်ဆိုဒ်ကဒီအကောင့်ရှိမရှိတိုက်ကြည့်ပြီးတော့ ပြ့န်ပြီး reply အတွက် "cookie" ဆိုတဲ့အရာလေးအနေနဲ့ browser ကို ပြန်ပို့ပေးတယ်ဗျ..firefox user ဆိုရင် firefox ကို ပြန်ပို့ပေးတယ်ဗျ......ပထမဆုံး log in ဝင်ရင် အားလုံးကြည့်မိလိမ့်မယ် ကိုယ်ဝင်တဲ့ ဝက်ဘ်ဆိုဒ်က ပတ်စ်ဝါ့ဒ် ကို မမြင်အောင် လုပ်ထားတယ်ဗျ(encryption) ပေါ့ဗျာ.........ဒါပေမယ့် အားလုံးကိုတော့ ဝက်ဘ်ဆိုဒ်က ဝှက်မပေးဘူးဗျ.....အဲဒီမှာ cookie လေးက ကိုယ့်browser ထဲမှာ ပဲ ကျန်ခဲ့တယ်ဗျ.....အခု ကျွန်တော်တို့က အဲဒီ cookie လေးကို သုံးပြီးတော......ဖေ့စ်ဘွတ်အကောင့်ကို ဟက်မှာ ပဲ ဖြစ်ပါတယ်.........ဒီ Firesheep လို့ ခေါ်တဲ့ ဆော့ဖ်ဝဲလေးကို သုံးပြီးတော..အဲဒီ cookie ကို ခိုးမှာ ပဲ ဖြစ်ပါတယ် ..........အပြည့်စုံကိုတော့ ....ကိုယ့်ဘာသာနည်းနည်း ဖတ်ကြည့်ကြပါလို့.......ဒီလင့်ခ်လေးမှာ ရှိပါတယ် http://knowledge-republic.com/CRM/2011/05/how-to-login-any-facebook...

ဘာသာရေးကို ခုတုံးလုပ် အမြတ်ထုတ်နေကြသူများ။


ဗုဒ္ဓဘာသာဝင်တို့၏ နေအိမ်တိုင်းတွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို ပင့်ဆောင်ကိုးကွယ် ကြပါသည်။ နေ့စဉ်မပျက် ဆွမ်း၊ သောက်တော်ရေ၊ ဆီမီးစသည်များ ကပ်လှူ ပူဇော်ကြပါသည်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် အလှူဒါန ရက်ရောတတ်ပါသည်။ သဒ္ဓါလွန်သော ဗုဒ္ဓဘာသာ ၀င်များကို လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကျော်က ရှေးဟောင်းရုပ်ပွားဆင်းတုတော်ဟု ညာပြီး အလှူခံလျှင် ဆင်းတုတော်သမိုင်းကို မလေ့လာဘူးသူက ယုံကြည်လိုက်ကြသည်။ ဆရာတော်တစ် ပါးရဲ့ ကိုယ်ခန္ဓာထဲက ရောင်ခြည်တော်လွှတ်တယ်လို့ သတင်းကြားလိုက်သည်နှင့် အလုအယက် တိုးဝှေ့ ဖူးကြ၊ လှူကြတတ်ပါသည်။ ဘုရားရှင်မှအပ ရဟန္တာအရှင်မြတ်ကြီးများသည်ပင် ရောင် ခြည်တော် မလွှတ်နိုင် ဟူသောအမှန်တရားကို မသိကြပါ။ သဲဆွမ်း၊ ရေဆွမ်းသုံးသည်ဟုဆိုလျှင် လည်း အလွန်အမင်း အထင်ကြီးကြ၊ ချဉ်းကပ်ကြပါသည်။ သဲဆွမ်း၊ ရေဆွမ်းစားခြင်းသည် သာသ နာတော်အကျင့် မဟုတ်ကြောင်းကို မသိကြပါ။ သဒ္ဓါတုလွှမ်း၍ ပညာအားနံ့သူတို့ကြောင့် ဘာသာရေး ခုတုံးလုပ် အမြတ်ထုတ်နေသော “အ၀ီစိသွားမည့် ခရီးသည်များ ” ခြေရှုပ်နေနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ဒါကြောင့်.. တစ်ဆင့်စကား ကြားဖူးပါသည် “ သံသရာကို မကြောက်ရင် ဘာသာရေးကို ခုတုံးလုပ်ပြီး လုပ်ကိုင်စားသောက်ရ တာ အရှောင်ဆုံး၊ အလွယ်ဆုံးပဲ ” ဟုဆိုကြပါသည်။ မှန်ကန်သောစကား ဖြစ်ပါသည်။ ဘာသာရေး ကို ဗန်းပြပြီး၊ အကြောင်းပြပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်သော ပုဂ္ဂိုလ်များ ရှေးကလည်းရှိခဲ့ပါ သည်၊ ယခုလည်းရှိဆဲပါ၊ နောင်လည်း လုံးဝကင်းစင်မည် မဟုတ်ပါ။ အ၀ီစိသွားမည့် ခရီးသည်များ ၏ ကိုယ်ကျိုးရှာ အမြတ်ထုတ်မှုကို ဘာသာရေးသတိဖြင့် အစဉ်စောင့်ကြည့် တွန်းလှန်ကာကွယ် အပ်ပါသည်။ ဤသို့ သဒ္ဓါလွန်၍ ပညာနံ့သူများကြောင့် အတုအယောင် ပုဂ္ဂိုလ်များ တစ်နေ့တခြား များ လာသောကြောင့် သဒ္ဓမ္မောဒယဆရာတော်ဘုရားကြီးက ဤသို့ သတိပေးတော်မူခဲ့ပါသည်=== “ယခုကာလ၌ ထိုကဲ့သို့ သဒ္ဓါလွန်၍ ပညာနံ့သောပုဂ္ဂိုလ် အလွန်ပေါများလှသည့် အလျောက် ကြည် ညိုထိုက် မကြည်ညိုထိုက်၊ ကိုးကွယ်ဆည်းကပ်သင့် မကိုးကွယ် မဆည်းကပ်သင့်၊ ဘာမှ မိမိကိုယ် ပိုင်ဉာဏ်ဖြင့် ဝေဖန်စီစစ်ခြင်း မပြုဘဲ ဉာဏ်ကင်းမဲ့စွာ အများကြည်ညိုသော ပုဂ္ဂိုလ်ကို ၀ိုင်းဝန်း ကြည်ညိုကိုးကွယ် ဆည်းကပ်တတ်ကြလေသည်။ ထို့ကြောင့် အတုအယောင်များ တစ်နေ့တခြား ပေါများလာပြီး အလိမ်အညာ အမျိုးမျိုးကို ခံကြရသည့်အပြင် ပစ္စည်းသာမက လူပါ ပါသွားတတ် ကြသည်ကို မကြာမကြာ ကြားသိရလေတော့သည်။ ” သို့အတွက်ကြောင့် ဘာသာရေးအသိ၊ ဘာသာရေးအမြင် ရှိဖို့လိုပါသည်။ သူတော်ကောင်း တို့ကလည်း ဘာသာရေးနှင့် ပတ်သက်၍ အမြင်ကျယ်သော အသိဉာဏ်ရှိကာ မြင့်မြတ်သော ကိုယ်ကျင့်တရားများကို ကျင့်ကြံအားထုတ်နိုင်ပြီး နိဗ္ဗာန်ချမ်းသာကို စံစားခံစားနိုင်တဲ့သူ ဖြစ်ကြပါ စေ ကုန်သတည်း။ ။ {မင်းနန်(မော်ကျွန်း) ၏ ဆရာတော်ကြီးများ၏ သြ၀ါဒတော်များကို ကိုးကားရေးသားပါသည်။ } ဦးသိန်းဝေ။ ----------------------------------------------------------------------------------------- “ မသေလိုသော် ” =========== * သစ်ပင်သစ်ခက် အရွက်ဝေစည် တစ်ရက်ကြွေမည် သေချာသည်။ * မကြွေစေလို မဝေစေနှင့်၊ မြစ်ဖြတ်ပစ်။ * မွေးဖွားဇာတိ၊ ရှိခဲ့လေသော် မျှော်မတွေးနှင့်၊ မနှေးဆက်ဆက် တစ်ရက်သေမည် သေချာသည်။ * မသေလိုက၊ ဘ၀ဇာတ်သိမ်း ဒုက္ခငြိမ်းရာ၊ မြတ်ဗုဒ္ဓါ၏ မိန့်မှာစကား၊ အားထားယုံကြည် ပီပြင်ကျန ကျင့်ကြံကြ။