/* The CSS Code for the menu starts here s2free.blogspot.com */

photos

Thursday, June 20, 2013

ဒီမိုကရေစီ နိုင်ငံတော်...။


တကယ်တော့ ကျွန်တော်တို့ လိုလားတဲ့ ၊ တောင်းတတဲ့ ဒီမိုကရေစီမူဝါဒဟာ ..... ဖွံဖြိုးဆဲနိုင်ငံတစ်နိုင်ငံတောင် မဖြစ်သေးတဲ့ ကျွန်တော်တို့ နိုင်ငံအပေါ် အကောင်အထည်ဖော်မှု သက်ရောက်လာတဲ့ ကနေ့မှာ...... အကောင်အထည်ဖော်ခွင့်ရ တဲ့ ပထမဦးဆုံးသော အစိုးရသစ်အတွက် လုပ်တတ်ရင် ဒီမိုကရေစီစနစ်ကို စတင်ဖော်ဆောင်တဲ့ သူရဲကောင်း အစိုးရ ဖြစ်လာနိုင်သ လို.. အသွင်းကူးပြောင်းဆဲ ကာလမှာ တစ်ချက်လောက်မှားယွင်းစွာ အကောင်အထည်ဖော်မှုတစ်ခု ပြုမိခဲ့ရင် ... ဘယ်လိုမှ သမိုင်းမှာ အဖတ်ဆယ်လို့မရတဲ့ ပြည်ဖျက်အစိုးရ ဖြစ်သွားနိုင်ပါတယ်....။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီ ဖော်ဆောင်မှုလို့ခေါ်တဲ့ (democratic.) မူဝါဒဟာ ဖြစ်ပေါ်ပြီးနောက် နိုင်ငံ့ တိုးတက် မှု နဲ့ နိုင်ငံတွင်း အခြေခံလူ့အခွင့်အရေးကို ရရှိပိုင်ဆိုင်ရာမှာ မြိုင်မြိုင်ဆိုင်ဆိုင် ၊ ပြည့်ပြည့်၀၀ ၊ အတိုင်းထက်အလွန် ရရှိနိုင်စေပေမယ့် စတင်အသွင်ပြောင်းခါစ ကာလမှာ တိုင်းပြည်ပျက်သွားလောက်သည်အထိ အလွန်အင်မတန်မှ အန္တရယ်ရှိလို့ပဲ ဖြစ်ပါတယ်...။ ဒီမိုကရေစီကျတဲ့ အစိုးရတစ်ရပ်ပေါ်ထွန်းရေးဟာ အင်မတန် ခက်ခဲပါတယ်.။ ကမ္ဘာပေါ်မှာ ဒီမိုကရေစီ မူဝါဒစတင်ဖော်ဆောင် နေစဉ်မှာပဲ.... တိုင်းပြည်ပြိုကွဲပျက်ဆီး သွားရတဲ့ နိုင်ငံတွေဟာ လက်ချိုးရေတွက်ကြည့်လို့ မရလောက်အောင် များခဲ့ ပါပြီ...။ ဒီမို ကရေစီ ဆိုတာ စနစ်တစ်ခုထဲကို ပြောင်းလဲစေတဲ့ မူဝါဒတစ်ခုမဟုတ်သလို .. ဦးစားပေး အကြောင်းအရာတပ်ပြီး ကိုယ်မြှင့်ချင်တဲ့စနစ် ကို ရွေးမြှင့်လို့လဲမရနိုင်ပါဘူး...။ စီးပွားရေး၊ လူမှုရေး ၊ ကျန်းမာရေး ၊နိုင်ငံတော်ကာကွယ်ရေး စတဲ့ နိုင်ငံနဲ့သက်ဆိုင်တဲ့ ဘက်ပေါင်းစုံ က ကိစ္စရပ်တိုင်းကို တစ်ပြိုင်နက် မြှင့်တင်ရတာကို ဒီမိုကရေစီစနစ် ထူထောင်တယ်လို့ သဘောအားဖြင့် ဆိုရမှာ ဖြစ်ပါတယ်...။ ဒါကြောင့် နိုင်ငံတစ်ခုမှာ ဒီမိုကရေစီမူဝါဒကို စတင်အသက်သွင်းပြီဆိုရင် စတင်အသက်ဝင်အောင် စွမ်းဆောင်ရတဲ့ အစိုးရသစ် ဟာ အလွန်ပင်ပန်းရပါတယ်....