/* The CSS Code for the menu starts here s2free.blogspot.com */

photos

Sunday, August 18, 2013

ဒိုင်ယာနာ အမှုကို ရဲက ပြန်လည် စစ်ဆေးနေပြီ


၁၉၉၇ ခုနှစ်တုန်းက ပါရီမြို့မှာ ကားတိုက် သေဆုံးသွားခဲ့တဲ့ ဝေလမင်းသမီး ဒိုင်ယာနာနဲ့ ဒိုဒီ အယ်လ် ဖိုင်းရက် တို့ရဲ့ အမှုနဲ့ ပတ်သက်လို့ လတ်တလော ရထားတဲ့ သတင်း အချက်အလက်တွေကို လေ့လာ စစ်ဆေးနေတယ်လို့ လန်ဒန် ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီသေဆုံးမှုမှာ စစ်ဖက်ဆိုင်ရာက ပါဝင် ပတ်သက်နေတယ်လို့ ၊ စစ်တပ် သတင်းရပ်ကွက်တခုက ဗြိတိသျှ သတင်းစာ the Sunday People ကို ဆက်သွယ် ပြောကြားခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ ရဲကတော့ ဒီသတင်းတွေကို အတည်ပြုဖို့ ငြင်းဆိုခဲ့ပေမယ့် သူတို့ ရထားတဲ့ သတင်းအချက်အလက်တွေ ဘယ်လောက် ခိုင်လုံမှု ရှိသလဲ ဆိုတာကို စစ်ဆေးနေတယ် ၊ ဒါပေမယ့် ဒီကိစ္စကို အမှု ပြန်ဖွင့်သေးတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ၂ဝဝဂ ခုနှစ် သေမှုသေခင်း စစ်ဆေးချက်အရ သေဆုံးသူ စုံတွဲဟာ အရက် အလွန်အကျွံမူးပြီး အမြန်မောင်းလာတဲ့ သူတို့ ကားမောင်းသမားရဲ့ သတိမဲ့မှုကြောင့်တရားနည်းလမ်းမကျစွာ သေဆုံးခဲ့ရတာလို့ ဖော်ပြထားပါ တယ်။ BBC Burmese .

အသဲကွဲ ပြတိုက် အပြင်မှာ တကယ်ရှိ

အသဲကွဲ ပြတိုက်ဆိုတော့ ကြားရတာ ကဗျာဆန်ပေမယ့် အပြင်မှာ တကယ် ရှိနေပါတယ်။ တည်နေရာကတော့ ဥရောပတိုက်ထဲက ခရော်တီးယားနိုင်ငံထဲမှာ ဖြစ်ပြီး Zagreb မြို့ မှာ တည်ထောင်ထားပါတယ်။ အင်္ဂလိပ်လို့ အပြည့်အစုံနာမည်ကတော့ Museum of Broken Relationships ဖြစ်ပါတယ်။ အိမ်ထောင်ကွဲသူ၊ ချစ်သူနဲ့ ကွဲရသူတို့ အားလုံး အနေနဲ့ ၎င်းတို့ ရဲ့  ပစ္စည်းကို ခင်းကျင်းပြသထားပါတယ်။ ရိုးရိုးတန်း တန်း တော့ မရပါဘူး။ ဥပမာ- စာရွက်ပြချင်တယ်ဆိုရင် ယင်းစာရွက်ဟာ ဘယ်နေ့က သူနဲ့ ဘယ်လို ပြဿနာ တက်ပြီး ရေးခဲ့တာ၊ ဆွဲဖြဲခဲ့တာ အစရှိတဲ့ အကြောင်းပြချက် စုံလင်စာနဲ့ တင်ပြထားတာ ဖြစ်ပါတယ်။နာမည်ကျော် ပုဂ္ဂိုလ်ရယ်လို့မဟုတ်ပါဘူး။ ကမ္ဘာအရပ်ရပ်က အသည်းကွဲ သူတို့ရဲ့  အသုံးဆောင်ပစ္စည်းများ လာပြလို့ရပါတယ်။ ယခုသုံးနေတာ မဟုတ်ပဲ။ အတူနေထိုင်စဉ်၊ ချစ်နေစဉ် သုံးခဲ့တာတွေ၊ အိမ်ထောင်ကွဲ ခါနီး ပြဿနာတက်တော့ သုံးခဲ့တဲ့ ပစ္စည်းတွေ အစရှိသဖြင့် စုံလင်ပါတယ်။ အမျိုးသမီးတစ်ဦးဆိုရင် သူ့ယောင်္ကျားနောက်မိန်းမ တစ်ယောက်နဲ့ ကြိတ်ပုန်းခုတ်လို့ သိတဲ့အခါ လိုက်ခုတ်ခဲ့တဲ့ ပေါက်စိန် ကိုတောင် တင်ပြ ထားပါတယ်။ ပန်းအိုးခွဲတယ်ဆိုလည်း ကွဲတဲ့ ပန်းအိုးက တင်ပြပါတယ်။ အကြောင်းအရာများလည်း ရေးသားပြသ ထားပါတယ်။ တကယ့် ပေါက်ပေါက်ရှာရှာနဲ့ လုပ်တယ်လို့ စစဖွင့်ချင်းက ထင်ကြပေ မယ့် နောက်တော့ တော်တော်ကို ကဗျာဆန်၊ လွမ်းစရာဆန်ဆန် ဖြစ်နေ တဲ့ ပြတိုက်မို့ လူ့ကြည့်အတော်များခဲ့ပါတယ်။ ယနေ့တိုင်လည်း လူစည် ဆဲ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် အောက်တိုဘာလက စတင်ဖွင့်လှစ်ပါတယ်။ သို့ပေမယ့် ၂၀၀၆ ခုနှစ်ကတည်းက အမြည်းသဘောအနေနဲ့ စတင် ပြသ ခဲ့ပါသေးတယ်။ အဲ့ဒီအချိန်ကတည်းက လူကြိုက်များခဲ့ တာ ဖြစ်ပါ တယ်။ နှစ်စဉ် ကမ္ဘာလှည့်ခရီးသည်အပါဝင် လူဦးရေ သိန်းနဲ့ချီပြီး လာရောက်ကြည့်ရှုပါတယ်။ ကမ္ဘာအနှံ့လည်း ပြခန်းနဲ့ လုပ်ပြီး ပြသ ရာ အောင်မြင်ခဲ့ပြန်ပါသေးတယ်။Museum of Broken Relationships ကို တည်ထောင်တဲ့ လူ ၂ယောက် ကလည်း Zagreb မြို့ ခံ ဒါရိုက်တာတစ်ဦးနဲ့ အနုပညာရှင် တစ်ဦး ဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ဥရောပ ပြတိုက်ဖိုရမ်ကပေးတဲ့ ဥရောပရဲ့ အထူးခြား ဆုံး ပြတိုက်ဆု ရရှိခဲ့ကြောင်း သိရပါတယ်။

