/* The CSS Code for the menu starts here s2free.blogspot.com */

photos

Sunday, October 23, 2016

မယ်သို့တမ်းချင်း ( 5 )

အမှတ်တရနေ့လေးအတွက်  
  မယ်သို့တမ်းချင်း ( 5 )
ဘယ်သူ့ရင်
ဘယ်လိုကျွမ်းလောင်ပါရဲ့
အတွေးတွေမများစေချင်
ဘယ်သူ့အမြင်
ဘယ်လိုစောင်းလဲဆိုတာ
ငါ့အတွေးမှာမရှိစေချင်
တွယ်တာမိတဲ့
သံယောဇဉ်ဒီကြိုးဆိုတာ
နှလုံးသားမှာအနာရတာချည်းပဲမေ
လက်ချင်းချိတ်ရင်ချင်းယှက်လို့
ကြည်နူးခွင့်မရသေးလဲနေပါစေတော့ခဏ
ရင်မအေးအောင်တော့မလုပ်ပါနဲ့လားမေ
နေမရအောင်
နွေညအလယ်မှာ
အိပ်ရေးပျက်ရတာထက်စာ
ရစ်မူးခွင့်မေ့အမှုအယာ
ငါမကြားရမှာစိုး!!!!!

No comments:

Post a Comment