၊ သာမန်အတွေးအခေါ် ၊ သာမန်ဦးနှောက် ၊ သာမန်နည်းပညာစွမ်းအားမျိုးလောက်နှင့် သာမန်အရင်စနစ် ဟောင်းကပါလာတဲ့ အယူအဆမျိုးလောက်နှင့်သာ ဖော်ဆောင်မယ်ဆိုရင် ပီသတဲ့ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်ပေါ်လာနိုင်ခြေဟာ ဘယ်လိုမှ ဖြစ်လာနိုင်စရာမရှိလောက်အောင် အင်မတန်မှ နည်းပါးပါတယ်..။ ထူထောင်စ အခြေအနေမှာပဲ. ပြိုလဲပျက်စီးသွားပြီး ယခင် လိုအခြေအနေပြန်လည်ရောက်ရှိသွားမှာ သေချာပါတယ်....။ ဒါကြောင့် နိုင်ငံရဲ့ အခြေခံလူ့အခွင့်အရေးနှင့် အဖက်ဖက်တိုးတက်မှုတွေကို ဒီမိုကရေစီစနစ်နဲ့ ဖော်ဆောင်ရာမှာ ကမ္ဘာပေါ် မှာရှိတဲ့ ဖွံဖြိုးပြီးဒီမိုကရေစီနိုင်ငံများရဲ့ တည်ဆောက်မှုနည်းနာနိဿယျနှင့် လက်တွဲခေါ်ဆောင်ခံရခြင်း အကူအညီရမှုဟာ ထိပ်ဆုံးက အရေးပါတဲ့ အကြောင်းဖြစ်သလို... နိုင်ငံမှာ စနစ်တစ်ခုဆောလျင်စွာ အသက်ဝင်ပေါ်ထွန်းလာဖို့ အတွက်.. ပြည်တွင်းမှာ အေးချမ်းငြိမ် သက်နေဖို့ကလည်း လိုပြန်ပါတယ်....။ ပြည်တွင်းစစ် မဖြစ်နေဖို့ လိုပါတယ်...။ ထိုကဲ့သို့ပဲ..... ဒီမိုကရေစီမူဝါဒကို တတ်သိနားလည် ကျွမ်းကျင်ပိုင်နိုင်တဲ့ နိုင်ငံရေးဖော်ဆောင်မှုပညာရှင်တွေ နိုင်ငံတွင်း ရှိ နေဖို့လိုပါတယ်...။ ပြည်တွင်းနေ နိုင်ငံသားကဒ် ကိုင်ဆောင်ထားသူ နိုင်ငံသားများ အသိညဏ်မြင့်မားစွာ ရှိနေဖို့ လိုအပ်ပါတယ်...။ စည်းကမ်းနဲ့ ဥပဒေကို လိုက်နာတတ်ဖို့ ၊ထုတ်ပြန်တတ်ဖို့ ၊ လိုက်နာနိုင်ဖို့ ၊ ထုတ်ပြန်နိုင်ဖို့ လိုပါတယ်...။ ကိုယ်နှင့်ထိတွေ့ရာပါတ်ဝန်းကျင် မတိုးတက်တာကိုမြင်ပြီး တွေ့ရာမြင်ရာတွေ တွေ့သမျှ မြင်ရသမျှသော မိမိသဘောမတွေ့ မှုတွေကို လက်ညှိုးကြီး တစ်ငေါက်ငေါက်ထိုးတတ်တဲ့ (pessimistic.)အဆိုးမြင်ဝါဒ သမားတွေ မလုပ်သင့်ကြပါဘူး...။ နိုင်ငံတစ်နိုင်ငံအတွက် ဒီမိုကရေစီစနစ်ဖော်ဆောင်ရာမှာ သက်ဆိုင်ရာ အစိုးရက တာဝန်ရှိသလို ဒီမိုကရေစီစတင် အဖော်ဆောင် ခံတိုင်းပြည်မှာ နေထိုင်ကြတဲ့ နိုင်ငံသားတွေရဲ့ (citizen carlylethomas.) နိုင်ငံသားတွေရဲ့ ကိုယ်စားပြုတင်ပြချက် ၊သရုပ်ဖော်ချက် များဟာလဲ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါရှိပါတယ်...