ဘယ်လာရုစ်နိုင်ငံသို့ မြန်မာကိုယ်စားပြုမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်သူ ခင်ဝင့်ဝါနှင့် တွေ့ဆုံခြင်း

ဘယ်လာရုစ် (Belarus) နိုင်ငံ မင့်စ် (Minsk) မြို့တွင် စက်တင်ဘာလ ၆ ရက်နေ့၌ ကျင်းပမည့် Miss Supranational ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်မည့် ခင်ဝင့်ဝါနှင့် တွေ့ဆုံပြီး ပြိုင်ပွဲ ယှဉ်ပြိုင်ဖြစ်ပုံ၊ လေ့ကျင့်ပြင်ဆင်မှုများ အကြောင်းနှင့် Miss တစ်ယောက်၏ အရည်အချင်းများအပေါ် သူ၏အမြင်ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။ ယခုအခါ ယင်းနိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်သည်။ Voice ။ ။ Miss Supranational ပြိုင်ပွဲကို ဘယ်လိုကြောင့် ပြိုင်ဖြစ်သွားတာလဲ။ K.W.W ။ ။ ။ ဒီပွဲလေးကို ပြိုင်ဖြစ်သွားတာကတော့ ပြိုင်ပွဲဝင်ခွင့် ဖောင်မှာပါတဲ့ ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်၊ စည်းကမ်းချက်တွေကိုတွေ့ပြီး သဘောကျတာနဲ့ ပြိုင်ဖြစ်သွားတာပါ။ Voice ။ ။ ပထမတော့ ဒီပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု Miss ကို ပြိုင်ပွဲ ကျင်းပပြီး ရွေးမယ်လို့ ပွဲစီစဉ်သူတွေက ပြောခဲ့ဖူးတယ်။ အခုကျတော့ ပြိုင်ပွဲဝင်ဖို့ လာရောက် လျှောက်ထားတဲ့သူတွေရဲ့ လျှောက်လွှာကိုပဲကြည့်ပြီး ရွေးလိုက်တဲ့အပေါ် Facebook ပေါ်မှာ ဝေဖန်နေကြတာလည်း ရှိတယ်လေ။ ဒီလိုဝေဖန်မှုတွေ အပေါ် ခင်ဝင့်ဝါ ဘာပြောချင်လဲ။ K.W.W ။ ။ ။ ညီမအနေနဲ့ ဒီလိုဝေဖန်မှုတွေအပေါ် ဘာမှတော့ မပြောချင်ပါဘူး။ ပြိုင်ပွဲမလုပ်ဘဲ ညီမကို ရွေးလိုက်တဲ့အပေါ် ဝေဖန်မှုတွေ ထွက်လာတာကိုလည်း ကြားပါတယ်။ ဒါကတော့ သူတို့အမြင်နဲ့သူတို့ ပြောကြတာပေါ့။ ဒီလို အရွေးချယ်ခံရဖို့ ဘယ်လောက် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရလဲဆိုတာ ညီမကိုယ်တိုင်ပဲ သိပါတယ်။ Voice ။ ။ အရင်တုန်းက ခင်ဝင့်ဝါက မော်ဒယ်လ်လောကမှာ လှုပ်ရှားခဲ့ဖူးသေးတယ် ထင်တယ်နော်။ အဲဒီအကြောင်းလေး ပြောပြပေးပါဦး။ K.W.W ။ ။ ဟုတ်ကဲ့။ ညီမ မော်ဒယ်လ် လောကမှာ ပြိုင်ပွဲတွေလည်း ပြိုင်ခဲ့ဖူးတယ်။ ဖက်ရှင်ရှိုးတွေလည်း လျှောက်ခဲ့ဖူးပါတယ်။ ဆုတွေကတော့ Miss Cotto မှာ 2nd Runner up ဆုနဲ့ Best Smile ဆုတွေ ရခဲ့ဖူးပါတယ်။ Voice ။ ။ ခင်ဝင့်ဝါရဲ့အသက်နဲ့ ပညာအရည်အချင်းလေး ပြောပြပေးပါဦး။ K.W.W ။ ။ ညီမအသက်က ၁၈ နှစ် ပြည့်ပြီးပါပြီ။ ပညာအရည်အချင်းကတော့ တတိယနှစ်၊ ရုက္ခဗေဒ ဘာသာရပ်နဲ့ အဝေးသင် တက်နေပါတယ်။ Voice ။ ။ ဒီပြိုင်ပွဲအတွက် ဘာသာစကားပိုင်းကိုရော ခင်ဝင့်ဝါ ဘယ်လိုပြင်ဆင်ထားသလဲ။ K.W.W ။ ။ ပြိုင်ပွဲရဲ့ စည်းကမ်းချက်တွေထဲမှာတော့ အင်္ဂလိပ် ဘာသာစကားကို Fluent ဖြစ်အောင် ပြောတတ်စရာ မလိုဘူးလို့ ရေးထားပါတယ်။ အများနားလည်နိုင်မယ့် Common English လောက်တော့ ညီမပြောတတ်ပါတယ်။ Voice ။ ။ ပြိုင်ပွဲအတွက် ခင်ဝင့်ဝါ Training တွေ ဆင်းခဲ့ရတယ်လို့ သိထားတယ်။ Training ကာလမှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေရှိရင် ပြောပြပေးပါဦး။ K.W.W ။ ။ ဒီပြိုင်ပွဲအတွက် ညီမမှာ လေ့ကျင့်ပြင်ဆင်ချိန် အရမ်းနည်းပါတယ်။ Training က မနက် ၈ နာရီကနေ ည ၈ နာရီအထိ လုပ်ရတယ်။ တစ်ခါတလေ ၁၀ နာရီ အထိတောင် လုပ်ရပါတယ်။ အရမ်းလည်း ပင်ပန်းပါတယ်။ ဒါပေမဲ့ နိုင်ငံကို ကိုယ်စားပြုပြီး သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ပင်ပန်းမှုတွေ၊ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ကြံ့ကြံ့ခံပြီး ညီမကြိုးစား ခဲ့ပါတယ်။ Voice ။ ။ Training ကာလမှာရော ဘာတွေ လေ့လာခဲ့ရလဲ။ K.W.W ။ ။ Training ကာလမှာ ညီမ အကတိုက်ရတယ်။ Gym နေ့တိုင်း ကစားရတယ်။ Cat Walk တွေ လေ့ကျင့်ရတယ်။ ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အလှအပဆိုင်ရာ ဗဟုသုတတွေကို အချိန်ပေးပြီး လေ့လာရပါတယ်။ Voice ။ ။ ဒီ Miss Supranational ပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ရွေးချယ်ပေးတဲ့ အဖွဲ့အစည်းနဲ့ရော စာချုပ်တွေဘာတွေ ရှိပါသလား။ K.W.W ။ ။ ဟုတ်ကဲ့။ ညီမစာချုပ်တစ်နှစ် ချုပ်ထားပါတယ်။ စာချုပ်ဆိုပေမယ့် အရမ်းကြီး ချုပ်ချယ် ကန့်သတ်ထားတာမျိုး မပါပါဘူး။ Family Type ပုံစံ လွတ်လွတ်လပ်လပ်နဲ့ လုပ်ကိုင်ခွင့် ပေးထားပါတယ်။ Voice ။ ။ ဘယ်လာရုစ်နိုင်ငံကိုရော ခင်ဝင့်ဝါနဲ့အတူ ဘယ်သူတွေ လိုက်ပါဦးမလဲ။ K.W.W ။ ။ ညီမတစ်ယောက်တည်း သွားမှာပါရှင်။ ဒီကနေညီမ သြဂုတ်လ ၁၅ ရက်နေ့ထွက်မယ်။ ဟိုကိုရောက်တာနဲ့ သူတို့လာကြိုကြမယ်။ ပြီးရင်ပြိုင်ပွဲအတွက် Camp ဝင်ပြီး လေ့ကျင့်ရမယ်။ နောက်ဆုံးအဆင့် ပြိုင်ပွဲကတော့ စက်တင်ဘာလ ၆ ရက်နေ့မှာ လုပ်မယ်။ ဒီ Final ပြိုင်ပွဲမတိုင်မီ Talent Show ပြရတဲ့ ပြိုင်ပွဲသေးသေးလေးတွေ ရှိသေးတယ်။ မြန်မာနိုင်ငံမှာ ဒီပွဲကို တာဝန်ယူပြီး ကျင်းပပေးတဲ့ Organization က အစ်ကိုတွေက Final ပြိုင်ပွဲမစခင် တစ်ပတ်အလိုမှာ လိုက်လာကြမှာပါ။ Voice ။ ။ Miss Supranational ပြိုင်ပွဲမှာက ပြည်တွင်း ပြိုင်ပွဲတွေနဲ့မတူဘဲ နိုင်ငံတကာက အလှမယ်တွေနဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ ဒီပြိုင်ပွဲအပေါ် ခင်ဝင့်ဝါရဲ့ ခံစားမှုကို သိပါရစေ။ K.W.W ။ ။ ဒီပြိုင်ပွဲမှာက နိုင်ငံအသီးအသီးက အလှမယ်တွေနဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ ညီမပြိုင်နေကျ ပြည်တွင်း ပြိုင်ပွဲတွေနဲ့ မတူဘဲ ပိုပြီးတော့ ခက်ခဲလိမ့်မယ်လို့ ထင်တယ်။ တော်တော်လေးလည်း ကြိုးစားရမယ်။ ပြည်တွင်း ပြိုင်ပွဲတွေက မခက်ခဲဘူးတော့ မဟုတ်ဘူးပေါ့နော်။ ဒီပွဲကတော့ နိုင်ငံတကာအဆင့် ပြိုင်ပွဲ ဖြစ်တဲ့အတွက် ပိုပြီးကြိုးစား ယှဉ်ပြိုင်ရမယ်လို့ ထင်ပါတယ်။ Voice ။ ။ နိုင်ငံတကာမှာ ကျင်းပတဲ့ Miss ပြိုင်ပွဲတွေရော ကြည့်ဖူးလား။ K.W.W ။ ။ ညီမ ငယ်ငယ်တုန်းကတော့ မကြည့်ဖူးပါဘူး။ ဒါပေမဲ့ ဒီအလုပ်ကို ကိုယ်က ဝါသနာပါတဲ့ အချိန်မှာ စကြည့်ဖြစ်တာပေါ့နော်။ ကြည့်ပြီးတဲ့ အခါမှာလည်း အရမ်းသဘောကျတယ်။ Miss ဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ အမျိုးသမီးထုကို ကိုယ်စားပြုသလို သူလုပ်သမျှကလည်း အမျိုးသမီး ထုကို ပုံရိပ်ထင်တယ်လေ။ နိုင်ငံတစ်နိုင်ငံက အမျိုးသမီးထုရဲ့ စံပြထားခြင်းခံရတဲ့ Miss တစ်ယောက် ညီမလည်း ဖြစ်ချင်ခဲ့ပါတယ်။ Voice ။ ။ Miss တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေကရော ဘာတွေလို့ ခင်ဝင့်ဝါထင်လဲ။ K.W.W ။ ။ Miss ဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ Public Figure ဖြစ်တယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ပုံရိပ်ဖြစ်တဲ့အတွက် လူမှုရေးပိုင်း၊ အကျင့်စာရိတ္တ ပိုင်းတွေမှာ ထိန်းထိန်းသိမ်းသိမ်းနဲ့ နေသင့်ပြီး နိုင်ငံ့အကျိုးကိုလည်း ကိုယ်တတ်နိုင်သမျှ လုပ်ဆောင်ပေးသင့်တယ်လို့ ထင်ပါတယ်။ Voice ။ ။ ကျောင်းတက်နေဆဲဆိုတော့ ကျောင်းနဲ့ရော ဘယ်လိုနားလည်မှု ယူထားလဲ။ K.W.W ။ ။ ဒီပြိုင်ပွဲအတွက် ကျောင်းမှာ ပါမောက္ခကို သွားပြောပြီး ခွင့်ရက်ရှည် ပေးပါဆိုပြီး ခွင့်ယူထားပါတယ်။ ပြန်လာရင်တော့ စာမေးပွဲ ဖြေရမှာပေါ့နော်။ Voice ။ ။ အခုဆို မော်ဒယ်လ်လောကမှာက မော်ဒယ်လ်တွေအတွက် နိုင်ငံတကာ ပြိုင်ပွဲတွေကို သွားပြိုင်ဖို့အထိ အခွင့်အရေးတွေ ရလာပြီလေ။ ဒီလိုပြောင်းလဲလာတဲ့ အခြေအနေတွေ အပေါ်မှာရော ခင်ဝင့်ဝါ ဘယ်လိုမြင်လဲ။ K.W.W ။ ။ ဒီလိုအခွင့်အရေးတွေ ပေါ်လာတာ အရမ်းကောင်းပါတယ်။ ဖြစ်သင့်တာလည်း ကြာပြီပေါ့နော်။ မနန်းခင်ဇေယျာကိုပဲ ကျေးဇူးတင်ရမလား မသိဘူး။ သူကဒီလိုမျိုးတွေ သွားပြိုင်ခဲ့တဲ့အတွက် နောက်ပိုင်း ညီမတို့အတွက်လည်း အခွင့်အရေးတွေ ရလာတာပေါ့နော်။ တကယ်လို့ သူသာ သွားမပြိုင်ခဲ့ဘူးဆိုရင် ညီမတို့ အတွက်လည်း အခွင့်အရေးတွေ ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။ Voice ။ ။ ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး ခင်ဝင့်ဝါ ပြောချင်တာတွေရှိရင် ပြောပြပေးပါဦး။ K.W.W ။ ။ ညီမပြောချင်တာကတော့ ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ ညီမကို အားပေးကြပါလို့။ ညီမ အတတ်နိုင်ဆုံးလည်း ကြိုးစားထားပါတယ်။ ပြိုင်ပွဲမှာလည်း အကောင်းဆုံး ယှဉ်ပြိုင်ခဲ့မှာပါ။ နိုင်ငံကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ပရိသတ်တွေရဲ့ အားပေးမှုက ညီမအတွက် အားဆေးပါပဲလို့ ပြောချင်ပါတယ်။ The Voice Weekly.

