/* The CSS Code for the menu starts here s2free.blogspot.com */

photos

Friday, June 14, 2013

မြန်မာငွေ ၁၀၀ ကျပ်ရှိရုံနဲ့ ကြော်ငြာလို့ရတဲ့ Website


မြန်မာငွေ ငွေတစ်ကျပ်လောက်ရှိရုံနဲ့ ကြော်ငြာလို့ရတယ်ဆိုတာ အခုခေတ်မှာ မရှိပါဘူး။ ဒါပေမဲ့ အွန်လိုင်းပေါ်မှာ ငွေတစ်ရာကျပ်ရှိရုံနဲ့ ကြော်ငြာတွေ လက်ခံပေးနေတဲ့ Website လေးတစ်ခုကို ပြောပြပေးချင်ပါတယ်။ သူက ကြော်ငြာစရိတ် အများကြီး အကုန်မခံချင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို ရည်ရွယ်တယ်လို့ ဆိုပါတယ်။ သူ့ကြော်ငြာဆိုက် Home Page မှာ အရမ်းကြီး ထူးဆန်းမနေဘဲ အကွက်လေးတွေ အများနဲ့ ပုံဖော်ထားပါတယ်။ အဲဒီအကွက်တစ်ကွက် pixels အနေနဲ့ (10x10 pixels) ကို ၁၀၀ ကျပ်ကနေ ၁၀ ကျပ်အထိ အစားစားရှိတယ်လို့ ဆိုပါတယ်။ အနည်းဆုံး ၁၀၀ ဖိုး ကြော်ငြာရမှာဖြစ်ပြီး ၁၀၀ ဆိုတာကလည်း လက်ဖက်ရည် တစ်ခွက်စာဖိုးတောင် မရှိတော့တဲ့ အတွက်ကြောင့် သိပ်လည်း မကုန်ပါဘူး။ ဒီ Website မှာ တစ်ခါကြော်ငြာရင် တစ်လတိတိ အွန်လိုင်းပေါ်မှာ တင်ပေးထားမှာဖြစ်ပြီး Plan တွေကိုလည်း ခွဲထားပါသေးတယ်။ အပေါ်ဆုံးမှာဆိုရင် တစ်ကွက်ကို ၁၀ ကျပ်နဲ့ အကွက်ဖြူရောင်မှာဆိုရင် ၁ ကွက် ၁ ကျပ်နဲ့ အကွက် ၁၀၀ ယူပြီး ကြော်ငြာနိုင်မှာပါ။ သူက Website မှာရှိတဲ့ အကွက်တွေကို မြေကွက် လိုမျိုး ရောင်းပေးတာဖြစ်ပြီး သက်တမ်းပြည့်သွားရင် တိုးဖို့ကိုတော့ သုံးရက်တိတိ စောင့်ဆိုင်းပေးဦးမယ်လို့ လည်း ဆိုပါတယ်။ ပြီးတော့ Register လုပ်နည်း၊ အကွက်ယူနည်း စတာတွေကို http://www.1kyatads.com/blog-article.php?id=4 နဲ့ http://www.1kyatads.com/blog-article.php?id=3 တို့မှာ ရှင်းပြပေးထားပါသေးတယ်။ သူ့အားသာချက်ကတော့ ကုန်ပစ္စည်းတွေရဲ့ ဓာတ်ပုံကို တင်ပေးနိုင်တာ မကဘဲ အဲဒီကြော်ငြာထားတဲ့ပုံကို နှိပ်လိုက်တာနဲ့ ကြော်ငြာရှင်ရဲ့ Website Link ကို ရောက်အောင် ပြုလုပ်ပေးထားတာပါပဲ။ ငွေပေးချေတာကိုတော့ ဘဏ်ကနေတစ်ဆင့် ဒါမှမဟုတ် ကိုယ်တိုင် ပေးလို့ရပြီးတော့ ငွေချေတဲ့အချိန်မှာလည်း Verification ID ကို မေးမြန်းပြီး ၂၄ နာရီအတွင်း အတည်ပြု ပေးသွားမယ်လို့ ဆိုပါတယ်။ တကယ်လို့ ကိုယ်ပိုင်မြေကွက်လိုမျိုး ကြော်ငြာတစ်ကွက် ဝယ်ယူချင်တယ် ဒါမှမဟုတ် အသေးစိတ် မေးမြန်းချင်တယ် ဆိုရင်တော့ Zawgyi Tech, ၀၁-၆၈၀၇၃၇၊ ၀၉-၅၀၄၄၅၁၄၊ ၀၉-၄၀၂၇၇၃၈၃၈ ကို ဆက်သွယ်ပြီး မေးမြန်းလို့ရမှာ ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment