photos
Wednesday, May 29, 2013
Tuesday, May 28, 2013
ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ကို သိပ္ပံပညာရှင်များ စမ်းသပ်စစ်ဆေး
ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ကို သိပ္ပံပညာရှင်များ စမ်းသပ်စစ်ဆေး
ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊
ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား) ရဲ့ သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။
-အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ သံသယမကင်းဖြစ်နေတဲ့ အနောက်တိုင်း သိပ္ပံပညာရှင်တို့ကအဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရက ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေကတော့
(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့
(၂)လူသားတဦးရဲ့သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့
(၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNA နဲ့မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့
-အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတိုရဲ့ သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို့အမိန့်ထုတ်လိုက်ပါတယ်တဲ့။
Why ???
-ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာကမ္ဘာကျော်သွားမှာကိုမဖြစ်စေချင်လို.ပါတဲ့။ အနောက်အုပ်စု/ အမေရိကန် နှင့် တရုတ် တို့ ပါဝါ ပြိုင်နေချိန်လဲ ဖြစ်နေတယ်လေ။
-သိပ္ပံပညာတိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေပါတယ် .
ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်နေကြသော ဂေါတမမြတ်စွာဘုရားဟာ ကုလားလူမျိုးတစ်ဦး ဟုတ်ပါသလား
အခုတလော ( အခုတလောလို့သာ ပြောတာပါ... ဒီစကား ဒီလေတွေကို ဟို long long ago ထဲက နားခါးနေခဲ့တာ ကြာပါပြီ) အဲ... ထားပါတော့လေ... အခုတလော Facebook မှာရော... အပြင်ပတ်ဝန်းကျင်မှာပါ ဗုဒ္ဓဘာသာ အကြောင်းကို မသိကြတဲ့ ဘာသာခြားတစ်ချို့က ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ကိုးကွယ် ရာ ဂေါတမမြတ်စွာဘုရားကို ကုလားတစ်ယောက်ဖြစ်ပါတယ်လို့ ပြောနေတဲ့အကြောင်းပါ...
ဗုဒ္ဓဟာ ကုလားပြည်သား ( Indians ) ဖြစ်တယ်ဆိုတာနဲ့ ပက်သက်ပြီး ပြောချင်ပါတယ်။ ဘုရားဟောကျမ်း များအရရော၊ ကမ္ဘာ့အဖွဲ့အစည်းအသီးသီးက လက်ခံ၊ အတည်ပြုထားကြတဲ့ သမိုင်းအထောက်အထား များအရရောဆိုရင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ခရစ်တော်မပေါ်မီ ဘီစီ ၅၆၃ ခုနှစ်မှာ ကပိလ၀တ်ပြည့်ရှင် သုဒ္ဓေါဒနမင်းကြီးရဲ့ မိဖုရားခေါင်ကြီး သီရိမဟာမာယာဒေ၀ီက ကပိလ၀တ်ပြည်နဲ့ ဒေ၀ဒဟပြည်အကြား လုမ္ဗိနီအင်ကြင်းဥယျာဉ် (ယခု နီပေါနိုင်ငံ) မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန် အိန္ဒိယနိုင်ငံမှာ ကပိလ၀တ်ပြည်၊ ဒေ၀ဒဟပြည်၊ ရာဇဂြိုဟ်ပြည်၊ ဝေသာလီပြည်အစရှိတဲ့ မြို့ပြနိုင်ငံငယ်လေး များကို ထွန်းကားနေတဲ့အချိန်ဖြစ်ပါတယ်။ ကပိလ၀တ်ပြည်ကို အုပ်ချုပ်တဲ့ မင်းမျိုးမင်းနွယ်တွေဟာ သကျသာကီဝင်လူမျိုးတွေဖြစ်ပါတယ်။ ကပိလ၀တ်ပြည်ဟာ ယခုအိန္ဒိယနိုင်ငံမှာ ပါတယ်ဆိုတိုင်း ကပိလ၀တ်ဘုရင်ကလည်း အိန္ဒိယအမျိုးသားကြီး (၀ါ) ကုလားကြီးဆိုရင် မှားပါလိမ့်မယ်။
သကျသာကီဝင်အမျိုးဆိုတာဟာ ယခုခေတ်အိန္ဒိယနိုင်ငံရှိ အမျိုးအားလုံးနဲ့ မရောယှက်ပဲ ထိုခေတ်ထိုအခါကတည်းက သီးသန့် တစ်သွေးတစ်သားကို အလေးထားထိန်းသိမ်းခဲ့ကြသော မြင့်မြတ်တဲ့အမျိုးအနွယ်တွေဖြစ်ပါတယ်။ ဘယ်လောက်ထိတောင် ထိန်းသိမ်းသလဲဆိုရင် သကျသာကီဝင် မင်းမျိုးတွေဟာ တခြားအမျိုးအနွယ်တွေနဲ့ သွေးနှောမှာစိုးလို့ ကိုယ့်မောင်နှမ၀မ်းကွဲကိုသာ ပြန်ယူတဲ့အထိကို အမျိုးအနွယ်ကိုချစ်မြတ်နိုးစောင့်ရှောက် သန့်စင်စေသူများဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော် ဗုဒ္ဓရှင်တော် ပွင့်တော်မူတဲ့ကာလက အိန္ဒိယပြည်မှာ ဇာတ်ခွဲခြားမှုစနစ်ရှိပါတယ်။ ခတ္တိယ၊ ဗြဟ္မဏ၊ ဝေဿ၊ သုဒ္ဓ ဆိုတဲ့ အမျိုးဇာတ် လေးပါးထဲမှာ ဗုဒ္ဓရှင်တော်ဟာ တိုင်းသူပြည်သားအပေါင်းတို့ ရိုသေလေးမြတ်ရာ ထိပ်ဆုံးက ခတ္တိယအမျိုးထဲမှာပါပါတယ်။
ဒီအမျိုးဇာတ်လေးပါးထဲမှာ နောက်ဆုံးအမျိုးဖြစ်တဲ့ သုဒ္ဓဆိုတဲ့အမျိုးဟာ ဗုဒ္ဓရှင်တော်လက်ထက်တော်အခါက အနိမ့်ဆုံးဇာတ်နိမ့်အမျိုးတွေဖြစ်ကြပါတယ်။ လက်ရှိအိန္ဒိယနိုင်ငံမှာ အများစုနေထိုင်ကြတဲ့ အိန္ဒိယ တိုင်းရင်းသားများ ( Original ethnics) ဖြစ်ပါတယ်။ သူတို့ကိုမြန်မာတွေက ကုလားလို့လွယ်လင့်တကူခေါ်ကြတာဖြစ်ပါတယ်။(ဒါပေမယ့် ယခုအချိန်မှာတော့ ပွင့်လင်းလေးစားလာသော လူ့အဖွဲ့အစည်းများက အမျိုးဇာတ်ခွဲခြားမှုကို ကန့်ကွက်ကြလို့ တိုင်းရင်းသားအချင်းချင်းအတူတူဖြစ်ပါတယ်... ဟိုခေတ်အခါကတော့ အမျိုးဇာတ်ချင်း ခွဲခြားထားတာဖြစ်ပါတယ်။)
နောက်တစ်နည်းနဲ့တွက်ချက်မယ်ဆိုရင် ယခုခေတ်သမိုင်းသုတေသီများနဲ့ မနုဿာဗေဒပညာရှင်များ အလိုအရ ဗုဒ္ဓဘုရားရှင်ပွင့်ပေါ်တော်မူစဉ်က ထိုနယ်ထိုဒေသမှာနေကြတဲ့ လူမျိုးနွယ်တွေအားလုံးဟာ မွန်ဂိုမျိုးရင်းမှဆင်းသက်လာကြတဲ့ Mongoloid အနွယ်ဝင်တွေဖြစ်ပါတယ်။ ယခုခေတ် လူမျိုးနွယ်ခွဲခြားမှုအရဆိုရင် လူဖြူမျိုး ( Caucasians)၊ လူဝါမျိုး ( Mongoloids) နဲ့ လူမည်းမျိုး ( Negroids)ထဲမှာမှ လူဝါမျိုး (Mongoloid) ထဲမှာပါဝင်တဲ့ အမျိုးအနွယ်ဖြစ်ပါတယ်။ ဗုဒ္ဓရှင်တော်လက်ထက် ဇာတ်မြင့်လူတန်းစားသုံးမျိုးဖြစ်တဲ့ မင်းမျိုး (ခတ္တိယ)၊ ပုဏ္ဏားမျိုး (ဗြဟ္မဏ)၊ ကုန်သည်မျိုး (ဝေဿ) ဆိုတဲ့အမျိုးတွေက ဥရောပတိုက် အရှေ့ပိုင်းက ပြောင်းရွှေ့လာကြတဲ့ Caucasians မျိုးတွေဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓမြတ်စွာဘုရားဟာ လူဝါမျိုး (Mongoloid) သော်လည်းကောင်း၊ လူဖြူမျိုး ( Caucasians) သော်လည်းကောင်း၊ အဆိုပါအရင်းအမြစ်တစ်ခုခု က ပွင့်ထွန်းပေါ်ပေါက်တော်မူလာတာဖြစ်ပါတယ်။ ဘာသာရေးကို ထဲထဲဝင်ဝင်နားလည်ခြင်းမရှိပဲ အပေါ်ယံလေ့လာသူများပြောသလို ကုလားပြည်က ကုလားဘုရင်ကြီးနဲ့ ကုလားမိဖုရားကြီး ထိမ်းမြားကြလို့ ထွက်လာတဲ့ ကုလားလူမျိုး၊ ကုလားမင်းသားလေးမဟုတ်ပါ။
အလွန်အင်မတန် အထက်တန်းကျ၊ အမျိုးဂုဏ်မာန် မြင့်မြတ်တော်မူတဲ့ လူဝါမျိုးနှင့် လူဖြူမျိုးအရင်းအမြစ်ခံ သကျသာကီဝင်ခတ္တိယမင်းမျိုးမင်းနွယ်မှ ဆင်းသက်လာသော သာကီဝင်မင်းသွေးစစ်စစ်ဖြစ်ပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများကလည်း ဗုဒ္ဓရှင်တော်ကို ဘုရင့်သားတော်ဖြစ်လို့၊ မြင့်မြတ်လို့၊ တန်ခိုးအာဏာကြီးမားခဲ့လို့၊ ဈာန်အဘိညာဉ်နဲ့ပြည့်စုံလို့ ကယ်မခြင်းခံရအောင်၊ ကောင်းချီးပေးခြင်းခံရအောင် ကိုးကွယ်ဆည်းကပ်တာမဟုတ်ပဲ ကျွန်တော်တို့ကို ဘယ်ဟာကောင်းသလဲ၊ ဘယ်ဟာမကောင်းဘူးလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိအောင် လမ်းညွှန်ပြသဆုံးမပေးတဲ့ ဆရာတစ်ယောက်အဖြစ်၊ လူနတ်ဗြဟ္မာ လောကီစည်းစိမ်ချမ်းသာတို့အားလုံးထက် သာလွန်မြင့်မြတ်တဲ့ နိဗ္ဗာန်တည်းဟူသော အမတသုခကို ပို့ဆောင်ပေးတော်မူတဲ့ ကျေးဇူးရှင်တစ်ပါးအဖြစ် ရိုရိုသေသေ၊ ယုံယုံကြည်ကြည်၊ ချစ်မြတ်နိုးစွာနဲ့ ကိုးကွယ်ဆည်းကပ်ကြတာဖြစ်ပါတယ်။ ကြောက်လို့လည်းမဟုတ်၊ မိဘကိုးကွယ်လို့ လိုက်ကိုးကွယ်တာလည်းမမည်သလို အားနာခြင်းလည်းမပါပါ။ ယခုခေတ်နိုင်ငံရေးစကားနဲ့ ပြောရလျှင် ဘာသာရေးခေါင်းဆောင်တွေအများကြီးထဲမှာမှ ရှင်တော်ဘုရားရဲ့ စိတ်ဓာတ်၊ ခံယူချက်၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေကို ကြိုက်လို့ကို မဲပေးလိုက်ခြင်းရယ်ပါ။ ဘာသာတရားများကို လေးစားတန်ဖိုးတတ်ပါစေခင်ဗျာ...