ဖိလစ်ပိုင်သင်္ဘောနှစ်စင်း တိုက်မှု ၂၆ ဦးသေ၊ ၂၀၀ ကျော်ပျောက်ဆုံး

ဖိလစ်ပိုင်နိုင်ငံတွင် သောကြာနေ့က ခရီးသည်တင် သင်္ဘောတစ်စင်းနှင့် ကုန်တင် သင်္ဘောတစ်စင်း တိုက်မိရာ ခရီးသည်တင်သင်္ဘော နစ်မြုပ်သွားခဲ့ပြီး လူ ၂၆ ဦးသေဆုံးခဲ့ကာ ၂၀၀ ကျော် ပျောက်ဆုံးလျက် ရှိကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။ ဖိလစ်ပိုင်နိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သော ဆီဘူးမြို့ ဆိပ်ကမ်းတွင် သောကြာနေ့ညဘက် အမှောင်ထု ဖုံးလွှမ်းနေချိန်တွင် ခရီးသည် ၈၇၀ ကို တင်ဆောင်လာသော ခရီးသည်တင် သင်္ဘောနှင့် ကုန်တင်သင်္ဘောတို့ တိုက်မိကြခြင်း ဖြစ်သည်။ ကမ်းခြေစောင့်တပ်ဖွဲ့များ၊ စစ်သင်္ဘောများနှင့် ဒေသခံ ငါးဖမ်းသမားများက နစ်မြုပ်သွားသော ခရီးသည်များကို ကယ်တင်ခဲ့သော်လည်း လူ ၆၀၀ ကျော်သာ ကယ်တင်နိုင်ခဲ့ပြီး လူ ၂၀၀ ကျော် ပျောက်ဆုံးလျက်ရှိကာ စနေနေ့နှောင်းပိုင်း အချိန်အထိ ၂၆ ဦး၏ ရုပ်အလောင်းများကိုသာ တွေ့ရှိရသေးသည်။ အဆိုပါ ခရီးသည်တင် သင်္ဘောမှာ တိုက်ပြီးပြီးချင်း ၁၀ မိနစ်ခန့်အတွင်း နစ်မြုပ်သွားခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ လက်ထောက်တပ်မှူး လူးဝစ်တူဆန်က ပြောကြားသည်။ အခင်းဖြစ်ပွားသည့် နေရာမှာ ကမ်းခြေ မှ သုံးကီလိုမီတာ အကွာအဝေးရှိ ဆီဘူး ဆိပ်ကမ်းသို့အဝင် ကျဉ်းမြောင်းသော ရေလက်ကြားတွင် သောကြာနေ့ည ဒေသစံတော်ချိန် ည ၉ နာရီ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင်ဆိပ်ကမ်း အာဏာပိုင်များက ပြောကြားသည်။ “တိုက်မိတဲ့ အသံကြားပြီး မကြာဘူး သင်္ဘောက စမြုပ်တော့တာပဲ” ဟု သင်္ဘောနစ်မြုပ်ရာတွင် ပါဝင်ခဲ့ပြီး ပြန်လည် လွတ်မြောက်လာသူ အသက် ၂၃ နှစ်အရွယ် မာရီဘယ်မန်မာလို ဆိုသည့် အမျိုးသမီးက ပြောကြားသည်။ အဆိုပါ အမျိုးသမီး၏ အသက် ၅၆ နှစ်အရွယ် မိခင်မှာမူ ပျောက်ဆုံးနေဆဲပင် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ “မနေ့ညကလူ ၁၀ ယောက်လောက်ကို ရေထဲက ကယ်လိုက်ရတယ်။ကျွန်တော့်မှာလည်း လက်နှိပ်ဓာတ်မီးပဲ ပါတာဆိုတော့ မှောင်ကြီးမည်းမည်းထဲမှာ သိပ်မမြင်ရဘူး”ဟု သင်္ဘောနစ်မြုပ်ရာသို့ ပထမဆုံး ရောက်ရှိသွားသူဟုဆိုသော ဒေသခံ ငါးဖမ်းသမား မာရီယိုချာဗတ်က ပြောကြားသည်။ သင်္ဘောချင်း မတိုက်မိခင် ခရီးသည်တင် သင်္ဘောသည် ဆိပ်ကမ်းဘက်သို့ ဦးတည်လာနေပြီဟု ဆီဘူးဆိပ်ကမ်း ရေဒီယိုဌာနသို့ သတင်းပေးပို့ခဲ့သည်ဟု တိုက်ပြီးပြီးချင်း နစ်မြုပ်သွားသော ခရီးသည်တင် သင်္ဘောပိုင်ရှင်၏ လုံခြုံရေးအရာရှိ ရာချယ်ကာပူနိုက ပြောကြားသည်။ ခရီးသည်တင် သင်္ဘောနှင့် တိုက်မိသော ကုန်တင်သင်္ဘောဖြစ်သည့် Sulpicio Experess 7 မှာမူ နစ်မြုပ်ခဲ့ခြင်း မရှိပေ။ ဖိလစ်ပိုင်နိုင်ငံတွင် ကျောက်တန်းနှင့် ကျွန်းပေါင်း ၇၁၀၀ ကျော်ရှိပြီး သန်းနှင့်ချီသော နွမ်းပါးသူများအတွက် ခရီးသည်တင်သင်္ဘောမှာ အဓိကအားထားရာ ပို့ဆောင် ဆက်သွယ်ရေး ယာဉ်တစ်ခု ဖြစ်သည်။ သို့သော်လည်း လုံခြုံရေးအဆင့် အတန်းညံ့ဖျင်းခြင်း၊ စည်းမျဉ်းစည်းကမ်း ကြပ်မတ်မှု အားနည်းခြင်းနှင့် ဝန်ပိုသယ်ဆောင်ခြင်းများကြောင့် မတော်တဆ ဖြစ်ပွားမှုများ မကြာခဏ ကြုံတွေ့ရတတ်သည်။ ဖိလစ်ပိုင်တွင် ၁၉၈၇ ခုနှစ်က ခရစ္စမတ် အိမ်ပြန်သူများ စီးနင်းလိုက်ပါလာသော ခရီးသည်တင် သင်္ဘောနှင့် ရေနံတင် သင်္ဘောတစ်စင်း တိုက်မိခဲ့၍ လူပေါင်း ၄၃၀၀ ကျော် သေဆုံးခဲ့ရာ ကမ္ဘာပေါ်တွင် စစ်ပွဲနှင့် မသက်ဆိုင်ဘဲ ရေကြောင်း မတော်တဆမှုကြောင့် လူအများဆုံး သေဆုံးခဲ့ ရသည့် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။

