မပုပ်မသိုး စွန်းလွန်းဆရာတော်ဘုရားကြီး ရုပ်ကလာပ် နိုင်ငံခြားဧည့်သည်များအထူးစိတ်ဝင်စား
ဘ၀နတ်ထံပျံလွန်သွားသည် မှာ နှစ်ပေါင်း (၆၀)ကျော်ခဲ့ ပြီဖြစ် သော်လည်းယနေ့တိုင်
မည်သည့် ဆေးဝါးအကူအညီမျှမပါ မပုပ် မသိုးဘဲ ပကတိအတိုင်းရှိနေသည့် စွန်းလွန်းဆရာတော်ဘုရားကြီး ဦးက၀ိ ရုပ်ကလာပ်တော်နှင့်ပတ် သက်၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ အထူး
ကြည်ညိုစိတ်ဝင်စားကြသကဲ့သို့ ပြည်ပနိုင်ငံများမှ ဧည့်သည်များ ကလည်း ဆရာတော်ကြီး၏ မပုပ် မသိုးရုပ်ကလပ်တော်အား အထူး စိတ်ဝင်စားကြောင်း စွန်းလွန်းဂူ ကျောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
““ဆရာတော်ကြီးက သက် တော်(၇၅) ၀ါတော်(၂၈)မှာ ပျံ လွန်တော်မူခဲ့တာပါ။လက်ရှိဒီမှာ ထားရှိ ပူဇော်တာကတော့ နှစ် (၆၀)ကျော်ပါပြီ။အနယ်နယ်အရပ် ရပ်က လူတွေ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို လာရောက်ဖူးမျှော် ကြည်ညိုကြသလို ပြည်တွင်းက ခရီးသွားကုမ္ပဏီတွေရဲ့အစီအစဉ် နဲ့မြင်းခြံကိုရောက်လာတဲ့ နိုင်ငံခြား ဧည့်သည်တွေကလည်း ဆရာ တော်ကြီးရဲ့မပုပ်မသိုးတဲ့ ရုပ်က လာပ်တော်ကို အံဖွယ်တစ်ခုလို အရမ်းစိတ်ဝင်စားကြပါတယ်””ဟု စွန်းလွန်းကျောင်းတာဝန်ရှိသူ ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြော ကြားသွားသည်။
ဆရာတော်ကြီး၏ ရုပ်က လာပ်တော်အား လာရောက်လေ့ လာသည့် UK နိုင်ငံသား မစ္စတာ ဘင်းဒရစ်အားHot News သတင်းထောက်က ဆရာတော် ကြီးရုပ်ကလပ်နှင့်ပတ်သက်၍မေး မြန်းကြည့်ရာ ““ထူးခြားတဲ့အံ့သြ ဖွယ်ရာတွေ ကမ္ဘာမှာအများကြီး ရှိပါတယ်။အဲဒီထဲကမှ မြန်မာပြည် မှာက သဘာဝနဲ့ဆန့်ကျင်တဲ့ သူ တော်စင်၊သူတော်မြတ်တွေရဲ့ဆေး အကူအညီမပါတဲ့၊မြွပုပ်တဲ့ရုပ်က လာပ်တွေ အံ့သြဖွယ်ရာ တွေ့ရ ပါတယ်။ဒီလိုမျိုးတွေကိုကျွန်တော် တို့အနေနဲ့မှတ်တမ်းယူပြီး ကမ္ဘာ မှာပြန် Share မှာပါ””ဟု ပြော ကြားသွားသည်။
စွန်းလွန်းဆရာတော်ဘုရား ကြီးအား အဘဦးသန့်၊အမိဒေါ် တုတ်တို့မှ မြန်မာသက်္ကရာဇ် ၁၂၃၉ ခုနှစ် တပေါင်းလဆန်း(၂)ရက်၊ တနင်္လာနေ့နံနက်(၃)နာရီတွင် ဖွားမြင်ခဲ့ပြီး သာသနာ့ဘောင်သို့ ၀င်ပြီးနောက် ၁၂၈၂ခုနှစ် ၀ါဆို လပြည့်ကျော် (၁၃)ရက်၌ ပထမ တရားထူး၊၁၂၈၂ခုနှစ် ၀ါခေါင်လ ပြည့်ကျော်(၁၃)ရက်၌ ဒုတိယ တရားထူး၊၁၂၈၂ခုနှစ် တော်သလင်း လပြည့်ကျော် (၁၃)ရက်၌ တတိ ယ တရားထူးနှင့် ၁၂၈၂ခုနှစ် သီတင်းကျွတ်လပြည့် (၁၃)ရက်၌ စတုတ်္ထတရားထူးများကို ရရှိတော် မူခဲ့ပြီး ၁၃၁၄ခုနှစ် ကဆုန်လပြည့် ကျော်(၉)ရက် စနေနေ့ ညနေ (၄း၄၅)အချိန်၌ ပရိနိဗ္ဗာန်ပြု တော်မူခဲ့သည်။
photos
Wednesday, June 12, 2013
Thursday, June 6, 2013
ကြွေလွင့်သွားရှာတဲ့ ကွန်ပြူတာပညာရှင် အသက် ၁၆ နှစ်အ...
Welcome to my blog: ကြွေလွင့်သွားရှာတဲ့ ကွန်ပြူတာပညာရှင် အသက် ၁၆ နှစ်အ...: သူမ အကြောင်းကို ဖတ်လိုက်မိတော့ စိတ်ဝင်စားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမဟာ အသက် ၉ နှစ်အရွယ်မှာ Microsoft ၏ အသိအမှတ်ပြု အောင်လက်မှတ်ရ ...