^_^
( စာရေးသူ၏ ဆုတောင်း။ ။ ဤသို့လျှင် မြတ်စွာဘုရား၏ ဖြစ်တော်စဉ်ကို အရှိကိုအရှိအတိုင်း၊ အမှန်ကိုအမှန်အတိုင်းဖေါ်ထုတ်ပူဇော် သောကုသိုလ်ကံကောင်းမှု၏ အဖို့ဘာဂကြောင့် နောင်ဖြစ်လေရာဘ၀တို့တွင် ကြီးမြတ်သော၊ နက်နဲသော၊ အတုမရှိသော၊ လူနတ်ခပ်သိမ်း ချစ်ခင်ရိုသေသော၊ မဟာပထ၀ီမြေအထုရှိသော ပညာဥာဏ်နှင့်ပြည်စုံသည့် သူတော်ကောင်း အာဇာနည်ယောက်ျားကောင်းယောက်ျားမြတ်၏ အဖြစ်သည် မလွဲဧကန် ရလိုရောက်လိုဖြစ်ရပါလို၏ အရှင်ဘုရား။) ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဖွားမြင်တော်မူရာ နေရာ ဂန္ဓာရတိုင်း (ယခု ပါကစ္စတန်နိုင်ငံ) မှဗုဒ္ဓဆင်းတုတော်မြတ် ( ယခုအခါ England နိုင်ငံ၊ London မြို့ရှိ Albert Museum တွင်ပြသထားပါသည်။)အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာမှ ဆင်းတုတော်မြတ် ဘုရားအလောင်းတော်မြတ် ဖွားမြင်တော်မူပြီး ခြေတော် ခုနစ်လှမ်းလှမ်းကြွတော်မူပုံ။
၈၈ အရေးအခင်း ပုံရိပ်တွေနဲ့ ဇာတ်ကား ၂၀၁၅ ရုံတင်မည် အကယ်ဒမီ ခန့်စည်သူက ပြော
၈၈ အရေးအခင်း ပုံရိပ်တွေ ထည့်သွင်းရိုက်ကူးထားတဲ့ “ကောင်းကျိုးကိုယ်၌ တည်စေမင်း” ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၅ မှာ ရုံတင်ပြသနိုင်ဖို့ ကြိုးစားနေတယ်လို့ ဒီဇာတ်ကားကို ထုတ်လုပ်တဲ့ အကယ်ဒမီ ခန့်စည်သူက ပြောပါတယ်။
ဇာတ်ကားကို မန္တလေးတိုင်းမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ၈၈ အရေးအခင်းတုန်းက ပုံရိပ် အစစ်အမှန်တွေကို ထည့်သွင်း ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။
“အဲဒီတုန်းက ရှိခဲ့တဲ့ အတိုင်းပဲ ရိုက်မှာပါ။ အဲဒီတုန်းက တကယ်ရှိခဲ့တဲ့ ပုံရိပ် အစစ်တွေ၊ အထောက်အထား တွေလည်း ရှိနေတယ်လေ။ အဲဒါတွေလည်း ထည့်သုံးပြီး လိုအပ်တာတွေကို အသစ် ပြန်ရိုက်ထားပါတယ်။ တကယ့် အစစ်အမှန်တွေနဲ့ အခုမှ ပြန်ရိုက်ထားတာတွေကို ရောပြီးတော့ ပြမှာပါ။ ၈၈ တုန်းက ထွက်ခဲ့တဲ့ ဂျာနယ်တွေ၊ အစိုးရ သတင်းစာတွေလည်း ကျနော့်မှာ အကုန်လုံးရှိတယ်။ အကုန်ထည့်သုံးမှာပါ” လို့ ခန့်စည်သူက ပြောပါတယ်။
တကယ့် အဖြစ်အပျက်တခုကို ရိုက်ကူးတဲ့အတွက် ဆင်ဆာအဖွဲ့က ခွင့်မပြုမှာကိုလည်း စိုးရိမ်စရာမရှိဘူးလို့ ခန့်စည်သူက ဆိုပါတယ်။
“ဒီကားကို ရိုက်ဖို့ စိတ်ကူးမိခဲ့တာ ပြောမယ်ဆိုရင် ကျနော်တို့ နိုင်ငံရဲ့ ဆင်ဆာနဲ့ ပတ်သက်ပြီးတော့ပဲ ပြောရမှာပါပဲ။ အခုဒီလို ကားမျိုး ရိုက်ခွင့်ရပြီဆိုလို့ ရိုက်တာပါ။ အရင်ကဆိုရင် ဒီလိုကားမျိုး စိတ်တောင်မကူးဝံ့ပါဘူး။ ဆင်ဆာက လက်ခံ ခွင့်ပြုရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က မဟုတ်တာ ရိုက်တာမှ မဟုတ်တာ။ မြန်မာနိုင်ငံမှာ တချိန်တခါ တုန်းက ကျနော်တို့က စစ်ဌာနချုပ်ကို သေမလောက် ကြောက်ခဲ့ရတာလေ။ သူဒုက္ခ အရမ်းပေးတယ်။ ကျောင်းသား အရေးအခင်းမှာ ပါတဲ့လူတွေ၊ ဆန္ဒပြတဲ့လူတွေကိုလည်း ဘယ်လို ခိုင်းခဲ့တယ်၊ ဘယ်လို ညှဉ်းပန်း နှိပ်စက်ခဲ့တယ် ဆိုတာလည်း အားလုံး အသိပဲ။ ပြောရမယ်ဆိုရင်တော့ စစ်အာဏာရှင် ပလ္လင် ဆိုတာက ကျောင်းသားတွေရဲ့ အရိုးတွေနဲ့ တည်ဆောက် ထားတာပါ။ ဒါဟာ ဘယ်သူမှ ငြင်းလို့မရတဲ့ အရာတခုပါ။ ကျနော့်အနေနဲ့ ချဲ့ကားပြီး ရိုက်တာလည်း မဟုတ်ဘူး၊ တကယ် သမိုင်းကြောင်း တခု ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိခဲ့တယ်ဆိုတာကို မမီလိုက်တဲ့ နိုင်ငံသူနိုင်ငံသားတွေ သိအောင်လို့ ရိုက်ပြတဲ့ သဘောပါပဲ” လို့ ခန့်စည်သူက ဧရာဝတီကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ သမိုင်းတွင်တဲ့ ရာဇဝင်တွေ၊ ဇာတ်လမ်းတွေ အများကြီး ရှိခဲ့ပါတယ်။ အဲဒီလို သမိုင်းတွေထဲက ၈၈ အရေးအခင်း ကိုမှ ရွေးချယ် ရိုက်ကူးတာဟာ သူကိုယ်တိုင် ၈၈ ကာလကို မီခဲ့တဲ့အတွက် ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
“ကျနော်က ၈၈ အရေး အခင်းမှာ ဆန္ဒပြခဲ့တဲ့ ကျောင်းသား တယောက်ကို စစ်ဌာနက ခေါ်စစ်ရင်းနဲ့ ထောင်ကျသွားတဲ့ ကျောင်းသားရဲ့ နေရာပေါ့။ အဲဒီ ကျောင်းသားက အရေးအခင်းမှာ ဆန္ဒပြတယ်၊ တရားဟောတာတွေ လုပ်တယ်။ အဲဒါတွေကြောင့် ထောင်ကျသွားခဲ့တယ်။ ထောင်ကနေ ထွက်လာတဲ့အခါမှာ ခေတ်စနစ်က ပြောင်းနေပြီ။ အဖမ်းခံရတုန်းက စစ် အစိုးရ လက်ထက်ပေါ့။ ပြန်လွတ်လာတော့ ဦးသိန်းစိန် လက်ထက် ရောက်နေပြီ။ အဲဒါနဲ့ ရွာလေးတရွာ ရောက်သွားတယ်။ အဲဒီလို ပုံစံ ဇာတ်ရုပ်မှာ သရုပ်ဆောင်ထားတယ်” လို့ သူ့ရဲ့ ဇာတ်ကောင် စရိုက်နဲ့ ပတ်သက်လို့ ခန့်စည်သူက ရှင်းပြလာပါတယ်။
ကောင်းကျိုးကိုယ်၌ တည်စေမင်း ဇာတ်ကားကြီးဟာ ဇာတ်ကား တခုလုံး အရေးအခင်းကာလ အတွင်းမှာ ရိုက်ပြထားတာမျိုး မဟုတ်ဘဲ အစပိုင်း လောက်သာ ၈၈ ပုံရိပ် ပါဝင်တာဖြစ်တယ်လို့ သိရပါတယ်။
“ကျောရိုး တခုလုံးက ၈၈ ကို ယူထားတာ မဟုတ်ဘူး။ ထိပ်စ အခန်းတွေမှာပဲ သူဘာကြောင့် ထောင်ကျခဲ့သလဲဆိုတာ ၈၈ မြင်ကွင်းတွေနဲ့ Narration လေးနဲ့ ပြန်ပြောမှာပါ။ နောက်ပိုင်း ဒီဘက်ခေတ် ရောက်လာတဲ့ အခါ နိုင်ငံခြား ကုမ္ပဏီတွေနဲ့ ဒေသခံတွေနဲ့ ဖြစ်တဲ့ ပြဿနာလေးတွေပါ။ အဓိက ကတော့ မြန်မာလူမျိုးတွေ တော်တော်များများက စာမဖတ်ကြတော့ အသိပညာ ဗဟုသုတ နိမ့်ကျ နေကြတာပေါ့။ ပြောရမယ် ဆိုရင်တော့ ကိုယ့်နိုင်ငံမှာ ရှိတဲ့ ပညာတတ်တွေ အားလုံးက သူများ နိုင်ငံမှာ ကျွန်ခံနေကြတာပေါ့။ သူများနိုင်ငံမှာရှိတဲ့ စီးပွားရေးသမားတွေနဲ့ အတတ်ပညာရှင်တွေက ဒီနိုင်ငံ လာပြီး သိုက်တူး နေကြတယ်။ ဒါပါပဲ။ ဒါကို ပေးချင်တာပါ။ ၈၈ တခုတည်း မဟုတ်ဘူး။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကို ရိုက်ပြတာပါ။ မီးပျက်တဲ့ အခြေအနေတွေလည်း ပါပါတယ်” လို့ ခန့်စည်သူက ဆိုပါတယ်။
