/* The CSS Code for the menu starts here s2free.blogspot.com */

photos

Monday, June 24, 2013

ချင်း သူရဲကောင်း ဆလိုင်း တင်မောင်ဦး၏ အောက်မေ့ဘွယ် အခမ်းအနား ကျင်းပမည်

“ ခင်ဗျား တို့ စစ်ဖိ နပ်အောက် မှာ ဘယ်တော့ မှ ဒူး မထောက် ပါ၊ ငါ့ ခန္ဒာ ကိုယ်သာ သတ်နိုင်မှာ၊ ငါ့ ခံယူချက်၊ ငါ့ စိတ်ဓါတ် ကိုဘယ်တော့မှ ခင်ဗျား တို့ သတ်နိုင် မှမဟုတ် ” ဟု ပြောပြီး ကြိုးစင် တက် အသေခံ သွားတဲ့ ချင်း သူရဲကောင်း ဆလိုင်း တင်မောင်ဦး ၏ ၃၇ ကြိမ်မြောက် အောက်မေ့ဘွယ် အခမ်း အနား ကို အိန္ဒိယ နိုင်ငံ ဒေလီရှိ Chin Student’s Union က ဦးဆောင်ပြီး ဇွန်လ ၂၆ ရက်နေ့မှာ ကျင်းပ သွား မည်ဖြစ်သည်။ အခမ်းအနားကို ယခုလ ၂၆ ရက်နေ့တွင် Burmese Community Resource Centre (BCRC Hall), Vikas Puri , Delhi အိန္ဒိယ စံတော်ချိန် နေ့လယ် ၁၁ နာရီကနေ စတင်ကျင်းပမှာဖြစ်ကြောင်း သိရသည်။ “ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုအောက်ကနေ လွတ်မြောက်ဖို့ဆိုပြီး အသေခံသွားတဲ့ ကျတော်တို့ ချင်းသူရဲကောင်း ဆလိုင်းတင်မောင်ဦးရဲ့ စိတ်ဓါတ်၊ သတ္တိဟာ မျက်မှောက်ခေတ်ချင်းကျောင်းသားလူငယ်မကလို့ ချင်းလူမျိုးအားလုံးအတွက် စံပြုစရာပါ၊ အဲဒါကြောင့် ဒေလီမှာရှိတဲ့ ချင်းကျောင်းသားများ သမဂ္ဂ ကနေ ဦးဆောင်ပြီး နှစ်စဉ်ကျင်းပနေတာပါ” ဟု ချင်းကျောင်းသားသမဂ္ဂ ခေါင်းဆောင် ဆလိုင်း ဆန်နှင်းလျန် က ပြောသည်။ ဆလိုင်းတင်မောင်ဦးသည် ၁၉၅၁ ခုနှစ်တွင် အဘ ပူး မြဒင်၊ အမိ ပီး နှင်းမြိုင်တို့မှ တောင်ငူမြို့တွင် မွေးဖွားခဲ့ပြီး ညီနောင် ၈ ဦးအနက် အကြီးဆုံးသားဖြစ်ပြီး ရန်ကုန်တက္ကသိုလ်တွင် ပညာဆည်းပူးကာလ ချင်းစာပေနှင့် ယဉ်ကျေးမှု ကော်မီတီတွင် အတွင်းရေးမှူးတာဝန်ထမ်းဆောင်စဉ် ဆလိုင်းနဲ့ မိုင် အမည်နာမ ခေါ်တွင် သမုတ်ခဲ့သူလည်းဖြစ်သည်။ ဦးသန့်အရေးအခင်းလှုပ်ရှားမှုကြောင့် မဆလ ဦးနေ၀င်း အစိုးရက သတ္တဗေဒ ပထမနှစ် တက္ကသိုလ်ကျောင်းသားဘ၀ ၁၉၇၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် ဖမ်းဆီးခြင်းခံရပြီး တနှစ်ကျော်ကြာ ထောင်နန်းစံခဲ့သည်။ ဆလိုင်းတင်မောင်ဦးသည် ထောင်မှ လွတ်ပြီး နိုင်ငံရေး၊ အလုပ်သမား သပိတ်လှုပ်ရှားမှုတွေကို ဆက်လက်ဦးဆောင်ခဲ့သည်။ နောက်ဆုံး မှိုင်းရာပြည့်ပွဲတော် ကျင်းပရေးလှုပ်ရှားစဉ် ဆလိုင်းတင်မောင်ဦးသည် ၄င်း၏ ၂၅ နှစ်ပြည့် ၁၉၇၆ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ပြန်လည် ဖမ်းဆီးခြင်းခံရပြီး ၃ လတိတိ အကျဉ်းချခံရကာ ဇွန်လ ၂၆ ရက်နေ့ မြန်မာစံတော်ချိန်နံနက် ၄း၀၀ နာရီတိတိတွင် ကြိုးမိန့်ပေးခံခဲ့ရသည်။

No comments:

Post a Comment