ဖုန်းနံပါတ်နဲ့သိတာနဲ့အိမ်လိပ်စာသိအောင်ဘယ်လိုလုပ်မလ...
Welcome to my blog: ဖုန်းနံပါတ်နဲ့သိတာနဲ့အိမ်လိပ်စာသိအောင်ဘယ်လိုလုပ်မလ...: ဖုန်းနံပါတ်သိလျှင် အိမ်လိပ်စာသိအောင်လုပ်ချင်ရင်တော့  ဖုန်းနံပါတ်သိလျှင် အိမ်လိပ်စာသိအောင်လုပ်တဲ့ Web Site တခုတင်ပြချင်ပါတယ်။ ...
Samsung galaxy ဖုန်းများတွင် Myanmar Font သွင်းနည်...
Welcome to my blog: Samsung galaxy ဖုန်းများတွင် Myanmar Font သွင်းနည်...: Samsung galaxy ဖုန်းများတွင် Myanmar Font သွင်းနည်း ပထမဦးဆုံး google store ထဲမှာ fontomizer ဆိုပြီးရိုက်လိုက်ပါ။ ပြီးရင် ဒေါင...
4G မိုဘိုင်းလ်ဖုန်းများ ဒီဇင်ဘာ ၁ ရက် စဖြန့်မည်ဟု Digicel ဆို
မန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ရရှိရန် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည့် Digicel ကုမ္ပဏီက လိုင်စင် ရရှိပါက ယင်းသို့ ရရှိသည်နှင့် တစ်ပြိုင်နက် 4G ကွန်ရက်များ တည်ဆောက်သွားမည် ဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် 4G မိုဘိုင်းလ်ဖုန်းများကို စတင်ဖြန့်ချိမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန် ကြေညာသည်။
ယင်းသို့ဖြန့်ချိနိုင်ရန် Digicel က အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံ မြှုပ်နှံမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ ဧရိယာ၏ ၅၂ ရာခိုင်နှုန်းကို 4G ကွန်ရက် ဖြန့်ကြက်နိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ၂၀၁၆ တွင် ၉၆ ရာခိုင်နှုန်းအထိ တိုးမြှင့် ဖြန့်ကြက်နိုင်ရန် စီစဉ်ထားကြောင်း Digicel ကုမ္ပဏီဥက္ကဋ္ဌ Mr.Denis O’Brien က ပြောကြားသည်။
ဇွန်လ ၃ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် Digicel ၏ သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
ထို့အပြင် နိုင်ငံတစ်ဝန်း တက္ကသိုလ် ၁၈၀၊ ဆေးရုံ ၈၇၉ ရုံ၊ စာကြည့်တိုက် ၄၆၀၀ နှင့် အခြေခံပညာကျောင်း ၃၉၀၀ ကို အခမဲ့ အင်တာနက် ဝန်ဆောင်မှု ပေးမည်ဟု ဆက်သွယ်ရေး တင်ဒါကော်မတီထံ ကတိပြု ထားကြောင်းနှင့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၂၀၀၉ ခုနှစ်ကတည်းက စတင် ပြင်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
Digicel ကုမ္ပဏီသည် အမေရိကန် သူဌေးကြီး ဂျော့ဆိုးရော့စ်၊ မြန်မာ့ စီးပွားရေး လုပ်ငန်းရှင် Serge Pun တို့နှင့် ပူးပေါင်းကာ ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကြေညာထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဝန်ထမ်းများ စတင်ခေါ်ယူလျက် ရှိသည်။
ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်အတွက် တင်ဒါနောက်ဆုံးအဆင့်ကို Digicel အပါအဝင် ကုမ္ပဏီအဖွဲ့အစည်း ၁၁ ခုပါဝင် ယှဉ်ပြိုင်လျက်ရှိပြီး လိုင်စင် ရရှိသူကို ယခုလ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာမည်ဖြစ်သည်။
ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် တင်ဒါ နောက်ဆုံးအဆင့်တွင် ကုမ္ပဏီအဖွဲ့အစည်း ၁၂ ခုကို ဝင်ရောက် ယှဉ်ပြိုင်ရန် တင်ဒါကော်မတီက ခွင့်ပြုထားသော်လည်း တရုတ်ကုမ္ပဏီ China Mobile နှင့် ပူးပေါင်းထားသည့် အင်္ဂလန် အခြေစိုက် Vodafone ကုမ္ပဏီက တင်ဒါစည်းမျဉ်း စည်းကမ်းများမှာ ၎င်းတို့၏ ရင်းနှီးမြှပ်နှံမှု မူဝါဒနှင့် မကိုက်ညီဟု ဆိုကာ နုတ်ထွက်သွားခဲ့သည်။
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍကို ဝင်ရောက်လုပ်ကိုင်ရန် Digicel အပါအဝင် နော်ဝေ အခြေစိုက် Telenor ၊ စင်ကာပူ ကုမ္ပဏီ Singtal ၊အာဖရိကမှ MTN Group ၊ ဂျပန် ကုမ္ပဏီ KDDI တို့မှာ အပြင်းအထန် ကြိုးစားလျက် ရှိသည်။
The Voice Weekly
သတင်းမှ ပြည်လည်မျှဝေပါသည်.
Monday, June 3, 2013
Subscribe to:
Posts (Atom)