ဒီရုပ်ရှင်ကို ၂၀၁၅ ခုနှစ်လောက်မှာ ရုံတင်နိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။ ၂၀၁၅ ရုံတင်မယ့် ဇာတ်ကားအတွက် အခုလက်ရှိ ရိုက်ထားတဲ့ ခေတ်အခြေအနေနဲ့ ကွာခြားမှုတွေ ရှိနိုင်မလားဆိုတဲ့ မေးခွန်းကိုတော့ ခန့်စည်သူက “၈၈ အရေးအခင်းက ဆန္ဒပြတဲ့ ပြကွက်တွေ ပြဖို့ကတော့ ၂၀၁၅ မှာ ပြလည်း ရပါတယ်။ လင်ခရူဆာ ကားပေါ်ထိုင်ပြီး ဆန္ဒပြခဲ့ ကြတာ မဟုတ်ဘူးလေ။ သစ်နေစရာ မလိုဘူး။ လမ်းလျှောက် ဆန္ဒပြတယ်ဆိုတာ အခုခေတ်မှာ မရှိဘူးလေ။ အဲဒီခေတ်မှာ အများဆုံးက သင်္ဘောသားပဲ ကားစီးနိုင်တာ၊ SE ကားက အကောင်းဆုံးပဲ။ အဲဒီခေတ်က ပုံစံကို တင်ပြတာ။ ကျနော်တို့က သစ်နေစရာ မလိုဘူးလေ။ ပြီးတော့ ၂၀၁၃ မှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို ရိုက်ပြတာ။ ၂၀၁၅ မှာ မီးတွေပဲလာလို့ လျှပ်စစ်မီးတွေပဲ ထိန်ထိန်သာနေ၊ မြန်မာနိုင်ငံမှာ ဂြိုဟ်တုပဲ လွှတ်လွှတ် ကျနော်တို့နဲ့ မဆိုင်ဘူး။ ကျနော်တို့ ပြချင်တာက ၂၀၁၃ လူထု အခြေအနေပဲ။ မြန်မာနိုင်ငံမှာ ပညာရေး၊ ကျန်းမာရေး အရမ်းနိမ့်ကျခဲ့တယ် ဆိုတာပဲ ကျနော်တို့ ပြမှာ” လို့ ခန့်စည်သူက ပြောပါတယ်။
“ကောင်းကျိုးကိုယ်၌ တည်စေမင်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် ခန့်စည်သူ၊ ဘုန်းသျှံ၊ အရိုင်း၊ ခိုင်သင်းကြည်၊ အိချောပိုနဲ့ သရုပ်ဆောင်ပေါင်း များစွာ ပါဝင်အားဖြည့် ထားတယ်လို့ သိရပါတယ်။ ဇာတ်လမ်း ဇာတ်ညွန်း အကယ်ဒမီ မြင့်ဦးဦးမြင့်၊ ဒါရိုက်တာ ဇေပါတို့က ရိုက်ကူးထားပြီး ရိုက်ကွင်းနေရာက မန္တလေးတိုင်း ရွေစာရံ၊ အုန်းကြော၊ ကြောင်ပိုင်းကွင်းမှာ ရိုက်ကူးခဲ့ကြတယ်လို့ သရုပ်ဆောင် ဘုန်းသျှံဆီက သိရပါတယ်။
သရုပ်ဆောင် ဘုန်းသျှံက ဒေါသကြီး၊ တဇွတ်ထိုး လုပ်တတ်ပြီး တရွာလုံးနဲ့ တယောက်ဖြစ်နေတဲ့ ဇာတ်ကောင် စရိုက်နေရာက သရုပ်ဆောင်မှာ ဖြစ်ပြီး ရိုက်ခဲ့ဖူးတဲ့ ရုပ်ရှင်ကားကြီးတွေထဲမှာ ဒီဇာတ်ကားက လုပ်ကွက် အရဆုံးကားလို့ ပြောပါတယ်။
“ဒီကားကို ပါဝင်ဖို့ ကိုခန့်နဲ့ ဇေပါက ခေါ်တာပါ။ ဒီကားမှာ သရုပ်ဆောင်တွေ အားလုံးလည်း တော်တော်လေး ကောင်းကြ တယ်ဗျ။ ပညာပေး ဇာတ်ကားလေးပါ။ ကိုခန့်က ထောင်ကထွက်လာပြီး ရွာကို ရောက်လာတယ်။ ရွာသားတွေက စာမတတ် ကြလို့ ကိုခန့်က လုပ်ပေးရတာတွေပေါ့။ ကျနော်က ဒေါသကြီးပြီး အမှားအမှန် မခွဲတတ်တာတွေကို ပညာပေးတာပေါ့” လို့ ဘုန်းသျှက ဆိုပါတယ်။
ဘုန်းသျှံက လက်ရှိ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေပြီး ရခိုင်တိုင်းရင်းသား စီးရီးတွေမှာလည်း ပါဝင်သီဆို ပေးထားတယ်လို့ သိရပါတယ်။
၈၈ ပုံရိပ် အစစ်တွေနဲ့ စဖွင့်မယ့် ကောင်းကျိုးကိုယ်၌ တည်စေမင်း ရုပ်ရှင်ဟာ မြန်မာလူထုရဲ့ စာဖတ် စွမ်းရည် မြင့်စေဖို့ တိုက်တွန်းပညာပေးတဲ့ ဇာတ်ကားတကားလည်း ဖြစ်ပြီး ဘယ်နိုင်ငံရေး ခေါင်းဆောင်၊ ဘယ်ကျောင်းသား ခေါင်းဆောင် တဦးတယောက်ရဲ့ ဘဝကို ရိုက်ကူးထားတာ မဟုတ်ကြောင်းလည်း ခန့်စည်သူက ပြောပါတယ်။
“၈၈ တုန်းက ထင်ရှားခဲ့တဲ့ ခေါင်းဆောင်တွေ ရှိသလို၊ မထင်မရှားနဲ့ အသက်စွန့် သွားတဲ့ ကျောင်းသားတွေလည်း အများကြီး ရှိပါတယ်။ ဒီဇာတ်ကားက ထင်ရှားတဲ့ ကျောင်းသား ခေါင်းဆောင်တွေရဲ့ အကြောင်း ပြန်ရိုက်ထားတာ မဟုတ်ပါဘူး။ အဖြစ်အပျက်ကို ပြန်ရိုက်ထားတာပါ” လို့ ပြောတဲ့ ခန့်စည်သူဟာ ၂၀၀၈ တုန်းက အများနှင့် မသက်ဆိုင်သောသူ ရုပ်ရှင်ကားကြီးနဲ့ အကယ်ဒမီ ရခဲ့သူ ဖြစ်ပါတယ်။
နိုင်ငံတော်က ချီးမြှင့်တဲ့ သီဟသုဓမ္မ မဏိဇောတဓရ ဘွဲ့ကိုလည်း ၂၀၁၂ ခုနှစ်က ရရှိခဲ့တာမို့ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ နိုင်ငံ့ ခေါင်းဆောင်တွေအပေါ် အမြင် သဘောထား မေးကြည့်တဲ့ အခါ “ပြောရမယ် ဆိုရင်တော့ ဒီမိုကရေစီ နိုင်ငံတခုအဖြစ် အသိအမှတ် မပြုရင်တောင်မှ ဒီမိုကရေစီ ကူးပြောင်းတဲ့ နိုင်ငံ အဖြစ် အသိအမှတ်ပြုရမှာပဲ။ လက်ရှိ မြန်မာနိုင်ငံ အနေအထားနဲ့ ပြောမယ်ဆိုရင် ဦးသိန်းစိန်လိုမျိုး အခွင့်အရေးတွေ ရတိုင်း မယူတတ်တဲ့၊ အာဏာ အလွဲသုံးစား မလုပ်တတ်တဲ့ စစ်ဗိုလ်ချုပ်တွေ မြန်မာနိုင်ငံမှာ အရင်ကသာ ရှိခဲ့မယ်ဆိုရင် ကျနော်တို့ နိုင်ငံက စစ်အာဏာရှင် စနစ်အောက်ကို ရောက်ခဲ့စရာ အကြောင်းမရှိဘူး။ သေချာတာ တခု ပြောမယ်ဆိုရင်တော့ အနာဂတ် မြန်မာနိုင်ငံအတွက် ယုံကြည် စိတ်ချရတဲ့ လူတယောက်ကို ရွေးချယ်ပေးပါ ဆိုရင်တော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ရွေးချယ်ပေးရမှာပဲ” လို့ ဆိုပါတယ်။
ကောင်းကျိုးကိုယ်၌ တည်စေမင်း ဇာတ်ကားကို ထုတ်လုပ်သူ အကယ်ဒမီ ခန့်စည်သူက အနုပညာ လုပ်ငန်းအပြင် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းဖွဲ့ပြီး စာကြည့်တိုက် အသစ်များ တည်ထောင်ခြင်း၊ မြန်မာတနိုင်ငံလုံးက စာကြည့်တိုက် ငါးသောင်းကျော်ကို ဆက်လက် လည်ပတ်နိုင်ဖို့ ဆောင်ရွက်ပေးခြင်း၊ မေတ္တာ သင်္ဂဟ အဖွဲ့ ဖွဲ့စည်းပြီး ကလေးငယ်တွေရဲ့ ပညာရေးကို တာဝန်ယူပေးခြင်း၊ မြန်မာလူထု စာဖတ်စွမ်းရည် တိုးတက်စေဖို့ လှုံ့ဆော်ပေးခြင်း စတဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင် နေပါတယ်။
အပြည်စုံ ဓာတ်ပုံရောကြည့်ချင်ရင်တော အောက်မှာသွားရောက်ကြည့်နိုင်ပါသည်။
http://burma.irrawaddy.org/archives/40741
Thursday, May 23, 2013
Saturday, May 18, 2013
ကမ္ဘာ့ပထမဆုံး အကြိမ် အသည်းအစားထိုးကုသ
ခန္ဓာကိုယ် အခြေအနေ အတိုင်း ဖန်တီးထားသော စက်၌ ခေတ္တ သိမ်းထားသည့် အသည်းကို ကမ္ဘာ့ ပထမဆုံးအကြိမ် အစားထိုးကုသ
လူ့အသည်းကို ခန္ဓာကိုယ် အပြင်ဘက်မှာ ထားနိုင်တဲ့ လူ့ခန္ဓာကိုယ်ကို တုပထားတဲ့ စက်ပစ္စည်း အသစ်ကို ဗြိတိန်နိုင်ငံမှ တီထွင်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ကိုယ်တွင်းအင်္ဂါကို အစားထိုး ကုသမယ် ဆိုရင် ကိုယ်တွင်းအင်္ဂါကို ခန္ဓာကိုယ်မှ ထုတ်ပြီး အေးတဲ့ နေရာမှာ သိမ်းဆည်းကာ ၁၄ နာရီ အတွင်းမှာ အသုံးပြုရပါတယ်။ အသည်းကို ခန္ဓာကိုယ် အပူချိန် ရောက်အောင် အပူချိန် မြှင့်ထားပြီး သွေးနီဥ၊ အောက်ဆီဂျင်နဲ့ အာဟာရတွေ ရရှိမယ် ဆိုရင် ၂၄ နာရီအထိခံတယ်လို့ သိရပါတယ်။ ဒီလို လူ့ခန္ဓာကိုယ် ပြင်ပမှာ အသည်းကို ထားနိုင်တဲ့ နည်းလမ်းကို ဗြိတိန်မှ သိပ္ပံပညာရှင်တွေက ရှာဖွေ တွေ့ရှိခဲ့တာ ကြောင့် အင်္ဂလန်မှ ကိုယ်တွင်းအင်္ဂါ အစားထိုး လုပ်ငန်းကို နှစ်ဆခန့် ပိုမို လုပ်ဆောင်နိုင်တော့မယ်လို့ ဆိုပါတယ်။ အခု တီထွင်လိုက်တဲ့ စက်အသစ်ဟာ ၇၂ နာရီ အထိ အသည်းကို လတ်လတ်ဆတ်ဆတ် ဖြစ်စေနိုင်တယ်လို့ သိရပါ တယ်။ အဲဒီစက်ဟာ စူပါမားကက်မှာ ထားတဲ့ တွန်းလှည်း အရွယ်အစားလောက် ရှိပြီး လူနာတင်ယာဉ်ပေါ်မှာ တင်ထားနိုင်တဲ့ အတွက် လူနာလိုအပ်တဲ့ နေရာမရွေးမှာ အဆင်သင့် ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ အသက် ၆၂ နှစ်အရွယ် Iain Christie ဆိုသူဟာ အဲဒီစက်ကို အသုံးပြုပြီး အသည်း အစားထိုး ကုသမှု ခံယူရတဲ့ ကမ္ဘာ့ပထမဆုံး လူသား အဖြစ် စာရင်းဝင်သွားတယ်လို့ သိရပါတယ်။
ရှေးဟောင်းမြန်မာလူမျိုးများ
ရှေးဟောင်းမြန်မာလူမျိုးများ
အာရှတိုက်ဆိုင်ရာ ဘာသာဝေါဟာရ ပညာရှင်များက မြန်မာလူမျိုးများသည် အရှေ့တိဗက် ဘာသာဝေါဟာရ အုပ်စု
ဝင်လူမျိုး တမျိုးဖြစ်သည် ဟု အတည်ပြုထားကြသည်။ တရုတ်မှတ်တမ်းဟောင်းများ၏ အဆိုအရ မြန်မာလူမျိုးများ
သည် တရုတ်ပြည် အနောက်မြောက် ကန်ဆူနယ်တွင် နေထိုင်ကြသည်။ တရုတ်က ဖိသဖြင့် တိဗက်ကုန်းမြင့်ဒေသ
တ၀ိုက်သို့ ပြောင်းသွားကြသည်။
တိဗက်တို့က မောင်းထုတ်သဖြင့် ယူနန်နယ်သို့ ပြောင်းကြသည်။ ထိုအချိန်တွင် ယူနန်နယ်တွင် အင်အားကြီးမား
လာသည့် ထိုင်းရှမ်းများသည် ပြည်နယ်ကြီး ၆ ခုကို နန်ချိုနိုင်ငံ အဖြစ် ပထမဆုံးသိမ်းသွင်းနေသည့် ကာလဖြစ်သည်။
မြန်မာလူမျိုး များသည် ယူနန်နယ်တွင် နန်ချိုထိုင်း ရှမ်းများနှင့် နှစ်အတန်ကြာ နေထိုင် လာခဲ့ကြသည်ဟု ယူဆ
ရသည်။ တရုတ်ရာဇ၀င် ဆရာ ကြီး ဖန်ချုံ ၏မှတ်တမ်း၌ ငှင်းတို့၏ အကြီးအကဲအား မင်းဟု ခေါ်ဝေါ်ကြောင်း ထိုင်းရှမ်း
များက စောမင်းဟု ခေါ်ဝေါ်ကြောင်း ရေးသားထားသည် ယင်းသို့ နန်ချို ထိုင်းရှမ်းများ၏ လက်အောက်တွင် နေထိုင်ရာ
မှ ထိုင်းရှမ်းတို့ ၏ ဖိနှိပ်မှုအား မခံနိုင်သဖြင့် မြန်မာနိုင်ငံ တွင်းသို့ဝင်ရောက်လာကြသည်။ မြန်မာနိုင်ငံသမိုင်းနှင့်
ပတ်သက်၍ အကြားအမြင်များသည့် သမိုင်းဆရာ ဂေါ်ဒွင်လုစ်၏ အဆိုအရ မြန်မာများသည် ရှေးဦးစွာ ကျောက်
ဆည်နယ် သို့ဝင် ရောက်လာပြီး မြန်မာနိုင်ငံ အလယ်ပိုင်း သို့ပြန့် နှံ့သွားသည် ဟုဆိုသည်။ မြန်မာတို့ ရာစုနှစ် အနည်း
ငယ်အတွင်း အခြေစိုက်နိုင်ခြင်းမှာ မြန်မာတို့၏ အစွန်းအစအပြင် ထိုအချိန် ကာလတွင် နန်ချို ထိုင်းရှမ်းတို့၏
တိုက်ခိုက်ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး ၊ တိုင်းပျက်ပြည်ပျက်နှင့် အုပ်ချုပ်ရေး ပျက်သုဉ်းရုံသာ မက ကုန်ထုတ်လုပ်
ငန်းများပါ ပျက်ပြားပြီး ရပ်တည်ရာမရ ကစင့်ကလျား ဖြစ်နေသည့် ပျူလူမျိုးများနှင့် ရောထွေးနေ ထိုင်ရာမှ ရာစုနှစ်
အနည်းငယ်ခန့်အတွင်း ပျူလူမျိုးများနှင့် သွေးရောနှောသွားကြပြီး လူမျိုးကြီးနှစ်မျိုး ပေါင်းစပ်လိုက်ကြသဖြင့် စိုက်ပျိုး
ရေး ၊ ကုန်ထုတ်လုပ်ငန်းများ ၊ အုပ်ချုပ်ရေး ၊ ကာကွယ်ရေး၊ ယဉ်ကျေးမှု စသည်ဖြင့် အစစအရာရာ တိုးတက်ဖွံ့ဖြိုး
လာပြီး ကိုးရာစုနှင့် ဆယ်ရာစုခန့်လောက်တွင် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသအား စည်းလုံးသိမ်းသွင်းပြီး ပုဂံပြည်နှင့်
ပုဂံမင်းဆက်ကို စတင် တည်ထောင်လေသည်။
ပျူခေတ်
နောက်ဆုံးတွေ့ရှိဖော်ထုတ်ထားသည့် မြန်မာ့ သမိုင်းမှတ်တမ်းများအရ မြန်မာနိုင်ငံ အတွင်းသို့ ရှေးဦးစွာဝင်ရောက်
လာခဲ့သည့် လူမျိုးများမှာ မြောက်ဖက်တွင် တိုဘက်တို-မြန်မာအနွယ်ဝင်များဖြစ်ကြသည့် ပျူ၊ သက်၊ ကမ်းယံ နှင့်
တောင်ဖက်တွင် မလေးအနွယ်ဝင်များနှင့် ယှဉ်ပြိုင်အနိုင်ရသွားသည့် မွန်တို့ဖြစ်သည်။ ထို့အပြင် အရှေ့ဖက်ဒေသ
များတွင်လည်း တိဘက်-တရုတ်အနွယ်ဖြစ်သည့် ရှမ်းလူမျိုးလည်း အနည်းငယ် ရှိနေကြပြီးဖြစ်သည်။ ထိုလူမျိုးများ
အနက် ပျူလူမျိုးမှာယနေ့မြန်မာနိုင်ငံ အလယ်ပိုင်းဧရာဝတီမြစ်ဝှမ်းတစ်လျောက်တွင် မြို့ရွာများ တည်ထောင်ကာ
နေထိုင်ကြသည်။ ၄ရာစုနှင့် ၅ရာစုများတွင် ပျူတို့ အထွတ်အထိပ်ရောက်၍ မွန်တို့ကို လွမ်းမိုးကာ ပျူမြို့ပြနိုင်ငံ
များဖြစ်သည့် ဗိဿနိုး၊ဟန်လင်း နှင့် သရေခေတ္တရာတို့မှာ အရှေ့တောင်အာရှ၏ ကုန်သွယ်ရေးလမ်းကြောင်းတွင်
ထင်ရှားခဲ့သည်။ ထိုကုန်သွယ်ရေးလမ်းကြောင်းမှာ အရှေ့ဖက်ခမာနိုင်ငံမှ အနောက်ဖက် ရခိုင်ကမ်းရိုးတန်းအထိ
ဖြစ်သည်။ ၉ရာစုအစောပိုင်းတွင် စည်းလုံးမှုနည်းသည့် ပျူတို့ကို မြောက်ပိုင်းမှ အင်အားကြီး နန်ကျောက်တို့က
ဝင်ရောက်တိုက်ခိုက်ဖျက်စီးသဖြင့် ပျူတို့ပျက်ဆီးရသည်။ ထိုခေတ်တွင် အကြမ်းအားဖြင့် ပျူတို့က ဧရာဝတီမြစ်
အနောက်ဖက်ခြမ်း နှင့် မွန်တို့က ဧရာဝတီမြစ်အရှေ့ဖက်ခြမ်းတွင် နေထိုင်ကြသည် သတ်မှတ်နိုင်သည်။ အချို့သော
သမိုင်းပညာရှင်များက ထိုပျူခေတ်ကို ပထမပြည်ထောင်စု ဟုလည်း သတ်မှတ်ကြပါသည်။
ပုဂံခေတ်
မြန်မာနိုင်ငံနယ်နိမိတ်ထဲသို့ နောက်ဆုံးမှ ၀င်ရောက်လာသည့် ဗမာတို့သည် ယနေ့ရှမ်းပြည်နယ်ကိုဖြတ်ကျော်ကာ
ကျောက်ဆည်နယ်သို့ တစစထိုးဖောက်လာပြီးနောက် ဆန်စပါးစိုက်ပျိုးရန် သင့်တော်သည်ဟု ယူဆသောထိုဒေသ
တွင် ကျောက်ဆည်ဆယ့်တစ်ခရိုင်ကိုတည်ထောင်ကာ အခြေချနေထိုင်ကြသည်။ထိုသို့ရောက်ရှိလာခဲ့ပြီးနောက်
စာပေအက္ခရာ တွင် ဒေသခံမွန်တို့ကို ဆရာတင်ခဲ့ကြသည်။ယဉ်ကျေးမှုနှင့် အယူဝါဒတွင် ပျူတို့ကို ဆရာတင်ခဲ့ကြ
