/* The CSS Code for the menu starts here s2free.blogspot.com */

photos

Saturday, September 3, 2016

မယ်သို့တမ်းချင်း ( 8 )

မယ်သို့တမ်းချင်း ( 8 )
တွယ်တာမိတဲ့
သံယောဇဉ်ဒီကြိုးဆိုတာ
နှလုံးသားမှာအနာရတာချည်းဘဲလေ
ကိုးကွယ်လို့မှမဟုတ်တာ
တစ်ခြားစီဖြစ်နေတဲ့ ဘဝ နဲ့ အချစ် ကိုယ်
ထပ်တူကျဖို့ငါထုဆစ်နေတုန်း
ထည့်စားသုံးကျရအောင်
မရိုးသားချင်းဆိုတဲ့ စိတ် အစာထဲ
ချစ်ခြင်းရဲ့နားလည်မူ့တွေကိုယ်တို့
ဟန်ဆောင်မူ့တွေလွန်ဆွဲ
အပူတွေနဲ့ထွန်းလင်းထားတဲ့
မြို့ပြရဲ့မီးရင်မအေးစေတာတော့အမှန်
သောကမျက်နှာပေါ်က
မိတ်ကပ်ထူတဲ့လမ်းမကြီးထက်
သနပ်ခါးပါးပါးလေးနဲ့
မြေနီလမ်းပေါ်ကခြေအစုံ
မျှော်နေသူတစ်ယောက်ရယ်
ပြန်လာခဲ့ချင်သူကြား
နေမဝင်ခင်တော့
ငါအရောက်လာခဲ့မဲ့သူပါ
ထင်ကျန်စေချင်ရဲ့
မြေနီလမ်းမပေါ်
ကိုယ်တို့ခြေရာ ,,,,,,,,.



No comments:

Post a Comment