ဖုန်း ဘက်ထရီနှင့် ပက်သက်၍ ရှောင်ရန်အချက်များ


ဒီတစ်လော သတင်းတွေကြားနေရပါတယ်။ iPhone 5 ကြောင့် ဓာတ်လိုက်သေရတဲ့ လေယာဉ်မယ် သတင်း၊ Samsung Galaxy S3 အိပ်ကပ်ထဲမှာ ပေါက်ကွဲတဲ့သတင်းတို့အပြင် ဖုန်းပေါက်ကွဲမှုနဲ့ ပက်သက်တဲ့ သတင်းများ၊ လူသေမှုသတင်းများ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်ကစလို့ သိသိသာသာ မြင့်တက်လာတဲ့ သတင်းတွေပါ။ အဖြစ်များတာ ကတော့ တရုတ်ပြည်မှာပါ။ အကြောင်းကတော့ အာမခံချက် နည်းတဲ့ ပစ္စည်းကြောင့်မို့ ဖြစ်ပါတယ်။ ဖုန်းကို အားသွင်းနေ ရင်း ပြော တာကြောင့်ရော၊ အချိန်လွန်သွင်းတာတွေကြောင့်ရော ဖြစ်ပါတယ်။ Apple ကတော့ ပြန်လည်စစ်ဆေးမှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။ Apple ပစ္စည်းက ဓာတ်လိုက်တတ်ပါတယ်။ အထူးသဖြင့် Macbook တွေမှာ သိသာပါတယ်။ သံမန်သလင်းပေါ်မှာ ဖိနပ်မစီးဘဲ အားသွင်းထားတဲ့ Macbook ကိုကိုင်ရင် ဓာတ်လိုက်တာ ကိုယ်တွေ့ပါပဲ။ iPhone ကတော့ မသိပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ဖုန်းနဲ့ ပက်သက်လို့ ရှောင်သင့်တဲ့အချက်လေးတွေ ကတော့ - - အားသွင်းစဉ် ဖုန်းပြောခြင်း Safety Factor ဘယ်လိုပဲ ထားထား အားသွင်းစဉ် ဖုန်းပြောတဲ့ အမူအကျင့် ကို ရှောင်ကိုရှောင်ရမှာ ဖြစ်ပါတယ်။ ဘက်ထရီရဲ့  အလုပ်ပိုပြီး အပူလွန်ကဲစေပါတယ်။ - အာမခံချက်မရှိသော ဘက်ထရီအစားထိုးခြင်း ဘက်ထရီဝယ်တဲ့အခါ အော်ရီဂျင်နယ် သာ ဝယ်ရမှာ ဖြစ်ပါတယ်။ Power Voltage သတ်မှတ်ချက် တိတိကျကျရှိမှ ဖုန်းနဲ့သင့်တော်မှာပါ။ မဟုတ်ရင် ဖုန်းကိုလည်း ထိခိုက်ပြီး အသုံးပြုတဲ့သူကိုပါ ဆိုးကျိုးဖြစ်စေပါတယ်။ ဈေး သက်သာတာကိုပဲ ကြည့်ပြီး ဘက်ထရီ အတုများ၊ Official ထုတ်ကုန်များ မဟုတ်တာကို သုံးစွဲခြင်းဟာ recommend မပေးပါဘူး။ - ဖုန်းကို အပူချိန်ပြောင်းလဲထိတွေ့မှု သတိထားခြင်း အားသွင်းပြီး ပူနေတဲ့ ဖုန်းကို ရုတ်တရက် အလွန်အေးတဲ့ ပတ်ဝန်းကျင်ဆီ ယူသွားလိုက်တာမျိုးကို ရှောင်ဖို့ ဖြစ်ပါတယ်။ ဒါက အအေးပိုင်းဒေသတွေ မှာ ပိုဂရုစိုက်ရမယ့်အချက် ဖြစ်ပါတယ်။ အပူချိန် ရုတ်တရက်ပြောင်းလဲမှုဒဏ်ကို ဘက်ထရီတို့ မခံနိုင်ပါဘူး။ - အားအလွန်အကျွံသွင်းခြင်း အားပြည့်တဲ့အခါ ဖုန်းကို အားသွင်းခြင်း ရပ်တန့်စေဖို့ ဖြစ်ပါတယ်။ လျှပ်စစ် ဓာတ်အား ဆက်တိုက်ဆီးဝင်နေမှုကြောင့် အားပြည့်ရင် ဖြတ်တောက်တဲ့ စနစ်မျိုး ဘယ်လိုပဲ ထားပေးထားပေး Manually လုပ်တာလောက် စိတ်မချ ရပါဘူး။ အခန့်မသင့်ရင် အပူချိန်လွန်ကွဲပြီး မီးလောင်ကျွမ်းမှု၊ ပေါက်ကွဲ မှု ဖြစ်စေပါတယ်။ အားပြည့်ရင် စမတ်ဖုန်းရယ်မှ မဟုတ်ပဲ ဘယ် အီလက်ထရောနစ် ပစ္စည်းမဆို ခလုပ်ပိတ်ပြီး ပစ္စည်းဖြုတ်ရမှာ အခြေခံ သိနေရ၊ လုပ်နေရမယ့် အချက်ပဲ ဖြစ်ပါတယ်။ - အားမသွင်းမှီ ရေစိုမစို စစ်ဆေးခြင်း အားသွင်းချိန်တင်မကပါဘူး။ ဘက်ထရီသာ ရေစိုနေရင် ဘယ်အချိန်ဖြစ်ဖြစ် အသုံးပြုဖို့မသင့်တော်ပါဘူး။ ရေငွေ့အရမ်းများနေရင်လည်း လျှပ်စစ်ရှော့ ဖြစ်တတ်ပါတယ်။

