photos
Tuesday, September 20, 2016
Saturday, September 17, 2016
မယ့်အတွက်မို့
ချစ်သူ့မျက်နှာမြင်ခွင့်မရခဲ့ဖူးဘူး
ငါ့ရည်မှန်းချက်မပြည့်သေးလို့ပါ
ဒါလဲနှင့်အတွက်ဆိုတာသိပေးပါ
ချစ်သူ့အနားမှာနေခွင့်မရှိခဲ့ဖူးဘူး
ငါမက်ထားတဲ့အိပ်မက်မပီပြင်သေးလို့ပါ
ဒါလဲနှင့်အတွက်ဆိုတာသိပေးပါ
ချစ်သူ့ရနံ့ငါမရခဲ့ဖူးဘူး
ဘယ်လမ်းမှအတူမလျှောက်ခဲ့ဖူးလို့ပါ
ဒါလဲနှင့်အတွက်ဆိုတာသိပေးပါ
ဒီလိုနဲ့ငါ့အသိထဲမှာတော့
မယ်ဆိုတဲ့ကို့ကောင်မလေးက
နှစ်ချို့နေတဲ့ဝိုင်တစ်ခွက်လိုသူ့အပြုံး
ငါ့ဒီတသက်ဘယ်မေ့နိင်မလဲနော်
ငါ့ယုံကြည်မူ့ကိုယ်ပုံဖော်
ချစ်သူပေးတဲ့စကားခွန်အားနဲ့
ငါ့နေ့ရက်ရှည်အချိန်တွေထွန်ယှက်လို့
ညနက်ထဲလဲမယ့်အတွက်ဆို
Thursday, September 15, 2016
Sunday, September 11, 2016
ရှိခဲ့မယ်ဆိုရင်
အချိန်တွေစီးဆင်း
ငါ့ကိုယ်ပိုင်မြစ်ပင်လယ်ထဲသို့
စီးဆင်းတာရေကြည်မှဟုတ်ရဲ့လား
အရံသင့်ရှိနေတဲ့မြစ်နံဘေးကခုံလေး
ကြာလာတော့အထီးကျန်လွန်းပါရဲ့
ပိုင်ရှင်လာမလိုသလို
ဒါမှမဟုတ်
ဆိုင်သူလာထိုင်သလိုနဲ့
ပုံမှန်အချိန်ကြားမှာ
ငါလေ
နေရာမှန်မရောက်သေးတာ
လွမ်းမိရဲ့ချစ်သူမယ့်ကိုယ်
တကယ်လို့ရှိခဲ့မယ်ဆို
ပြောလိုက်ချင်ပါရဲ့သူမသိအောင်
Saturday, September 3, 2016
မယ်သို့တမ်းချင်း ( 3 )
မယ်သို့တမ်းချင်း ( 3 )
ငါတို့ကြားကသံယောဇဉ်ကြိုး
တင်းကြပ်စွာမချည်နှောင်မိပါစေနဲ့
ပြတ်ထွက်သွားမှာစိုးလို့ပါ
ကိုးကွယ်ရအောင် ယုံကြည်မူ့ကိုယ်
ထားကျရအောင် တန်ဖိုး
နားလည်မူ့နဲ့ရစ်ပတ်လို့
ရှေ့လျှောက်နေတဲ့လမ်းမှာ
ကံတရားနဲ့စီးချင်းထိုးလို့
အရေးနိမ့်မှာထက်
ချစ်ရသူဆီက
ရနံ့မသင်းမှာတော့ကြောက်မိပါရဲ့
ဒီလိုနဲ့,,,
အနေဝေးချစ်ရသူကြားမှာ
ငါလေ
တွေးလို့ပူမိတာက
အနေအေးသွားမှာစိုး!!!
Subscribe to:
Posts (Atom)












































