/* The CSS Code for the menu starts here s2free.blogspot.com */

photos

Friday, June 14, 2013

****** မြန်မာ့ရိုးရာ စကားပုံများ *********


****** မြန်မာ့ ရိုးရာ စကား ပုံများ ********* ရှေးပညာ ရှိတွေဟာ ဖြစ်တည်လာမဲ့ အခြေအနေကို မှန်ကန်စွာပုံဖော်နိုင်ကြတယ်လို့ လက်ခံရပါ့မယ် ။ ဘာလို့လည်းဆိုရင် ကျွန်မတို့ ဒီနေ့ခေတ်မှီတိုးတတ် ပါတယ် ဆိုပေမဲ့ အတွေးအခေါ်ပိုင်းမှာတော့ သူ့ကိုမမှီနိုင်သေးပါဘူး ။ ကျွန်မတို့ သိပ္ပံပညာ ရှင်ကြီးတွေဟာ ခုခေတ်မှ သိမြင်နိုင်တဲ့ အကြောင်းအရာတွေကို ကျွန်မတို့ မြတ်စွာဘုရားရှင်က လွန်ခဲ့သော နှစ်ပေါင်း ( ၂၅၀၀ ) ကျော်ထဲက မှန်ကန်စွာ ဟောပြ ဆုံမတော်မူခဲ့ပြီးပါပြီ ဥပမာ လူ့ဖြစ်စဉ် ပဋိသန္ဓေနေမူ့ ဖြစ်စဉ်ကို တိကျသေချာစွာ ဟိုရှေးရှေး ဘာမှမြင်နိုင်စွမ်းမရှိတဲ့ ကိရိယာတွေအပေါ်မှီထဲက သေချာကျန ဟောပြတော်မူခဲ့ပါပြီ ။ မိုက်ခရိုစကုတ်လည်းမပေါ် သေးဘူး ဒိုင်ခရိုစကုတ် အနူမြူ လေဆာရောင်ခြည် စတာတွေဆိုတာ မသိရှိခင် မကြားဘူးခင်ထဲက ဖြစ်တည်မူ့အစဉ်တိုင်းကို ဟောတော်မူခဲ့တာပါ ။ မြတ်စွာဘုရားရှင် ရဲ့ထားတော်မူခဲ့တဲ့ တရားတော်တွေ နူတ်ကပတ်တော်တွေမှာ လိုအပ်နေသေလို့ ပြန်ပြီးဖြည့်ရတယ် ဆိုတာလည်း မရှိခဲ့သလို ပိုနေလို့ပြန် ဖြုတ်ပြစ်ရတယ်လို့ ဆိုရိုးလည်း မရှိခဲ့ဘူးပါဘူး ။ ဒီအကြောင်းကို ဘာကြောင့်စာရေးသူပြောပြရသလည်းဆိုရင် စာဖတ်သူတွေ အတော်များများက စာရေးသူ ကို အတော် ရှေးဆန်တဲ့ ရှေးအယူအစွဲအားကြီးတဲ့ မိန်းမမျိုးးလို့ထင်မစိုးလို့မဟုတ်ပါဘူး ကိုယ်ပြောချင်တာက ရှေးပညာရှိတွေထားခဲ့တဲ့ စကားတွေကို အလွန်သေချာ တိကျလိုက်နာဖွယ်ရာများဖြစ်နေတာကို သိမြင်စေချင်တာရယ် ဒီနေ့ထိ အသုံးဝင်နေပုံကို စေ့စေ့ငှငှသိစေချင်တဲ့ စေတနာကြောင့်ပါ ။ ခုတင်ပြမေးမဲ့စကားပုံတွေက ဒီနေ့ထိ အသုံတည့်နေသလို နောင်သားစဉ်မြေးဆက် အသုံးဝင်ပြီး ဘယ်လိုပင်တိုးတတ်နေတဲ့ခေတ်ဖြစ်ပါစေ ကျွန်မတို့ ရှေးပညာရှိတွေထားခဲ့တဲ့ စကားတွေဟာတန်ဘိုး များစွာထိုက်တယ်ဆိုတာ ပညာသားပါလွန်းတယ်ဆိုတာကို နားလည်းသဘောပေါက်စေချင်တာ ပါ ။ ဒါကြောင့် ဒါတွေကိုခေတ်သားပျို သမီးပျိုလေးတွေသိပ်ကို သိစေချင်မြင်စေချင် ဆင်ခြင်စေခြင်ပါတယ် လိုက်နာကျင့်သုံးတဲ့သူဟာ အကျိုးများစွာ ဖြစ်စေ မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါတည်း ။ ဒါကြောင့်ယခုတင်ပြပေးတဲ့ စကားပုံတွေကနေ ပညာသုတ များစွာ ဘ၀မှာ ဆင်ခြင်ပိုင်းခြား အကျှိုးများစွာဖြစ်ပေါ် ပါစေသတည်းလို့ ..................... ပညာရှိ သတိဖြစ်ခဲသည် ကျောင်းဆိုတလင်းပြောင်မှ ဘုရားဆိုရွှေပြောင်မှ ဘုန်းကြီးဆိုကတုန်းပြောင်မှ အစကောင်းမှ အနှောင်းသေချာသည် အသွားရှိမှ အလာရှိသည် အမြော်အမြင်ရှိမှဆင်ခြင်သည် အမြစ်ရှိမှ အပင်ရှိ အမေးရှိမှအဖြေရှိ အသေအချာရှိမှ အမြဲ အစွဲအလမ်းရှိမှ တည်တံ့သည် အရံအတားရှိမှ လုံခြုံသည် အစည်းအရုံးရှိမှ ကြောက်ရွံ့သည် လာလိုလျှင် အနီးလေး မလာလိုလျှင် ခရီးဝေး မပေးလိုလျှင်မရှိ မသွားလိုလျှင်မသိ မျက်မှောက်မှာ ပျားလိုချို မျက်ကွယ်မှာ ကနခို ငါးခုံးမတကောင်ကြောင့် တလှေလုံးပုပ်သည် တယောက်မကောင်းသော် အားလုံးအများပျက်စီးသည် သစ်တပင်ကောင်းသော် ငှတ်တသောင်းခိုရသည် တရားသိသော် အမှားကိုပြနိုင်သည် အကြံကိုလိုသော် နှီးနှော သားကိုချစ်သော် ပညာဖုံသည် ဥစ္စာကိုချစ်သော် ပြည့်စုံသည် ပညာလိုအိုသည်မရှိ ပညာလို သူဖုန်းစာပမာကျင့် ပညာကိုချစ်သော် အတတ်မျိုးစုံသည် ရိုးရိုးကျင့်မြင့်မြင့်ကြံ ဆရာကိုချစ်စေလိုသော် ချဉ်းကပ် အရပ်ကို ချစ်စေလိုသော် ပေးကမ်း ကိုယ်ချမ်းသာစေလိုသော် ချိုသာ စိတ်တွေ့ကလူလိမ္မာ စိတ်မတွေ့က မလိမ္မာ အပေါင်းကောင်းမှ အကြောင်းမျှသည် ခလုတ်ထိမှအမိတ လိုလျှင်ကြံဆ နည်းလမ်းရ ကံယုံ၍ဆူးပုံနင်း ဆူးဆူးတာအဖတ်တင် တလုပ်စားဖူးသူ့ကျေးဇူး နွှားရှေ့ထွန်ကျူး လယ်ထွန်းသွား နွားမေ့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ နှမ်းတလုံးနှင့်ဆီမဖြစ် ပျက်အစဉ်ပြင်ခဏ မသိလျှင် မေးး မစင်လျှင်ဆေး ဆရာမပြ နည်းမကျ အကျီစားသန်ရန်ဖြစ် ကြွတ်မနိုင်ကျီမီးနှင့်ရို့ နွားကွဲလျှင် ကျားကိုက် ခွေးလေးခုန်လို့ဖုန်မထ ပုစွန်ကြံတတ်ဗျိုင်းလည်ပြတ် ကလိန်စေ့ငြမ်းဆင် ကြောင်တသက် ကြွတ်တမြုံ ကြောင်အိုကြွတ်မလေး နူတ်ချိုလျိုတပါး ပတ္တမြားမှန်လျှင် နွန်မနစ် ကိုယ်စိတ်နှင့်နိုင်းမရိုင်း စစ်ရောက်မှမြားချွန် မိုးလွန်မှထွန်ချ စစ်မရောက်ခင်က မြှားကုန် ကျားကြောက်လို့ရှစ်ကြီးခိုး ရှင်ကြီးကျားထက်ဆိုး ငုပ်မိသံတိုင် တတ်နိုင်ဖျားရောက် လိုင်းကြီးလှေအောက် တောင်ကြီးဖ၀ါးအောက် သစ်ငုတ်မြင့်တုံ မြတ်မြင့်တုံ ထန်းသီးကြွေခိုက် ကျီးနင်းခိုက် မိန်ရာဟင်းကောင်း ခင်ရာဆွေမျိုး အလိုကြီးသော်အရနည်းတတ်သည် အကွပ်မရှိတဲ့ကြမ်း ပရမ်းပတာ သူ့မေတ္တာရှိမှ ကိုယ့်မေတ္တာရှိသည် ချစ်စကိုရှည်စေ မုန်းစကိုတိုစေ တစ်တတ်စားလည်းကြက်သွန်ဖြူ နှစ်တတ်စားလည်းကြက်သွန်ဖြူ ဒါကတော့စာရေးသူလေ့လာမှတ်သားမိသမျှ မြန်မာရိုးရာစကားပုံတွေပါ ။ စာဖတ်သူတွေလည်းရိုးရာစကားပုံများကနေ ကံကောင်းခြင်းလက်ဆောင်တွေကို ဆောင်ညှင်းနိုင်ပါစေလို့ ................................

No comments:

Post a Comment