/* The CSS Code for the menu starts here s2free.blogspot.com */

photos

Friday, June 14, 2013

တိုင်းတစ်ပါးသားများ၏ အန္တရာယ်ကိုကာကွယ်ထားသည့် ဥပဒေ (သို့) နိုင်ငံတော် လုံခြုံရေး ဥပဒေ (1982 ခုနှစ် ဥပဒေ)


၁၉၈၂ခုနှစ်မြန်မာနိုင်ငံသားဥပဒေကိုအစိုးရမှပြင် ဆင်ရေးဆွဲ ကာ လွှတ်တော် သို့တင်ရန်စီ စဉ်နေကြောင်း၊ သို့သော် မြန်မာနိုင်ငံ သားဖြစ်မှု ဥပဒေမှာတရားမ၀င်ခိုးဝင်လာသည့် တိုင်းတစ်ပါးသားများ၏ အန္တရာယ်ကိုကာကွယ်ထားခြင်းဖြစ် ၍ပြင်ဆင်ရန် မလိုအပ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင် စုလွှတ်တော် ကိုယ်စားလှယ်အများစုက ကန့်ကွက်ကြမည်ဖြစ်ကြောင်း သိရသည်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက "၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို အစိုးရက ပြင်ဆင်ရေးဆွဲ နေတယ်လို့ သိရပါတယ်။ သို့သော် ဥပဒေကြမ်းတစ်ခု တင်မယ်ဆိုရင် လွှတ်တော် အစည်းအဝေး မကျင်းပမီ တစ်လကြိုတင်ရတာ ဖြစ်ပါတယ်။ အခု ဥပဒေကြမ်းတင်ဖို့ အချိန် မမီ တော့တဲ့အတွက် ဒီတစ်ခေါက် လွှတ်တော်မှာတော့ မပါနိုင်တော့ပါဘူး" ဟု Eleven Media Group ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီစေရန် ဥပဒေကို ပြန်လည် ဆန်း စစ်သင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင် ဆန်း စုကြည်က ပြောကြားထားသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကမူ "၁၉၈၂ ခုနှစ် ဥပဒေကိုပြင်ဖို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြီးခဲ့တဲ့ လွှတ်တော်မှာ တင်ဖူး တယ်။ အဲလို တင်လာတဲ့အခါမှာ ၀ိုင်းဆွေးနွေးကြပြီး ဒါကို မပြင်သင့်ဘူးဆိုပြီး ကန့်ကွက်ပြီး ပယ် ချ လိုက်တယ်။ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြင်သင့်တယ်လို့ ပြောနေတယ်။ ကျွန်တော့် အမြင် ကတော့ဒီ ၁၉၈၂ ခုနှစ်ဥပဒေကဘင်္ဂလားဒေ့ရှ်ကနေရခိုင်ပြည်နယ်၊ဘူးသီးတောင်၊ မောင်တောဘက်ကို ကူး လာတဲ့မွတ်စလင်တွေကိုအဓိ ကာကွယ်ထားတဲ့ ဥပဒေပဲ။ အဲလိုကာကွယ်ထားတာတောင်မှ ရ ခိုင်ပြည် နယ် မှာ ပြန်ကြည့်လိုက်ရင်၉၆ရာခိုင်နှုန်းလောက် ဘင်္ဂါလီတွေ ဖြစ်နေပြီ။ ဒီတော့ ဒါကရှိသင့် တယ်။ ဒီအ ချိန်မှာဒါကိုသွားကိုင်လိုက်ရင်အချေအတင်တော့ ဖြစ်ကြမှာပဲ။ဒါကို ပြင်မယ်ဆို ရင် ပြဿ နာအေး ဖို့ မဖြစ်နိုင် ဘူး။ ပြဿနာပိုဖြစ်လာနိုင်တယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ အခုအချိန်မှာ ဒါကို မပြင် သင့် ဘူး လို့ ယူဆပါတယ်" ဟု ပြောကြားသည်။ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က "၁၉၈၂ နိုင်ငံ သားဖြစ် မှု ဥပဒေက ဥပဒေ ပညာရှင်တွေ ကိုယ့်နိုင်ငံအတွက် နှစ်ပေါင်း သုံးလေးနှစ်လောက် သေ ချာလေ့ လာပြီး မှ ပြဋ္ဌာန်းထားတဲ့ ဥပဒေပဲ။ နိုင်ငံအတွက် တန်ဖိုးရှိတဲ့ ဥပဒေပဲ။ နိုင်ငံတကာက ဒို့နိုင်ငံကို သူတို့တွေ ရဲ့ တပည့်တပန်းတွေလို့များ အောက်မေ့နေကြလား မသိဘူး။ ဒို့နိုင်ငံမှာ နိုင်ငံတော် လုံခြုံရေး၊ နိုင်ငံတော် တည်ငြိမ်ရေး၊ တိုင်းရင်းသား အရေးတွေကို ဒီဥပဒေက ကာကွယ်ပေးထားတာပဲ။ မတရားတာတွေ လုံးဝမ ပါ ဘူး။ ၈၂ ဥပဒေကို ဘာမှပြင်စရာ မလိုဘူး။ ဒီဥပဒေက တိုင်းရင်းသား လူမျိုးဖြစ်ရင် နိုင်ငံသား ဖြစ်မယ်။ ဒီနိုင်ငံမှာလာနေတဲ့သူတွေအနေနဲ့ နိုင်ငံသား ဖြစ်လိုရင်ဧည့်နိုင်ငံသားစသည်ဖြင့် အဆင့်ဆင့်ဆက်စပ်လို့ ရ တာပဲ။ ဒီနိုင်ငံကို သွေးနဲ့ တည်ဆောက်ထားရတာ။ ဘာဖြစ်လို့ ဒီဥပဒေကို မလို မလား ဖြစ်နေ ကြရ တာ လဲ။ ကျူးကျော်လာသူတွေကို တရားဝင်ဖြစ်အောင် ဒီဥပဒေကို ပြင်ခိုင်းနေကြတာ။ ဒါသဘာဝ မကျ ဘူး" ဟု ပြောကြားသည်။ အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က "ကျွန်တော်က မပြင်ဘူး။ ပြင်ဖို့ ပြောလာရင်ကျွန်တော်ကန့်ကွက်မယ်။ဒီဥပဒေကို နိုင်ငံတကာစံနှုန်းနဲ့ မညီဘူး။ လူ့အခွင့် အရေးနဲ့ မညီဘူးလို့ ပြောလာတဲ့သူတွေ ရှိတယ်။ အဲဒီလူတွေက လွှတ်တော်ကိုယ်စားလှယ်ဆိုရင် လွှတ်တော်မှာ တင်ပြပြီး အပြန်အလှန် debate လုပ်ရင် အကောင်းဆုံးပဲ။ အင်မတန်မှ ပြင်ချင်နေတယ် ဆို လည်း နိုင်ငံသားလက်မှတ် အတုလုပ်ရင်၊ နိုင်ငံသားဖြစ်ကြောင်း လိမ်လည်ရင် ဥပဒေမှာ ထောင် ဒဏ်နဲ့ အ တူ ဒဏ်ငွေတွေ သတ်မှတ်ထားတာ ရှိတယ်။ အဲဒီ ဒဏ်ငွေကို တိုးဖို့ပင်မယ် ဆိုရင် သဘောတူတယ်" ဟု ပြောကြားသည်။ မြန်မာနိုင်ငံသည် လူဦးရေ သန်းထောင်ချီ ရှိနေသည့် အိန္ဒိယနှင့် တရုတ်နိုင်ငံ၊ လူဦးရေ ပေါက်ကွဲနေသည့် ဘင်္ဂ လားဒေ့ရှ်ကဲ့သို့ နိုင်ငံမျိုးကြားတွင် ရှိနေသောကြောင့် ယင်းအချက်များနှင့် ညှိနှိုင်းရေးဆွဲခဲ့သည့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ရန် မလိုအပ်သေးကြောင်း၊ နိုင်ငံတကာ စံနှုန်းများနှင့် ညီခြင်း မ ညီခြင်း ဆိုသည်ထက် မြန်မာနိုင်ငံ၏ ပထ၀ီနိုင်ငံရေး အခြေအနေနှင့်အညီ ထည့်သွင်းစဉ်းစား သင့်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။ EMG

No comments:

Post a Comment