သည်။ နှစ်ကာလကြာရှည်လာပြီး လူဦးရေထူထပ်လာသောအခါ နယ်ပယ်များဆက်လက်ချဲ့ထွင်ကြသဖြင့်
မြန်မာနိုင်ငံအလယ်ပိုင်းဒေသကို ကောင်းစွာအုပ်စီးမိတော့သည်။ အစောပိုင်းဗမာတို့သည် အကြီးအကဲဖြစ်သူကို မိမိ
တို့ ဘာသာစကားဖြင့်`မင်း´နှင့် ရှမ်းတို့ခေါ်သကဲ့သို့ `စော´(စ၀်)ကိုပေါင်းကာ `မင်းစော´ဟုခေါ်ကြသည်။ အချိန်
ကြသည်နှင့်အမျှ ထိုမင်းများထဲတွင် အစွမ်းအစကောင်းသူများ ပေါ်ထွန်းလာသဖြင့် ထိုအကြီးအကဲကို `မင်းကြီး´
ဟုခေါ်ကြသည်။ ထိုသို့မင်းများထဲတွင်မှ ကျယ်ပြန့်လှသော နယ်ပယ်ကို အုပ်ချုပ်ရလွယ်ကူစေရန် ဆက်သွယ်ရေး
အချက်အချာကျသည့် ပုဂံမှ ပုဂံမင်းကြီးသည် `မင်းစော´ အပေါင်းတို့၏ အကြီးအကဲအဖြစ်သို့ ရောက်ရှိလာသည်။
`မူလက ပုဂံကို ရွာ၁၉ရွာဖြင့် စတင်ဖွဲ့စည်းသည်´ ဟူသော အဆိုက ဤအချက်ကို အတည်ပြုနေသကဲ့သို့ရှိသည်။
အနော်ရထာမင်း လက်ထက်တွင် ပုဂံ၏ အင်အားအထွတ်အထိပ်ရောက်ကာ ရာမည(ရှေးမွန်=`ရာမည်´)မှ သထုံကို
အနိုင်ရပြီး ယနေ့ မြန်မာနိုင်ငံနီးနီးမျှ ကျယ်ပြန့်သည့် နယ်ပယ်ကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုမှဆင်းသက်သည့်
ကျန်စစ်သား၊အလောင်းစည်သူ အစရှိသည့် ပုဂံမင်းများသည်လည်း သြဇာကြီးသူများဖြစ်သည့်အတွက် တိုင်းပြည်
ကို ကောင်းစွာစုစည်းထားနိုင်ခဲ့သည်။ သို့သော် နောက်ပိုင်းမင်းများသည် အရည်အသွေးညံ့ဖျင်းလာကြပြီး ပုဂံ၏
သြဇာမှ သိသာစွာ ကျဆင်းလာရသည်။ နောက်ဆုံးတွင် မွန်ဂိုတို့၏ တိုက်ခိုက်မှုကြောင့် ပုဂံပျက်ဆီး၍ ပုဂံမင်းဆက်
လည်း ကျဆင်းရလေသည်။ မွန်ဂိုတို့ တပ်ဆုတ်ပြန်ပြီးနောက်တွင် နန်းတက်ကြသည့် ကျစွာ၊စောနစ် နှင့် စောမွန်နစ်
တို့ လက်ထက်များတွင် ပုဂံမင်းဆိုသည်မှာ အမည်ခံမျှသာဖြစ်၍ အမှန်တကယ် သြဇာအာဏာမှာ ရှမ်းညီနောင်
သုံးဦးလက်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
အင်းဝခေတ်
ပုဂံခေတ်ကုန်ဆုံးပြီးနောက်တွင် အစုစုကွဲပြားနေသည့် မြန်မာနိုင်ငံအထက်ပိုင်းဒေသကို စုစည်းသိမ်းသွင်းကာ
အုပ်ချုပ်သည့် မင်းတစ်ပါးပေါ်ထွန်းလာသည်။ ထိုသူမှာ ရှမ်းညီနောင်သုံးဦးမှဆင်းသက်လာသည့် အင်းဝမြို့တည်
သတိုးမင်းဖျား ဆိုသူဖြစ်သည်။ ဒုတိယ နန်းတက်သည့် မင်းကြီးစွာစော်ကဲ လက်ထက်မှစကာ အောက်အရပ် ရာမည
မှ မွန်ပဒေသရာဇ်များ မညီညွှတ်သည်ကို အခွင့်ကောင်းယူသည့် အနေဖြင့် စစ်ပြုခဲ့သည်။ ထိုမှအစပြုကာ
အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ဖြစ်ပွားသည်။ မင်းကြီးစွာစော်ကဲနောက် နန်းတက်သည့် ဆင်ဖြူရှင် ၊
ဘုရင်မင်းခေါင် တို့လက်ထက်များအထိတိုင် တိုက်ခိုက်ခဲ့ရသည့် စစ်ပွဲဖြစ်ပေသည်။ ထိုမင်းများနောက် နန်းတက်
သည့် မင်းများလက်ထက်တွင်လည်း တိုင်းပြည်အေးချမ်းရေးကို လိုလားစွာ ဆောင်ရွက်ကြသည်မရှိသလောက်
နည်းပါးသဖြင့် အချိန်ကြာသည် နှင့်အမျှ အင်အားဆုတ်ယုတ်လာပြီး နောက်ဆုံးတွင် လက်အောက်ခံ ပဒေသရာဇ်
များဖြစ်သည့် ရှမ်းစော်ဘွားများအင်အားကြီးလာသည်။ နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ
လက်ထက်တွင် ပြည်မင်း သတိုးမင်းစော နှင့် ရှမ်းစော်ဘွား မိုးညှင်းစလုံ၊၄င်း၏သား သိုဟန်ဘွားတို့က အင်းဝကို
တိုက်ခိုက်သိမ်းပိုက်လိုက်ကြသည်။ ထိုနောက်သိုဟန်ဘွား နန်းတက်သည် ။သိုဟန်ဘွားလုပ်ကြံခံရပြီးနောက် နန်း
တက်သည့် အုန်းဘောင်ခုံမှိုင်းနှင့် မိုးဗြဲနရပတိ တို့လက်ထက်များတွင် ဟံသာဝတီကို သိမ်းပိုက်လိုက်သည့်
တောင်ငူမှ တပင်ရွှေထီးနှင့် စစ်ပြိုင်ရန်ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ထိုနောက်နန်းတက်သည့်
နရပတိစည်သူ လက်ထက်တွင် ဘုရင့်နောင်၏ လက်သို့ ကျရောက်ရတော့သည်။
တောင်ငူ-ဟံသာဝတီခေတ်
တောင်ငူ-ဟံသာဝတီခေတ်သည် မြန်မာတို့၏ အထွတ်အထိပ်ရောက်သည့် ကာလများအနက်မှ တစ်ခုဖြစ်သည်။
ပုဂံပျက်သုဉ်းပြီးချိန်မှ စကာ အင်းဝကိုဗဟိုပြုနေသည့် ဗမာတို့အတွက် အောက်ပြည်အရပ်မှ မွန်တို့၏ရန်စစ်၊
မြောက်ဖက်မှ တစ်စတစ်စအင်အားကြီးလာသည့် ရှမ်းစော်ဘွားတို့၏ရန်စစ်သာမက မြန်မာနိုင်ငံတစ်ဝန်းလုံး
တစ်နယ်တစ်မင်း အုပ်ချုပ်နေသည်အထိ ပျက်စီးနေချိန်တွင် အင်းဝလက်အောက်ခံ ကေတုမတီတောင်ငူ မှ
မင်းကြီးညို၊သားတော် တပင်ရွှေထီး နှင့် ယောက်ဖဖြစ်သူ ဘုရင့်နောင်တို့ ကအသီးသီး အစဉ်မပျက် နိုင်ငံကို
ချဲ့ထွင်ကြရာ မင်းကြီးညိုလက်ထက်တွင် အတန်အတင့် အင်အားကောင်းမွန်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း၊သားဖြစ်သူ
တပင်ရွှေထီးလက်ထက်တွင် အောက်ပြည်ရှိ မွန်တို့၏ပိုင်နက် နှင့် ဘုရင့်နောင်လက်ထက်တွင် ယနေ့မြန်မာနိုင်ငံ
နယ်နိမိတ်အပြင်သို့ကျော်ကာ အနောက်ဖက်တွင် မဏိပူရ မှ အရှေ့ဖက် ထိုင်းနိုင်ငံ အယုဒ္ဒယ အထိ၊မြောက်ဖက်
တွင် ကချင်ပြည်နယ်မှ တောင်ဖက်ကော့သောင် အထိ ကျယ်ပြန့်လာခဲ့သည်။နောက် ကမ္ဘောဇသာဒီ နန်းတော်
ကိုလည်းတည်ခဲ့သည်။သို့သော် အမြော်အမြင်ကြီးမားသည့် ဘုရင့်နောင်သည် သားတော်နန္ဒဘုရင်လက်ထက်တွင်
မိမိတည်ထောင်သည့် နိုင်ငံကြီးအလွယ်တကူပြိုပျက်သွားမည့်အရေးကိုမူ ကြိုသိမသွားခဲ့နိုင်ပေ။နန္ဒဘုရင်လက်ထက်
တွင် လက်အောက်ခံ နယ်စားပယ်စားများ အသီးသီးပုန်ကန်ကြပြီး နောက်ဆုံးတွင် ရခိုင်ဘုရင် မင်းဗာကြီး နှင့်
တောင်ငူဘုရင်ခံ မင်းရဲသီဟသူတို့၏တိုက်ခိုက်မှုကြောင့် ကမ္ဘောဇသာဒီနန်းတော်ကြီးဖျက်ဆီးခံရပြီး နန္ဒဘုရင်လည်း
နန်းကျကာ တောင်ငူသို့ သုံပန်းအဖြစ်သို့ပါပြီးနောက်ပိုင်းတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။
ညောင်ရမ်းခေတ်
ဘုရင့်နောင်၏ မထင်မရှားသားတော်တစ်ပါးဖြစ်သည့် ညောင်ရမ်းစားရှင်သစ္စာက အကွဲအကွဲအပြားအပြားဖြစ်နေ
ရသည့် နိုင်ငံကို စုစည်းရန်အတွက် အင်းဝကိုသိမ်းပိုက်၍ ညောင်ရမ်းမင်းဆက်ကို တည်ထောင်သည်။