။ ဤကဲ့သို့သော် အခံသဘောထားများနှင့် အစိုးရနှင့်နိုင်ငံသား ဘက်အသီးသီးက ရှိကြရမှာ ဖြစ်သလို ........ ဒီမိုကရေ စီ ဖော်ဆောင်နေစဉ်ကာလမှာ အစိုးရသွားသလောက် ပြည်သူက လိုက်နိုင်ပြီး...... ပြည်သူတွေခိုင်းသလောက် အစိုးရက လိုက်လုပ်နိုင်အောင် ကြားခံဖြစ်တဲ့ လွှတ်တော်အရပ်ရပ်က တာဝန်ရှိအမတ်တွေဟာ..( the way the people think.) ပြည်သူတွေ ဘယ်လို စဉ်းစားတွေးခေါ်သလဲ... ဘာတွေကြုံတွေ့ခံစားနေရသလဲ....ဆိုတာ အမြဲမပြတ်လေ့လာနေသင့်ပါတယ်....။ သိသမျှ၊ ကြားသမျှ၊ မြင်သမျှ မိမိတို့ ကိုယ်စားပြုထားရာ ဒေသ၊ မြို့နယ်၊ပြည်နယ် များက ပြည်သူတွေရဲ့ လိုအပ်ချက်များကို အစိုးရ သိအောင် ရင် ကြားစေ့ပေး ရပါမယ်...။ နောက်တစ်ဖန် လွှတ်တော်၊ အစိုးရ ၊ ပြည်သူ သုံးဦးသုံးဖလှယ် အချိန်နဲ့ တပြေးညီ ပြည်တွင်း ဖြစ်ပေါ်မှု အခြေအနေ အ၀၀ကို သိအောင်လုပ်ရမယ့် သူများကတော့ စတုတ္ထမဏ္ဍိုင်လို့ အဆိုပြုထားတဲ့ မဏ္ဍိုင်ကြီး(၅) ရပ်ထဲက (the media.) လို့ ခေါ်တဲ့ သတင်း မီဒီယာ သမားတွေပါပဲ..။ ဒီသတင်းမီဒီယာ သမားတွေဟာ.... ကိုယ်တွေ့ရှိလာသော ပြည်သူတွေရဲ့ (information.) နှင့် (data.) တွေ ကို ရဲရဲဝံ့ဝံ့(literary criticism .) လို့ခေါ်တဲ့ ဝေဖန်ရေး မီဒီယာသမားများအဖြစ်အစိုးရနဲ့ လွှတ်တော်သိအောင်ဖော်ပြရဲတဲ့ သတင်းသမားများအဖြစ် ခံယူနိုင်ရဲ ၊ ဆောင်ရွက်နိုင်ရဲရပါ မယ်...။ (true temerity.) စစ်မှန်တဲ့ ရံဝံ့ခြင်းရှိရပါမယ်....။ ပြောရဲ၊ဆိုရဲ၊ရေးရဲ ရပါမယ်...။ ဒီလို အစိုးရ ၊ လွှတ်တော် ၊ပြည်သူ၊ မီဒီယာ ဘက်အသီးသီး တာဝန်ကျေမှသာလျှင် အလွန်အန္တရယ်ကြီးမားသော (democracy start term.) ဒီမိုကရေစီ စတင်ကာလကို အနှောက်အယှက်နည်းနည်း ပျက်ဆီးထိခိုက်မှု အနည်းဆုံးနှင့် ပြည်သူတွေလိုလားတောင်း တရာ ကျွန်တော်တို့ အားလုံးမျှော်လင့်ခြင်းကြီးစွာနှင့် မျှော်လင့်ခဲ့ရာ "ဒီမိုကရေစီစနစ်နှင့် တည်ဆောက်ထားသော နိုင်ငံတော်သစ်" ကြီးဆီကို အေးချမ်းစွာရောက်ရှိ ပိုင်ဆိုင်မှာ ဖြစ်ပါတယ်....။

No comments:

Post a Comment