Friday, June 14, 2013

သံယောဇဉ်ဆိုတာ


သံယောဇဉ်ဆိုတာ ပြန်ပြောရင် တက်မက်စရာချည်းပါဘဲ ၊ ဟိုး ...ငယ်စဉ်ကအစ ကလေးဘဝမှစပြီး သူသတိမထားမိတဲ့အချိန် သူနဲ့ပက်သက်တဲ့အကြောင်းတွေက ကျွန်တော် ခေါင်းထဲမှာနေရာယူပြီး သူ့အပေါ်မှာ ရင်ထဲကအလိုလိုပေါက်ဖွားလာသောသံယောဇဉ်ကြိုးတစ ရစ်တိုးကာနဲ့ နိုးထခဲ့ပါတယ် ၊ ဘာ ကောက်ပဲသီးနှံမှမဖြစ်ထွန်းသေးတဲ့ ရင်ခွင်မြေရိုင်း မြေကွပ်တိုင်းဟာ ခုတော့...သံယောဇဉ်နွယ်ပင်တွေနဲ့အတူ သာယာချိုမြိန်ကောင်းမြတ်သော အချစ် ဆိုတဲ့သစ်သီးပန်းမန်တွေ ဝေဆာပွင့်လန်း တင့်ဆန်းနေပါပြီကော ၊ မက်မပြေစရာ ပျော်ရွှင်မှု့တွေနဲ့ အသက်ကိုဖွေရှာဆန်းစစ်ကြည့်ပြန်တော့ သူ့အပေါ်မှာ သံယောဇဉ်တွေအုံဖွဲ့မိခဲ့တာ ကျွန်တော့် အသက်(၁၇)နှစ်နှစ်အရွယ်မှာပေါ့၊ နေ့စဉ်ဖြတ်သန်းခဲ့ရတဲ့ ရက်တွေမှာ သူ့ကိုသတိရတမ်းတတဲ့စိတ်တွေနဲ့ အမြဲတမ်းနှစ်ပါးခန်းစခဲ့တယ်ဆိုတာလည်း ရင်နင့်စွာနဲ့ ရင်ဖွင့်ပါရစေ၊ ချောက်ကမ်းပါးတွေရဲ့အတိမ်အနက်ကို ချိန်တွက်လို့ရခြင်ရပေမဲ့ သံယောဇဉ်ရဲ့အတိမ်အနက်ကိုချိန်တွက်လို့မရမှန်း သိနေပါတယ်လေ၊ ဘာပဲဖြစ်ဖြစ်ပေါ့..သံယောဇဉ်နွယ်ပင်တွေ ရင်ထဲမှာရစ်တိုးဝင်နေပြီမို့ ခြောက်သွေ့ပူပြင်းနေတဲ့ ကျွန်တော့်ဘဝကို သူ..သူတွေ့နိုင်ပါစေတော့ရယ်လို့ အားကိုးမျှော်ငေးရင်း အသည်းကွဲတေးတွေ ဆိုညည်းမနေချင်တော့ပါဘူး၊ တခုတော့ပြောခြင်ပါတယ် သူနဲ့ပက်သက်ရင် အတက်နွေအခါဆန်းကြွေသလို မက်မပြေစရာပန်းလေးတစ်ပွင့်နဲ့ ကျက်သရေဖြာ ချမ်းမြေ့ချင်တာတော့ အမှန်ပါဘဲ

No comments:

Post a Comment