သူ့လက်ထက်တွင် ရှမ်းပြည်များကို ပြန်လည်သိမ်းသွင်းနိုင်ခဲ့သည်။ သူ့အားဆက်ခံသည့် အနောက်ဖက်လွန်မင်း၏
လက်ထက်တွင် အတန်ပင် အင်အားကြီးလာပြီး တောင်ငူကိုသိမ်းပိုက်ကာ တောင်ပိုင်းမှ ပေါ်တူဂီ ငဇင်ကာကို
နှိမ်နှင်းနိုင်သလို၊ အရှေ့တောင်ဖက်မှ ထိုင်းဘုရင် ဗြနရာဇ်(နာရေစွမ်)၏ မြန်မာနိုင်ငံတောင်ပိုင်းကို ထိုးဖောက်ရန်
ကြိုးပမ်းနေသည်များကို ဟန့်တားထားနိုင်ခဲ့သည်။ သာလွန်မင်းလက်ထက်တွင် တိုင်းပြည်အရပ်ရပ် တည်ငြိမ်
အေးချမ်းရေးကို စတင်ဆောင်ရွက်ရာ မြန်မာ့သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် လူဦးရေ စစ်တမ်း
များကောက်ယူခြင်းကို ပြုလုပ်နိုင်ခဲ့သည်ကို တွေ့ရသည်။ နောက်ပိုင်းတွင် ရာသီဥတုဆိုးဝါးမှု၊မင်းများ၏ အရည်
အသွေးကျဆင်းမှုတို့ကြောင့် ဟံသာဝတီမှ မွန်တို့ကပုန်ကန်ရာ ညောင်ရမ်းခေတ် ကုန်ဆုံးရတော့သည်။ နောက်ဆုံး
မင်းဖြစ်သည့် မဟာဓမ္မရာဇာဓိပတိလည်း ဟံသာဝတီသို့ ပါကာ နောက်ပိုင်းတွင် ကွပ်မျက်ခံခဲ့ရသည်။
ကုန်းဘောင်ခေတ်
ညောင်ရမ်းမင်းဆက် ကျဆုံးပြီးနောက်တွင် မုဆိုးဘိုရွာသူကြီး ဦးအောင်ဇေယျက အလောင်းဘုရားဘွဲ့ဖြင့် မွန်တို့
ကိုတော်လှန်သည်။ အင်းဝကိုပြန်လည်သိမ်းပိုက်နိုင်ကာ ဆက်တိုက်ဆိုသလိုပင် တိုက်ပွဲများတွင် မွန်တို့ကိုအနိုင်ရ
သဖြင့် အလွန်သြဇာကြီးလာပြီး အယုဒ္ဓယတိုင် ချီတက်သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် တတိယမင်းဖြစ်
သည့် ဆင်ဖြူရှင်လက်ထက်မှ အယုဒ္ဓယကို အပြီးသတ်အနိုင်ရရှိသည်။ ထိုမင်းလက်ထက်တွင် မြောက်ဖက်မှ
မန်ချူးတို့၏ ကျူးကျော်မှု ၅ ကြိမ်တိုင်တိုင် ခံခဲ့ရသော်လည်း ကောင်းစွာတွန်းလှန်ဟန့်တားနိုင်ခဲ့သည်။ ၆ဆက်
မြောက်မင်းဖြစ်သည့် ဗဒုံမင်း လက်ထက်တွင် ယဉ်ကျေးမှုနှင့် အတွေးအခေါ်အယူအဆတို့ကို ပြောင်းလဲရန်ကြိုး
ပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ ထိုမင်းလက်ထက်တွင် ခေတ်အဆက်ဆက်က မြန်မာ့နယ်နိမိတ်တွင် မပါဝင်
ခဲ့သော ရခိုင်ပြည်နယ်ကို အိမ်ရှေ့မင်းသားဦးပေါ်က သိမ်းပိုက်နိုင်ခဲ့ကာ မဟာမြတ်မုနိဘုရားကြီးကို မန္တလေးသို့
ပင့်ဆောင်လာနိုင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် နန်းတွင်းအရှုပ်အထွေးများကြောင့် ကုန်းဘောင်မင်းဆက်မှ
အင်အားနည်းခြင်းသို့ရောက်လာခဲ့သဖြင့် အင်္ဂလိပ်တို့၏ သုံးကြိမ်ကျူးကျော်စစ်ပြုခြင်းခံရပြီး သီပေါမင်းလက်ထက်
တွင် မြန်မာနိုင်ငံသည် အင်္ဂလိပ်လက်အောက် ကျရောက်သွားတော့သည်။
ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီးများ
ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ
မြန်မာနိုင်ငံသို့ ဘန်ကောက်-ရန်ကုန် ခရီးစဉ်မဟုတ်သောခရီးစဉ် ဖြင့် Nok Air ဆင်းသက်မည်
ပိုလွမ်းတတ်သူပါ.........?????????????
ပိုလွမ်းတတ်သူပါ ,, ငါလာခဲ့တယ် တစ်ယောက်တည်းပါ ငါပြန်သွားလဲ တစ်ယောက်တည်းပါ ,, ဒါပေမယ့်,,,,,, ငါရှင်သန်ရာအရပ်မှာ ငါတစ်ယောက်တည်းမှမဟုတ်တာ ,, ဆုံတွေ့ခွင့်တွေကြားထဲမှာမှ ငါတို့တွေ ခင်မင်ရင်းနှီးခွင့်တွေ ,, နှစ်အချို့ကြာခဲ့ , ဒီလိုနဲ့နေထိုင် ကိုယ်တူလို့စိတ်တူခဲ့သူတွေမှမဟုတ်, ညီကိုရင်းချာတွေထက်စိတ်ဓါတ်တူ သူတွေပါ ,,,, အပြန်အလှန်ဆွေးနွေးငြင်းခုန်မှု့တွေ, အလုပ်တွေကိုယ်စီနဲ့ကြား,, ဆုံတွေ့ချိန်ညဘက်တွေမှ.,ခုနှစ်တွေကြွေကျ လှည့်ပြောင်းမှု့ကံကြမ္မာရဲ့အတိုင်း လိုက်ကကြရဦးမယ့်တို့တစ်တွေ ဖြစ်ဖြစ်နေသမျ သိနေပေမယ့် ခြေတစ်လှန်းရှေ့ဆက်သွားသူတွေနဲ့ အိမ်ပြန်နောက်ဆုတ် သူတွေကြား နှုတ်ဆက်လို့လက်ပြ ဘာစကားမှမပြောချင်တော့တဲ့ငါက မင်းတို့တွေရဲ့ကြား ရပ်နေဆဲသူပါ တွေ့ဆုံခွင့်ရှိရင်တော့ ဆုံတွေ့နိုင်ခွင့်,, ဒုတိယံမိ,, ခပ်မှိန်မှိန်ငါဆုပ်ကိုင်ရင်း ဘယ်နှစ်မြောက်မှန်းမသိဆေးလိပ် အပူလောင်မိတဲ့လက်ကြား ငါ့အတွေးစခဏရပ်လို့ ငါတို့တွေ ရည်မှန်းချက်ကိုယ်စီနဲ့ နှစ်အချို့ခဏတာခိုနားခဲ့တဲ့နေရာ ရပ်နေဆဲငါက, ပိုလွမ်းတတ်သူပါ....
ပန်းပျိုးတဲ့လက်နဲ့
သတ်ပုံမှားတဲ့ ငါးထောင်တန်
ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီး အကြီးစား ပြင်ဆင်မည်
ပြည်မြို့တွင် ဆရာတော်ကြီး တစ်ပါးအား လူတစ်စု ကျောင်းပေါ်သို့ တက်လာပြီး ဆရာတော်အား ဓါးဖြင့်မွှန်ပြီး ၀မ်းဗိုက်ကို ဓါးဖြင့်ထိုးသည့်ဖြစ်စဉ်ဖြစ်ပေါ်
""နောက်ဆုံးသစ်ရွက်အကြို
သီရိလင်္ကာတွင် မဟာစင် ဆိုင်ကလုန်း ဝင်ရောက် (၇)ဦးသေဆုံး၊ ၁၆ဝဝ ကျော်မုန်တိုင်းဒဏ် ခံရနေ
ဆံပင်မွှေးဖြင့် အလင်းပေးသူ ဆယ်ကျော်သက် နီပေါနိုင်ငံသား
ဆံပင်မွှေးဖြင့် အလင်းပေးသူ ဆယ်ကျော်သက် နီပေါနိုင်ငံသား
Friday, May 17, 2013
၂၀၀၉ ခုနှစ် စက်တင်ဘာလက ရေပန်းစားခဲ့တဲ့ နည်းပညာ တစ်ခု ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် နီပေါနိုင်ငံမှ
သိပ္ပံကျောင်းသား Milan Karki က တီထွင်ခဲ့တဲ့ ဆံပင်မွှေးသုံး ဆိုလာပယ်နယ် ဖြစ်ပါတယ်။
နေရောင်ခြည်စွမ်းအင်စုပ်ယူပေတဲ့ ဆိုလာ/နေရောင်ခြည်စွမ်းအင် စုပ်ယူသော သတ္တုပြားများဟာ အင်မတန်ဈေးကြီး
ပါတယ်။ ယင်းအပြားက စုပ်ယူတဲ့ စွမ်းအင်ကို ကူးပြောင်းပေမယ့် ကြားမှာ ဆီလီကွန် ဝါယာကြိုး တပ်ဆင်ပေးရတာ
ကလည်း ဈေးတော်တော်ကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါကြောင့် ဆိုလာပါဝါကို ယနေ့တိုင် တွင်တွင်ကျယ်ကျယ်
အသုံးမပြုနိုင်သေးခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ဆီလီကွန်အစားထိုးမယ့် ဆံပင်မွှေးသုံး ဆိုလာစက်ကို နီပေါနိုင်ငံသား
လေးက တီထွင်ခဲ့ပါတယ်။
သူနေထိုင်တဲ့ ရွာလေးမှာ တစ်ရက်ကို မီး ၁၆ နာရီ ပျက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လျှပ်စစ်မီးအမြဲလင်းနေဖို့ဟာ
သူ့ရဲ့ စိတ်ကူး အိပ်မက် ဖြစ်ပြီး သူငယ်ချင်းများ ညဘက်ထွက်လညချိန်မှာ ဖယောင်းတိုင်ထွန်းပြီး စာအုပ်များ လေ့လာ
