/* The CSS Code for the menu starts here s2free.blogspot.com */

photos

Thursday, June 20, 2013

ဝံသာနု လူသတ်သမားများ မဖြစ်စေလို..။

ပြောဖြစ်အောင် တွန်းအားပေးတဲ့ အကြောင်းတွေကလဲ ဒီလို ခင်ဗျ...... ဖြစ်ပြီးခဲ့တဲ့ ရခိုင် အရေးအခင်းက စလို့ပဲ ပြောရရင် ခုဆို ဒီအဓိကရုန်း ဖြစ်ပွားခဲ့တဲ့ ကာလကို လွန်လို့..... ရခိုင်မှာ ပြန်လည် ထူထောင်ရေးတွေတောင် အစိုးရ ဘက်ကကော .... ပြင်ပ အစိုးရနှင့် မဆိုင်သော အဖွဲ့အစည်းတွေကကော ဆောင်ရွက်နေကြပါပြီ....။ ဒါပေမယ့် လွန်ခဲ့သော လေးငါးလ ထဲက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ကို မပြီးနိုင် မစီးနိုင် အငြင်းပွား တိုက်ခိုက်နေမှုတွေ ဟာ ပြင်ပ မှာ လျော့ပါးပျောက်ကွယ်သလောက် ဖြစ်သွားပြီဖြစ်ပေမယ့် ကျွန်တော်တို့ လက်ရှိ သုံးစွဲနေတဲ့ အွန်လိုင်း ပေါ်မှာတော့ ပိုပြီး သာပြီး အစစွဲထုတ် ပုတ်ခတ်စော်ကားမှုတွေ ဖြစ်ပေါ်လာနေဆဲပါပဲ...။ ဒီလို ဖြစ်ပွားမှုတွေကို ကျွန်တော် အကျယ်ချဲ့လို့လဲ ဘယ်သူ ဘယ်ဝါ လွန်ပါတယ်.... ဘယ်သူဘယ်ဝါ မှားပါတယ် လို့ နှစ်ဥိးနှစ်ဖက်စလုံးကို ပြောလဲ မပြောလိုပါဘူး.... ဝေလဲ ဝေဖန် မှု မပြုလိုပါဘူး....။ ဘာလို့ဆိုတော့ လူတိုင်း လူတိုင်းဟာ ကိုယ့်အမျိုးထိ ကိုယ် နာတတ်ကြတာချည်းကို.........ဒါကို လူတတ်လုပ် အပြစ်ရယ်လို့ ဆိုပြီး လက်ညှိုးထိုး မပြောလိုပါဘူး..။ ဒါပေမယ့်..... မပြောလိုဘူးဆိုပေမယ့်... တစ်ခုတော့ ပြောရပါလိမ့်မယ်....။ မည်သည့် ဘာသာကို ကိုးကွယ်သည့် လူမျိုး ဖြစ်ပါစေ.... ကိုယ် ဘာသာ ကိုယ့်လူမျိုးကို တန်ဖိုးထား မြတ်နိုးကြ သည်သာ ဖြစ်ပါမည်...။ ကိုယ့်ဘာသာ ကိုယ့်သာသနာ ကိုယ့်လူမျိုးကို ထိပါးပုတ်ခတ်လာသည် ရှိသော်... မည်သည့် လူမျိုး မဆို ကိုယ့်ဘာသာ ကိုယ့်လူမျိုးဘက်က ပြန်လှန်တိုက်ခိုက် မည်သာ ဖြစ်ပါမည်...။ ထိုကဲ့သို့သော်.... စိတ်ထားကို "" ၀ံသာနု"" ကိုယ့်အမျိုးသား (အကျယ်ပြော... ကိုယ့်လူမျိုး) ကို ချစ်သည့်... တန်ဖိုးထားသည့်စိတ်ရှိသည် ဟု ဆိုလို့ရပါသည်... ၀ံသာနု ဟုသည်... ကိုယ့်အမျိုးကို ကိုယ်ချစ်ပြီး ကိုယ့်အမျိုးသား ရေးကို ကိုယ် စောင့်ရှောက်ကာကွယ်ခြင်းလဲဖြစ်ပါသည်...။ ထိုကြောင့် အွန်လိုင်းပေါ်မှာ ဖြစ်ပွားနေကြသော မူစလင် မကောင်းဘူး.... မြန်မာ မကောင်းဘူး...