
ခန္ဓာကိုယ် အခြေအနေ အတိုင်း ဖန်တီးထားသော စက်၌ ခေတ္တ သိမ်းထားသည့် အသည်းကို ကမ္ဘာ့ ပထမဆုံးအကြိမ် အစားထိုးကုသ
လူ့အသည်းကို ခန္ဓာကိုယ် အပြင်ဘက်မှာ ထားနိုင်တဲ့ လူ့ခန္ဓာကိုယ်ကို တုပထားတဲ့ စက်ပစ္စည်း အသစ်ကို ဗြိတိန်နိုင်ငံမှ တီထွင်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ကိုယ်တွင်းအင်္ဂါကို အစားထိုး ကုသမယ် ဆိုရင် ကိုယ်တွင်းအင်္ဂါကို ခန္ဓာကိုယ်မှ ထုတ်ပြီး အေးတဲ့ နေရာမှာ သိမ်းဆည်းကာ ၁၄ နာရီ အတွင်းမှာ အသုံးပြုရပါတယ်။ အသည်းကို ခန္ဓာကိုယ် အပူချိန် ရောက်အောင် အပူချိန် မြှင့်ထားပြီး သွေးနီဥ၊ အောက်ဆီဂျင်နဲ့ အာဟာရတွေ ရရှိမယ် ဆိုရင် ၂၄ နာရီအထိခံတယ်လို့ သိရပါတယ်။ ဒီလို လူ့ခန္ဓာကိုယ် ပြင်ပမှာ အသည်းကို ထားနိုင်တဲ့ နည်းလမ်းကို ဗြိတိန်မှ သိပ္ပံပညာရှင်တွေက ရှာဖွေ တွေ့ရှိခဲ့တာ ကြောင့် အင်္ဂလန်မှ ကိုယ်တွင်းအင်္ဂါ အစားထိုး လုပ်ငန်းကို နှစ်ဆခန့် ပိုမို လုပ်ဆောင်နိုင်တော့မယ်လို့ ဆိုပါတယ်။ အခု တီထွင်လိုက်တဲ့ စက်အသစ်ဟာ ၇၂ နာရီ အထိ အသည်းကို လတ်လတ်ဆတ်ဆတ် ဖြစ်စေနိုင်တယ်လို့ သိရပါ တယ်။ အဲဒီစက်ဟာ စူပါမားကက်မှာ ထားတဲ့ တွန်းလှည်း အရွယ်အစားလောက် ရှိပြီး လူနာတင်ယာဉ်ပေါ်မှာ တင်ထားနိုင်တဲ့ အတွက် လူနာလိုအပ်တဲ့ နေရာမရွေးမှာ အဆင်သင့် ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ အသက် ၆၂ နှစ်အရွယ် Iain Christie ဆိုသူဟာ အဲဒီစက်ကို အသုံးပြုပြီး အသည်း အစားထိုး ကုသမှု ခံယူရတဲ့ ကမ္ဘာ့ပထမဆုံး လူသား အဖြစ် စာရင်းဝင်သွားတယ်လို့ သိရပါတယ်။
No comments:
Post a Comment