မယ်သို့တမ်းချင်း ( 7 )
တိကျတဲ့ရက်
မမှတ်ရသေးပေမဲ့
မဝေးတော့ဘူးဆိုတာ
တို့နှစ်ယောက်သိထားပြီးသားပါ
ယုံကြည်မူ့ဆိုတဲ့
သံယောဇဉ်နှောင်ကြိုး
မျှော်လင့်ချက်အရောင်လေးတော့
မှိန်မသွားရပါစေနဲ့
ထိန်းသိမ်းထားပါရစေ
ငါတို့နေဝင်ချိန်ထိ
ရင်မှာပျိုးတဲ့
ချစ်ခြင်းမျိုးစေ့
ရှင်သန်မှာပါ
ငါတို့ရင်ထဲ ...
No comments:
Post a Comment