။ အစ္စလာမ် ဆန့်ကျင်ရေး...... ဗုဒ္ဒဘာသာ ဆန့်ကျင်ရေး ဆိုသော အယူအဆ တိုက်ပွဲများသည်.... မိမိတို့ မှာရှိသော် အမျိုးကို ချစ်စိတ် တန်ဖိုးထားစိတ်..... ဘာသာကို ချစ်စိတ် တန်ဖိုးထားစိတ်များနှင့် တစ်ဘက်နှင့် တစ်ဘက် တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့် တစ်ဖွဲ့ တိုက်ခိုက် ရန်စောင်း နေကြခြင်းသာ ဖြစ်ပါသည်... သို့သော် ထို ပဋိပက္ခ အငြင်းပွားမှု များကို ကိုယ့်အမျိုးသားကို တန်ဖိုးထားသော ၀ံသာနု စိတ်ဓါတ် ရှိသော် အမျိုးသားရေး မူမှန် လုပ်ရပ် ဟုတော့ ဆိုမ ရ ပါ..။ ကိုယ့်အမျိုးသားကို တန်ဖိုးထားသော ၀ံသာနု စိတ်ဓါတ် ဟူသည်..... ထိုကဲ့သို တိုက်ခိုက်ငြင်းခုန် သတ် ပုတ်နေ ကြခြင်းများ မဟုတ်ပါ...။ ကိုယ့် အမျိုးသား အကျိုးစီးပွားကို ကိုယ်စွမ်းသလောက် တစ်ဥိးနှင့် ဖြစ်စေ အဖွဲ့အစည်းအလိုက် ဖြစ်စေ အပြု သဘောဆောင်ပြီး အကောင်းဘက်သို့ရောက်အောင် စောင့်ရှောက်ခြင်း ...ကာကွယ်ခြင်း... . မြှင့်တင်ခြင်း များရှိသော စိတ်ဓါတ်နှင့်ဆောင်ရွက်ချက်များ ကို မိမိနှင့် မိမိလူမျိုးအတွက် ဓမ္မဓိဌာန် (အလယ်အလတ်ကျကျ ) ပြုလုပ်ဆောင်ရွက် ပေး ခြင်းကိုဆိုလိုပါသည်...။ ဥပမာ ပြုရသော် စာရေးသူတို့ အထက်တန်းကျောင်းတက်စဉ်က မြန်မာကျောင်းပြဌာန်း စာအုပ်တွင် ပါသော ဥိးဖိုးကျား ၏ မိတဆိုးရှင်ပြုပွဲကဲ့သိုသော် လုပ်ဆောင်ချက်များ..... (အသေးစိတ် သိလိုလျှင် အကျယ်ရှာလေ့လာပါ..) ဗိုလ်အောင်ဒင် ၏ အနစ်နာခံ လှုံဆော်မှုများ...(အသေးစိတ် သိလိုလျှင် အကျယ်ရှာလေ့လာပါ..)။ အနီးဆုံး ပြောရလျှင် လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ၏ နိုင်ငံနှင့် လူမျိုး အပေါ် ပေးဆပ်အနစ်နာ ခံ ပုံမျိုး ဖြစ်ပါသည်...။ လူမှန်လျှင် အသိတရားနှင့် ရင့်ကျတ်မှုကို ပိုင်ဆိုင်ထားကြသင့်ပါသည်.... ထစ်ခနဲ ပေါက်ကွဲ လွယ်.... ထစ် ခနဲ သွေးဆူလွယ်သော သူများသည်... ရင့်ကျက်သော သူများ မဟုတ်ကြပါ....။ ထိုသူတို့၏ လုပ်ရပ်သည် လူဖျင်း လူညံ့များ၏ အမူအကျင့်များသာ ဖြစ်ပါသည်..။ အဆင့်အတန်း ဟူသည်.... မိမိ၏ ပင်ကိုယ် စိတ်ဓါတ်နှင့် လုပ်ရပ်၏ လုပ်ဆောင်ချက်များကို ကြည့်ပြီး သုံးသပ်ခြင်းပြုလို့ရပါသည်...