ယောက်ကျားယူချင်၍ အရပ် ၁၄ လက်မပို ရှည်အောင် ခွဲစိတ်ခဲ့သောမိန်းကလေး

အမေရိကန် ပြည်ထောင်စုမန်ဆာချူးဆက် ပြည်နယ်မှ ခြေထောက်နှင့်လက် သာမန်ထက် ပိုတိုနေသော အမျိုးသမီး တစ်ဦးသည် အရပ်ပိုမို ရှည်ထွက် လာစေရန် ခွဲစိတ်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ ပြီးနောက် အရပ် ၁၄ လက်မ ပိုရှည်ထွက် လာကာ သူမ၏ ချစ်သူနှင့် လက်ထပ်ပွဲ ဆင်နွှဲ နိုင်ခဲ့ကြောင်း သိရသည်။ သူမသည် ခြေလက် အင်္ဂါများကို ခွဲစိတ်သည့် ပထမဆုံးသူ ဖြစ်ကြောင်း သူမအား ခွဲစိတ် ပေးသည့် ဆရာဝန် များက ပြောကြားခဲ့သည်။ သူမသည် အသက် ၈ နှစ်အရွယ်က ခြေထောက်များ ရှည်ထွက် လာစေရန် အတွက် ခြေသလုံး ရိုးအား ချိုးပြီး အရိုးများ ရှည်ထွက် စေရေး အနာခံ ခွဲစိတ် ကုသမှု ခံယူခဲ့ ရသည်။ ၎င်း၏ အရိုးသည် ပထမ အကြိမ် ခွဲစိတ်စဉ် ၁ဝ စင်တီမီတာ ရှည်ထွက်ခဲ့ပြီး အသက် ၁၅ နှစ်အရွယ်တွင် ဒုတိယ အကြိမ် ထပ်မံ ခွဲစိတ်၍ အရိုးများကို ဆန့်ထုတ်ခဲ့ရာ ၂၅ စင်တီမီတာ ရှည်ထွက် လာခဲ့သည်။ နှစ်ကြိမ် ခွဲစိတ်ပြီး အရပ် ရှည်ထွက်စေရန် ဆောင်ရွက် ခဲ့ရာတွင် အပြင်းအထန် နာကျင်မှု၊ အခန့် မသင့်လျှင် မသန် မစွမ်း ဘဝသို့ ရောက်ရှိ နိုင်သည်ကို မမှုဘဲ လုပ်ဆောင်ခဲ့သည်။ ယခုအခါ အသက် ၃၂ နှစ် အရွယ် ရှိပြီဖြစ်သည့် တစ်ဖနီ ဒီဒိုနာတိုသည် ဆန်းသစ်သော သူမ၏ ခွဲစိတ် ကုသမှု အကြောင်းကို Daily Mail သတင်းစာသို့ ပြောကြားခဲ့သည်။ သူမသည် အရပ် အနည်းငယ် ပိုရှည်ခဲ့ သော်လည်း သူမအတွက် ထိုအရာမှာ မလွယ် ကူကြောင်း၊ အိပ်ရာထတိုင်း နာကျင် မှုကို ဆိုးရွားစွာ ခံစားရလေ့ ရှိကြောင်း တစ်ဖနီက ပြောကြားခဲ့သည်။ သူမသည် ၎င်း၏ချစ်သူ မရိန်း တပ်သားနှင့် လက်ထပ်ပြီး သားတစ်ယောက် ရရှိနေပြီ ဖြစ်သည်။ သူမ၏ ပြင်းပြသော ဆန္ဒဖြင့် အရပ် ရှည်ထွက်အောင် ခွဲစိတ် ကုသမှု ပြုလုပ်ရာ တွင် ဖြစ်လာနိုင်သည့် အန္တရာယ် များကို သူမ၏ စိတ်ဓာတ်ဖြင့် အခက်အခဲကို ကျော်လွှား နိုင်ခဲ့သည်မှာ အံ့သြ ဖွယ်ရာပင် ဖြစ်သည်။

“ သိပေမယ့် မတတ်ပါ ” - အရှင်ဆေကိန္ဒ Sunday, August 18, 2013

ကျေးဇူးတော်ရှင်ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒဟောကြားတော်မူသော - “ သိပေမယ့် မတတ်ပါ ” တရားတော် MP3ကို ဓမ္မဒါနပြုလိုက်ပါသည်။ Download နှင့် Online မှ တိုက်ရိုက်နာယူနိုင်မည့် Links : File size : 14.26MB http://www.mediafire.com/?p7o22c1cnncbscz Dhamma Danã Source ► Young Buddhist's Association

...ကိုယ်ပိုင်အတွေးမဟုတ်ပါခင်ဗျာ,,,,,,,,,,,,,

(၁)မြန်မာနှိုင်ငံမှာ အမြဲးတမ်းဆန့်ဆန့်ကြီးနေတဲ့မြို့ဟာဘယ်မြို့ပါလဲးဗျာ (၂)ဘယ်တော့မှကြီးမလာတဲ့မြို့ကဘယ်မြို့ပါလဲး (၃)ထည့်စားလို့ရတဲ့မြို့ကဘယ်မြို့ပါလဲး (၄)ငယ်ငယ်ရွယ်ရွယ်နဲ့အစားကြီးတဲ့မြို့ကဘယ်မြို့ပါလဲး (၅)တန်းစီနေရတဲ့မြို့ကဘယ်မြို့ပါလဲး (၆)အလျှင်လိုနေတဲ့မြို့ကရောဘယ်မြို့ပါလဲး (၇)သံဃာတော်များဆွမ်းဝအောင်မစားရတဲ့မြို့ကရောဘယ်မြို့ပါလဲး(တကယ်မဟုတ်ပါ) (၈)ပြောင်းပြန်နေတဲ့မြို့တွေကရောဘယ်မြို့တွေပါလဲး (၉)ကင်စားလို့ကောင်းတဲ့မြို့ကရောဘယ်မြို့ပါလဲး (၁၀)ကာဆီးကာဆီးလုပ်နေတဲ့မြို့ကရောဘယ်မြို့ပါလဲး (၁၁)မြန်မာနှိုင်ငံရဲ့နောက်ဆုံးမြို့ကရောဘယ်မြို့ပါလဲး
၁ မကွေး ၂ ကလေး ၃ ပုဂံ ၄ ကလေးဝ ၅. ၆ မြန်အောင် ၇ သပိတ်ကျဉ်း ၈ ကျေက်ဖြူ ကျောက်မဲ မိုးကောင်း မိုးနည်း ၉ ၀က်လက် ၁၀. ၁၁ ဘိတ် (မြိတ်).