ခဲ့ပါတယ်။ သူ့လေ့လာတဲ့စာက ရူပဗေဒပညာရှင် စတီဖန်ဟော့ကင်းဖြစ်ပါတယ်။ လေးစားရတဲ့ ဟီးရီုးအနေနဲ့ကတော့
အက်ဒီဆင်ကို စံယူထားသူ ဖြစ်ပါတယ်။
ဒါကြောင့် အချိန်တိုတွင်းလေ့လာပြီး လျှပ်စစ်မီးထုတ်ဖို့ ဆံပင်မွေးက ဘယ်လိုအသုံးဝင်တယ်ဆိုတာ သိရှိသွားပါတယ်။
ဆံပင်မှာ အရောင်ထွက် စေတဲ့ ဆိုးဆေးများက အစ လျှပ်စစ်စီးဖို့အတွက် Conductor အနေနဲ့လုပ်ဆောင်နိုင်တာကို
တွေ့ရှိခဲ့ပြီး ဆံပင်ကို ဆိုလာပယ်နယ်က ဆီလီကွန်တွေမှာ အစားထိုးခဲ့ပါတယ်။ နောက်တော့ သူဖန်တီးတဲ့ လက် တစ်
မစာ ဆိုလာပယ်နယ်ငယ်လေးဟာ အိမ်တွင်း တစ်ညတာ အလင်းပေးမယ့် ဘက်ထရီကို အားဖြည့်ပေးနိုင်တယ်ဆိုတာ
ကို တွေ့ ရှိ သွားပါတယ်။
အားလုံးပေါင်း ကုန်ကျစရိတ်က မြန်မာ ကျပ်ငွေနဲ့ တွက်ရင် ၃သောင်းခွဲ ကျော်လေးပဲ ဖြစ်ပါတယ်။ ဒီလောက်ငွေနည်း
နည်းနဲ့ ဘက်ထရီတွေ အားဖြည့်နိုင်တယ်၊ မီးလင်းစေနိုင်တယ်ဆိုတာ ထူးခြားတဲ့ ဖန်တီးမှု တစ်ရပ် ဖြစ်ပါတယ်။
ယခုတော့ Milan ဟာ စကော်လာရှစ်ရလို့ လျှပ်စစ်နဲ့ပက်သက်လို့ ပိုမိုနက်နဲစွာ လေ့လာနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ရည်
ရွယ်ချက်က ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်နေတဲ့ နီပေါနိုင်ငံတစ်ခုလုံးကို အကုန်ကျသက်သာစွာမီးရရှိရေး ဖြစ်ပါတယ်
ဆံပင်မွေးနဲ့ အလင်းပေးနိုင်တာ တွေ့ရှိပြီး ဒီထက်ပို လွယ်ကူ၊ အစုလိုက်ထုတ်လုပ်မှုအတွက် အဆင်ပြေတဲ့ နည်းပညာ
များ ရှာဖွေလေ့လာ ဖန်တီးနေပြီ ဖြစ်ပါတယ်။
ယခုဆိုရင် Milan ဟာ အသက် ၂၁ နှစ်ကျော်ပြီ ဖြစ်ပြီး ရူပဗေဒပညာကို ထဲထဲဝင်ဝင်လေ့လာနေပြီ ဖြစ်ပါတယ်။ BBC,
Daily Mail, CNN တို့လို မီဒီယာ များ သွားရောက် အင်တာဗျူးပြီး ကမ္ဘာ က လေးစား ရတဲ့ လူငယ် တစ်ဦး ဖြစ်လာခဲ့
ကြောင်း သိရပါတယ်။
ကမ္ဘာ့အမြင့်ဆုံး ချားရဟတ် ဆွီဒင်၌ဖွင့်လှစ်
ရွှေတိဂုံစေတီတော်၏ အံ့ဖွယ် ၉ ပါး
ဘုရားစေတီအချို့ ရှေ့က မနုသီဟ ဖင်နှစ်ခွ အကြောင်းသိကောင်းစရာ....
မြန်မာအပေါ် ဒဏ်ခတ်မှု သက်တမ်းတိုးဖို့ အမတ် Crowley အဆိုပြု
မိုဘိုင်းဖုန်းတွေဟာ ဟက်ကာတွေရဲ့ အဓိကပစ်မှတ်ဖြစ်နေပါပြီ...
ဟံသာဝတီမင်းနေပြည်တော်ကြီး ပျက်သုဉ်း ဖျက်ဆီးခံခဲ့ရတာ အခုဆို နှစ်ပေါင်း ( ၂၅၆)ရှိပြီးနော်
သို့ ညီနောင်များသို့ ကျနော်တို့ရဲ့ ဟံသာဝတီမင်းနေပြည်တော်ကြီး ပျက်သုဉ်း ဖျက်ဆီးခံခဲ့ရတာ အခုဆို နှစ်ပေါင်း ( ၂၅၇)ရှိပြီးနော် ကျနော်တို့ရဲ့ စာပေ ယဉ်ကျေးမူ အနုပညာ သမိုင်းတွေ တွေကို နည်းအမျိုးမျိုး ဖျောက်ဖျက်ဖို့ကြိုးစာခဲ့ ကျနော်တို့ လူမျိုး စာပေယဉ်ကျေးတွေ နည်းမျိုးစုံဖိနိပ်ကွယ်ပျောက်ဖို့ သူတို့ကြိုးစားခဲ့တယ် ကျနော် ဒီစာကိုရေးတာ ကွဲထွက်ဖို့ပြေားတာမဟုတ်ဘူး ကျနော်တို့ အမျိုး ဘာသာ သာသနာ ယဉ်ကျေးမူ စာပေ အဆုံး ကျနော် တို့လွတ်လပ်စွာ သင်ကြားခွင့်ရစေရမယ် ကျနော်တို့ရဲ့ စာပေ နဲ့ ယဉ်ကျေးမူအနုပညာ သမိုင်းကို လွတ်လပ်စွာ ရေးသားဖော်ထုတ်နိုင်းဖို့ကျနော်တို့ကြိုးစားရမယ် ကျနော်တို့ ဟံသာနေပြည်တော်ကြီး ပျက်သုဉ်းခဲ့တာ ဘာကြောင့်လဲ ကျနော်တို့ ညီညွတ်မူမရှိခဲ့လို့လား တိုင်းပြည်အုပ်ချုပ်မင်း အုပ်စိုးတဲ့ လူအုပ်ချုပ်ရေးညံ့ဖျင်ခဲ့လို့လား ဒီအချိန်မှာကျနော်တို့ အဲဒါတွေကိုကျနော်တို့ ပြင်သင့်ပြီး ကျနောတို့ တွေ စည်းလုံးညီညွတ်စွာ လက်တွဲကြမယ်ဆိုရင် ကျနော်တိုလိုချင်တဲ့ လှပတဲ့ အနာဂတ်သစ်ကြီးတစ်ခုကို ပိုင်းဆိုင်းသွားမှာ မလွဲပါဘူး ကျနော်တို့ ညီနောင်များ++++++ ဟံသာဝတီနေပြည်တော်ကြီး ပျက်သုဉ်းခြင်း++++ဝမ်နည်းခြင်းအထိမ်းအမှတ်နေ့မှာ လက်တွဲညီညီရှေ့ဆက်ကြစို့လို့ဖိတ်ခေါ်ပါတယ် ညီနောင်းမောင်နှမများတို့( ကျနော်တို့ ဟံသာဝတီနေပြည်တော်ကြီးမှာ ကျဆုံးသွားတဲ့ သူရဲကောင်းများနဲ့ (ဒဂုန်)ရန်ကုန် သွေးဆေးကန်မှာ သွေးပေးဆပ်ခဲ့ရတဲ့ ဆရာတော် ဘုရားများနဲ့ ပညာရှင်များကို ဂုဏ်ပြုတဲ့အနေနဲ့
ဖားကန့်မြို့က ပိဋကတစ်ပုံဆောင် ရဟန်းတစ်ပါးထွက်ပြီ.
ကချင်ပြည်နယ် ဖားကန့်မြို့ မရှီကထောင်ရပ်ကွက် မြို့ဦးတောရပရိယတ္တိစာသင်တိုက်မှ
သက်တော် ၂၄နှစ် ဝါတော် ၅ဝါသာရှိသေးသော အရှင်ရာဇပိယ သည် ဥဘတောဝိဘင်္ဂဓရ,ဝိနယဓရ
(ပိဋကတစ်ပုံဆောင် ဘွဲ့တံဆိပ်တော်ကို ရရှိပါသဖြင့် ၁၃၇၅ခုနှစ်၊ကဆုန်လပြည့်ကျော်(၁)ရက်နေ့
(၂၅.၅.၂၀၁၃)၊စနေနေ့၊နံက်(၇း၀၀နာရီ)တွင် လုံးခင်းလယ်ပြင်ဂိတ်မှ ကြိုဆိုပြီး လုံးခင်း၊ဖားကန့်၊
ဆိပ်မူမြို့တွင်းသို့ လှည့်လည်အပူဇော်ခံပါမည်။
၁၃၇၅ခုနှစ်၊ကဆုန်လပြည့်ကျော်(၂)ရက်နေ့(၂၆.၅.၂၀၁၃)၊တနင်္ဂနွေနေ့၊နံက်(၈း၀၀နာရီ)တွင်
မြို့ဦးတောရပရိယတ္တိစာသင်တိုက်၊မရှီကထောင်ရပ်ကွက်၊ဖားကန့်မြို့တွင် ဂုဏ်ပြုအစီအစဉ်
ပြုလုပ်ပါမည်ဖြစ်ကြောင်းအသိပေးနှိုးဆော်ပါသည်ခင်ဗျား..............
ဒါကို ကြည့်ကြပါအုံး ဗျာ လူမျိုး ဘာသာမခွဲခြား မြန်မာနိုင်းငံသားများလို့ အော်နေတဲ့....
ဒါကို ကြည့်ကြပါအုံး ဗျာ လူမျိုး ဘာသာမခွဲခြား မြန်မာနိုင်းငံသားများလို့ အော်နေတဲ့......တွေ ကုလားမွတ်ဆလင်တွေက လူနည်းစုပါ သူတို့တွေက သနားစရာလေးပါ သူတို့ က မြန်မာပြည်ကိုပဲသိတာ ဘာမှမသိနာမလည်ရှာပါဘူးလို့ပြေားတဲ့ ........က လူတွေ ဘာသာရေး က ငါတို့နဲ့မဆိုင်းဘူး ပြေားနေတဲ့လူတွေ အတွက် ဒီပို့စ်က ဗီဒီယိုဖိုင်းပါ ကျနော်ကတော့ ကြည့်လိုက်ရတယ် သူလုပ်ထားတဲ့ ဗီဒီယိုက ရွှေတိဂုံ စေတီတော်မြတ်ကြီးကို ဖြိုခွဲးတဲ့ ဗီဒီယိုပါ အခုတော့ သူဖျက်လိုက်ပါပြီး တင်ထားတဲ့ လူက https://www.facebook.com/aung.aungkyaw.71 ပါ သူ့အကောင့်က ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေတော့မှာလား တရားသဘောအတိုင်းနေပြီး သူများစော်ကားတာ ခံနေတော့မှာလား — with Emc Phyo Lay and 19 others.