။ ကိုယ့် လူမျိုး ကိုယ့်ဘာသာ သည်.... တကယ် မြင့်မြတ်သော အရာ အဖြစ် ကိုယ့် စိတ်မှာ တန်ဖိုးထား မြတ်နိုးကြပါလျှင် မိမိတို့၏ လုပ်ရပ်နှင့် အဆင့်အတန်းကို မြှင့်စေချင်ပါသည်...။ ဗုဒ္ဒဘာသာ ၀င်တစ်ဦး မိုက်ရိုင်းလျှင်..... ခရစ်ယာန်တစ်ဦး မိုက်ရိုင်းလျှင်...... အစ္စလာမ် တစ်ဦး မိုက်ရိုင်းလျှင်..... ထိုမိုက်ရိုင်းမှုကို မြင်သော မပြည့်ဝသောလူတို့၏ အသိညဏ်နှုံးနည်းမှု အရ တစ်ဥိးတစ်ယောက် မကောင်းမြင်မည် မဟုတ်ပါ....။ တစ်ဥိးကြောင့် အများ မကောင်း အ မြင်ခံရမည် ဖြစ်ပါသည်..... စည်းမဲ့ ဘာသာဝင် တစ်ဥိးကြောင့်. ...စည်းမဲ့ ကိုယ်လူမျိုးတစ်ဦးကြောင့် ကျန် ဘာသာဝင် အားလုံး...... ကျန် လူမျိုး အားလုံး မကောင်းမြင် ..အဆိုးမြင်ခံရလျှင် တရားပါသလား .....ခံနိုင်ကြပါသလား......။ ထို့ကြောင့် မိမိတို့ တစ်ဦးချင်းစီ ၏ လုပ်ရပ်များဖြင့် မိမိတို့ လူမျီုးဘာသာ သာသနာကို မြှင့်တင် တန်ဖိုးထား ကာကွယ် စောင့်ရှောက် ကြစေလိုပါသည်...။ လူမျိုးတိုင်းတွင်.... လူဖျင်း ၊ လူညံ့.... ရှိသလို... လူတော်လူကောင်းများလဲ ရှိပါသည်..။ လူဖျင်းလူညံ့ တစ်ဦးကြောင့် တစ်ဖွဲ့ကြောင့် ကျန် လူတော်လူကောင်းများကို တစ်မျိုးသားလုံးအလိုက် မထိခိုက်စေချင်ပါ...။ ထိခိုက်အောင်လဲ မပြုလုပ်သင့်ကြပါ..။ အစွန်းရောက် မှု ဟူသည်..စိတ်ရူးသွမ်းနေသော သူရူးသူမိုက်များသာ ပြုလုပ်ကြခြင်း ဖြစ်ပါသည်...။ အသိတရား ပြည့်စုံပြီး ဆင်ခြင်တုံတရားရှိသော သူများသည်... (မည်သည့်ဘာသာဝင်မဆို ) အစွန်းရောက် တိုက်ခိုက်မှုမျိုး မလုပ်တတ်ကြပါ....။ ဘယ်ဘာသာက ဘယ်ဘုရား မှ လူရာထောင်ချီ သတ်ဖြတ်ပြီး ဘုရားဖြစ်လာခဲ့ခြင်း မရှိ ဘူးဆိုတာ ကို ကိုယ်ကိုးကွယ်ရာ ဘာသာ အလိုက် လေ့လာကြည့်လျှင် သိနိုင်ကြပါသည်....။ ကိုယ့်အမျိုး ကိုယ့်ဘာသာကို ကိုယ်သာ ၀ံသာနု စိတ်ဓါတ် အပြည့်ဖြင့် တကယ် တန်ဖိုးထား ကြပါလျှင်.....။ လောင်နေတဲ့ မီးကို မပွားအောင်... ငြိမ်းအောင် ပြုလုပ်ကြပါ...။ အမြင်စောင်းနေသူများကို အမြင်မှန်အောင်တည့်ပေးကြပါ...။ မေတ္တာတရား သည်သာ အကောင်းဆုံးသော အရာ အဖြစ်မှတ်ယူပြီး လူသားချင်းစာနာကြပါ..။ လောင်နေတဲ့မီးကို ပိုလောင်အောင် ကိုယ် ပရောဂနှင့် ပြုလုပ်ခြင်းသည်... ၀ံသာနု ဆိုသော အမျီုးကို ချစ်စိတ်မဟုတ် သည်ကို ကျွန်တော့်၏ အာဘော်လေး ဖတ်မိပြီး သတိပြု နိုင်ကြပါစေသော်.......။

No comments:

Post a Comment