အတောင်စုံတဲ့ငှက်ပေမဲ့ ငါ
အပျံသင်နေတဲ့အချိန်မို့
ငါ့ဆာလောင်မူ့တွေနဲ့အတူ
မေ့အနားနေဖို့မတမ်းတရဲသေးဘူး
လေဒဏ်မိုးဒဏ်ထဲ ငါ
ကျင့်သားရနေပြီဆိုပေမဲ့
အမြင့်ပျံသန်းနေချိန်မို့
မေနဲ့အတူ
နွေ ,,,, မိုး ,,, ဆောင်း ,,,
ခိုလှုံဖို့ ငါ့အသိုက်
မလုံခြုံသေးသည်မို့
မေ့အနားယုယနေခွင့် ငါ
ငါမမျှော်လင့်ရဲသေးဘူး
ငါ့ပျော်ရွှင်မူ့တွေစတေး
မေ့အနားနီးဖို့ခုထိဆိုပါတော့
ငါမတမ်းတရဲသေးဘူး
အချိန်တစ်ခုမှာ
ယုံကြည်ထားပေးမယ်ဆို
မေစောင့်ရကျိုးနပ်မှာပါ
ငါဘယ်လိုလူမျိုးဆိုတာလေ !!!!!
No comments:
Post a Comment