ရန်ကုန်တိုင်း ဒေသကြီး ပန်းဘဲတန်း မြို့နယ်ရှိ ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီးသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီ စည်ပင်သာယာ နယ်နိမိတ် ၃၃ မြို့နယ်ရှိ ဈေး ၁၆၈ ဈေး အနက (က)အုပ်စုဝင် ဈေးတစ်ဈေး ဖြစ်သကဲ့သို့
ပန်းဘဲတန်း မြို့နယ်၏ ရှေး ဟောင်း အဆောက်အအုံ ၂၁ ခုအနက် တစ်ခု အပါအဝင် ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း
ဈေးကြီးကို ယခု ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာရေး နှစ်တွင် ဗဟို ဈေးရုံကြီးကို အကြီးစား ပြင်ဆင် ဆောင်ရွက်နိုင်ရန် မေ၇ရက်
က စစ်ဆေးရေး အဖွဲ့မှ သွားရောက် စစ်ဆေး ကြကြောင်း သိရသည်။
ရှေးဟောင်း သမိုင်းဝင် ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီးကို ၁၉၂၆ ခုနှစ် က တည်ဆောက်ခဲ့ပြီး မြန်မာ့ အနုပညာ လက်ရာ
မြောက် ပန်းချီ ပန်းပုနှင့်မြန်မာ့ ယွန်းထည် ပစ္စည်းများ၊ မြန်မာ့တွင်း ထွက် ကျောက်မျက် ရတနာများ၊ရွှေ၊ငွေ၊ကြေးစသည့်
လက်ဝတ် ရတနာ ပစ္စည်းများ၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အဝတ်အထည်များ၊ ရှေးဟောင်း အနုပညာ လက်ရာနှင့်
ရုပ်သေးရုပ်များ အပါအဝင် မြန်မာ့ လက်မှု အနုပညာ ပစ္စည်းများ စုစည်း ရောင်းချလျက် ရှိသည်။
ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီးသည် နှစ်ပေါင်း(၈၄)နှစ်တိုင် တည်ရှိ နေသည်မှ နောင်နှစ်ပေါင်း များစွာ ရေရှည် တည်တံ့
စွာ ထိန်းသိမ်းနိုင်ရန် အတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ဈေးများ ဌာနက ရှေးမူမပျက် အကြီးစား
ပြင်ဆင်တော့ မည် ဖြစ်ကြောင်း ဈေးများဌာန ဈေးအင်ဂျင်နီယာ ဦးသန်းထွန်းထံမှ သိရသည်။......မြ၀တီ
မုန်တိုင်းကြောင့် ရန်ကုန်ဈေးကွက်မှာ ဆန်အ၀င်နည်းလာခဲ့ပြီး ဆန်ဈေးနှုန်းတွေကလဲ ယခုရက်ပိုင်းအတွင်းမှာ အနည်း
ငယ်မြင့်တက်မှုရှိလာခဲ့ပေမယ့် အဆမတန်မြင့်တက်သွားမှုမျိုး မဖြစ်ရအောင် မြန်မာနိုင်ငံဆန်စပါးအသင်း ကနိုင်ငံတော်
အရံဆန်ကို ထုတ်ရောင်းပေးသွားမှာ ဖြစ်တယ်လို့ အဲဒီအသင်း အထွေထွေအတွင်းရေးမှုး ဦးရဲမင်းအောင်က ဒီဗွီဘီကို
ပြောပါတယ်။ ရေလမ်းခရီးနဲ့ ကုန်စည်သယ်ယူပို့ဆောင်ရာမှာ မုန်တိုင်းရဲ့အကျိုးဆက်ကြောင့် ဆုံးရှုံးမှု မရှိရ အောင်ပြည်
တွင်းရေယာဉ်တွေရဲ့ သွားလာခွင့်ကို ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာနကယာယီရပ်နား
ထားပါတယ်။ ရန်ကုန်ဈေးကွက်အတွင်းသို့ ကားလမ်းနဲ့ ရေလမ်းကြောင်းတို့က တဆင့် နေ့စဉ် ဆန်စီးဆင်းမှုမာဏက
ဆန်အိတ်ရေ သုံးသောင်းကနေ ငါးသောင်းအထိ ရှိပြီးတော့ ဧရာဝတီတိုင်းဒေသကြီးက အများဆုံးဝင် ရောက်မှုရှိတာလဲ
ဖြစ်ပါတယ်။
photos
Saturday, May 18, 2013
ဗိုလ်ချုပ် အောင်ဆန်း ဈေးကြီး အကြီးစား ပြင်ဆင်မည်

Subscribe to:
Post Comments (Atom)
No comments:
Post a Comment