Friday, May 17, 2013
https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-frc3/969368_527563527300872_485142401_n.jpg
***အစ္စလာမ်ဟူသော မြေခွေးသည် သန်းပေါင်း ၂၇၀ သော လူသားတွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည်***
ခရစ်ယာန်ဘာသာဝင်ပေါင်း သန်း ၆၀
အိန္ဒိယဟိန္ဒူဘာသာဝင်ပေါင်း သန်း ၈၀
ဗုဒ္ဓဘာသာဝင်ပေါင်း ၁၀သန်း
အာဖရိကန်၊ဇိုလိုအက်စ်တာ၊တာ့ခ်ခရစ်ယာန်၊အခြား - သန်းပေါင်း ၁၂၀
စုစုပေါင်း မွတ်စလင်မ်မဟုတ်သူ သန်းပေါင်း ၂၇၀ သော လူသားတွေသည် အစ္စလာမ်ဟူသော မြေခွေးဆိုး၏လက်ချက်ဖြင့် သေကြေပျက်စီးခဲ့ရသည်။
http://www.politicalislam.com/blog/tears-of-jihad/
http://www.masada2000.org/islam.html
ခုခေတ်လို ကျည်ဆန်နဲ့၊ အစုလိုက်အပြုံလိုက်သေစေနိုင်တဲ့ လက်နက်တွေနဲ့သတ်တဲ့ခေတ် မဟုတ်ပဲ ဓားနဲ့ချည်းပဲသတ်ခဲ့တာ၊ သန်းပေါင်း ၂၇၀ ကျော် သော မွတ်စလင်မ်မဟုတ်သူလူသားတွေသည် အစ္စလာမ်မစ်တွေရဲ့ဓားသွားအောက်မှာ အသက်ပျောက်ခဲ့သည်။
ဟိန္ဒူ ၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာနိုင်ငံပေါင်များစွာ ဖျက်ဆီးချေမှုန်းခံခဲ့ကြရကာ အစ္စလာမ်ဇာတ်သွင်းခံခဲ့ကြရသည်။ အဆိုပါနိုင်ငံများတွင် မူလယဉ်ကျေးမှုဘာသာတရား အားလုံး အလုံးစုံ ချေမှုန်းဖျက်ဆီးခံခဲ့ကြရကာ အပြီးတိုင်ပျောက်ကွယ်သွားခဲ့သည်။
အီရန်တွင်မူလ Zoroastrianism ဘာသာဝင်တွေ ဟာ ၁%အောက်ပဲရှိတော့သည်။ အစ္စလာမ်အယူဝါဒအောက်တွင် မူလ Zoroastrianism ဘာသာတရား ..ဘယ်သောအခါမှ ပြန်လည်နာလံမထူနိုင်တော့အောင် စုတ်ပြတ်သတ်နေအောင် အစ္စလာမ်မစ်တွေဗျင်းထားပါသည်။
( ကမ္ဘာပေါ်ကရှိရှိသမျှ ဘာသာတရားအားလုံးကို ချေမှုန်းဖျက်ဆီးသိမ်းပိုက်ပြီး .. အစ္စလာမ်တစ်ခုတည်းသာလျှင် လွှမ်းမိုးတဲ့အထိ... တိုင်းနိုင်ငံရှိရှိသမျှ မကုန်မချင်း အစ္စလာမ်ဇာတ်သွင်းခိုင်းတဲ့ ...အစ္စလာမ်ကုရ်အာန်ညွှန်ကြားချက်အတိုင်း )
အင်ဒိုနီးရှားတွင် မူလဗုဒ္ဓဘာသာအင်ဒိုလူမျိုးတွေဟာ ၀.၈%သာ ကျန်တော့သည်။ ၁%ပင်မရှိတော့ပါ။ အစ္စလာမ်အယူဝါဒအောက်တွင် မူလဗုဒ္ဓဘာသာတရား.... ဘယ်သောအခါမှ ပြန်လည်နာလံမထူနိုင်တော့အောင် စုတ်ပြတ်သတ်နေအောင် အစ္စလာမ်မစ်တွေဗျင်းထားပါသည်။
တူရကီတွင် မူဆလင် ၉၉%ဖြစ်သည်။ မူလခရစ်ယာန် တာ့ခ်လူမျိုးတွေဟာ ၁%ပင်မရှိတော့ပါ။ အစ္စလာမ်အယူဝါဒအောက်တွင် မူလခရစ်ယာန် ဘာသာတရား.... ဘယ်သောအခါမှ ပြန်လည်နာလံမထူနိုင်တော့အောင် စုတ်ပြတ်သတ်နေအောင် အစ္စလာမ်မစ်တွေဗျင်းထားပါသည်။
အိန္ဒိယဟိန္ဒူမျိုးနွယ်တစ်ခုလုံးရဲ့ တ၀က် သန်းပေါင်း ၈၀ကျော် အစ္စလာမ်မစ်တွေရဲ့ ဓားနဲ့ရက်ရက်စက်စက်အသတ်ခံခဲ့ရပုံ
ဗုဒ္ဓသာသနာကို ဘယ်တော့မှ နာလန်မထူနိုင်တော့အောင် ဗုဒ္ဓဘာသာရဲ့ အုတ်မြစ် နာလန္ဒဗုဒ္ဓတက္ကသိုလ်ကြီးကို အစ္စလာမ်ကုရ်အာန်ညွှန်ကြားချက်အတိုင်း အစ္စလာမ်မစ်တွေမီးရှို့ခဲ့ပုံ၊
ဗုဒ္ဓဘာသာဝင်ပေါင်း ၁၀သန်းကျော် ရက်ရက်စက်စက် အသတ်ခံရပြီး ဗုဒ္ဓဘာသာအပြီးတိုင်ပျောက်ကွယ်သွားပုံ သိန်းနဲ့ချီတဲ့ ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်တွေကို ရက်ရက်စက်စက် လည်လှီးသတ်ခဲ့ပုံ၊
တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ် ဗုဒ္ဓကျမ်းဂန်တွေ ကို မွတ်ဆလင်မ်တွေ ယုတ်မာပက်စက်စွာမီးတင်ရှို့ခဲ့ပုံ ၊
အရှေ့ဥရောပတိုက်ရဲ့ ခရစ်ယာန်နိုင်ငံ ဘိုင်ဇင်တင်း ( တူရကီ) ကို အစ္စလာမ်ဇာတ်သွင်းပြီး Constantinople မြို့ကို မွတ်ဆလင်တွေ ကျူးကျော်ဖျက်ဆီးသိမ်းပိုက်ပြီး ၊ ခရစ်ယာန်မှန်သမျှသတ် ၊ ခရစ်ယာန်မယ်သီလရှင်တွေကို မုဒိမ်းကျင့်ပုံ၊
အရှေ့ဥရောပတိုက်ရဲ့ အကြီးမားဆုံး ခရစ်ယာန်ဘုရားကျောင်းကြီး Hagia Sofia ကို မွတ်ဆလင်မ်တွေ ယုတ်မာပက်စက်စွာဗလီအဖြစ်အသုံးပြုပုံ
ဂျူးလူမျိုးတွေ ရဲ့ အထွတ်အမြတ် Temple Mount နေရာမှာ နာမ်နှိမ်ထားတဲ့ အနေနဲ့ ဗလီကြီး ဟီးနေအောင်ဆောက်ထားပုံ
ဟိန္ဒူဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ဆုံး သျှီဝဘုရားဖွားမြင်ရာ Ayodhya မှာ ဗလီကြီးဆောက်ထားပြီး ဟိန္ဒူသာသနာကို ဘယ်တော့မှ နာလန်ပြန်မထူနိုင်တော့အောင်နာမ်နှိမ်တဲ့ အနေနဲ့ ဗလီကြီးဆောက်ခဲ့ပုံ ။
ဆူးလေစေတီတော် ရဲ့ ပရ၀ဏ်မြေကို ယူပြီး ကိုလိုနီခေတ် ကျမှ ဗလီကြီးဆောက်လိုက်ပြီး ဗုဒ္ဓသာသနာကို မွတ်ဆလင်မ်တွေ နာမ်နှိမ်ထားတဲ့ အကြောင်း
ဟုတ်ကဲ့။ ဒါတွေ ကို ခုချိန်မှာ ဘာလို့ ကျနော်ပြောနေသလဲ။
မြန်မာပြည်အတွက် ခုချိန်မှာ ကာကွယ်တားဆီးဖို့ အချိန်မှီသေးလို့ ပြောနေရခြင်း၊ သတိပေးနေရခြင်းဖြစ်ပါတယ်။ အကယ်၍ မြန်မာနိုင်ငံတွင် မွတ်စလင်လူဦးရေ ၈၀%ရောက်သွားပြီး အစ္စလာမ်ဇာတ်သွင်းခံရပြီးမှတော့ ကျနော် ဒါတွေ ကို ပြောမနေတော့ပါ။ ဖြစ်ပြီးသွားရင်တော့ ဘာမှမတတ်နိုင်တော့ပဲ ထိုင်ကြည့်နေရတဲ့ ဘ၀ကို ကျရောက်သွားမှာပဲဖြစ်ပါတယ်။
ခုချိန်မှာ အီရန်ဇိုလိုအက်စ်စတာ ဘာသာဝင်တွေကို၊ ခရစ်ယာန် တူရကီ တွေကို သွားပြောလို့ ဘာမှမထူးတော့ပါ။ အရာအားလုံးနောက်ကျဆုံးရှုံးခဲ့သွားပြီးပါပြီ။ ဘာမှ မထူးတော့ပါ။ ကျနော်တို့ မြန်မာပြည်အတွက် အရာအားလုံးနောက်မကျသေးခင်မှာ ကာကွယ်တားဆီးဖို့ အချိန်မှီသေးလို့ ပြောနေရခြင်း၊ သတိပေးနေရခြင်းဖြစ်ပါတယ်။
အစ္စလာမ်ဇာတ်သွင်းခံရပြီးမှ ဒါတွေ ကိုပြောနေတော့ အလကားပါပဲ။
အခုထိုင်းတောင်ပိုင်းမှာ အရင်ကလို ဗုဒ္ဓဘာသာထိုင်းလူများစုဘ၀ကို ပြန်ဖြစ်အောင်လုပ်နိုင်ပါ သေးလား?
ဘူးသီးတောင်၊ မောင်တော မှာ စစ်တကောင်းမှာ အရင်ကလို ဗုဒ္ဓဘာသာရခိုင်လူများစုဖြစ်အောင်လုပ်နိုင်ပါသေးလား ?
ဒါတွေ ဟာ ဖြစ်ပြီးသွားရင်၊ အစ္စလာမ်ဇာတ်သွင်းခံရပြီးရင် ဘာမှ ပြန်လုပ်လို့ မရတော့ပါဘူး။
ဒါကြောင့် အရာအားလုံးနောက်မကျသေးခင်မှာ ကာကွယ်တားဆီးဖို့ အချိန်မှီသေးလို့ ပြောနေရခြင်း၊ သတိပေးနေရခြင်းဖြစ်ပါတယ်။ အားလုံးနားလည်သဘောပေါက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Friday, May 10, 2013
အရိပ်နေနေ အခက်ချိုးချိုး မဖြစ်စေဖို့
Subscribe to:
Posts (Atom)