/* The CSS Code for the menu starts here s2free.blogspot.com */

photos

Saturday, September 3, 2016

မယ်သို့တမ်းချင်း ( 3 )

မယ်သို့တမ်းချင်း ( 3 ) 
   ငါတို့ကြားကသံယောဇဉ်ကြိုး
တင်းကြပ်စွာမချည်နှောင်မိပါစေနဲ့
ပြတ်ထွက်သွားမှာစိုးလို့ပါ
ကိုးကွယ်ရအောင် ယုံကြည်မူ့ကိုယ်
ထားကျရအောင် တန်ဖိုး
နားလည်မူ့နဲ့ရစ်ပတ်လို့
ရှေ့လျှောက်နေတဲ့လမ်းမှာ
ကံတရားနဲ့စီးချင်းထိုးလို့
အရေးနိမ့်မှာထက်
ချစ်ရသူဆီက
ရနံ့မသင်းမှာတော့ကြောက်မိပါရဲ့
ဒီလိုနဲ့,,,
အနေဝေးချစ်ရသူကြားမှာ
ငါလေ
တွေးလို့ပူမိတာက
                        အနေအေးသွားမှာစိုး!!!

No comments:

Post a Comment