/* The CSS Code for the menu starts here s2free.blogspot.com */

photos

Thursday, June 20, 2013

ဘာသာစကား ၂၄ မျိုး မှ မြန်မာသို့ တိုက်ရိုက် ပြန်ဆို နိုင်သော ၀က်ဘ်ဆိုက် တစ်ခု လွှင့်တင်ထား


ဘာသာစကား ၂၄ မျိုး မှ မြန်မာသို့ တိုက်ရိုက် ပြန်ဆို နိုင်သော ၀က်ဘ်ဆိုက် တစ်ခု လွှင့်တင်ထား ဘာသာစကား ၂၄ မျိုး မှ မြန်မာဘာသာသို့ ပြောင်းလဲ ဘာသာပြန်ပေး နိုင်သော ၀က်ဘ်ဆိုက် တစ်ခု လွှင့်တင် ထားပြီး ဖြစ်၍ မြန်မာဘာသာ ပြန်ဆိုမည့် သူများ အတွက် လွယ်ကူ အဆင်ပြေ စေကြောင်း ၆-၆-၂၀၁၁ ရက် က သိရသည်။ ယင်း ဘာသာစကား ၂၄ မျိုးမှာ အင်္ဂလိပ်၊ ဟီးဘရူး၊ ဂရိ၊ ပေါ်တူဂီ၊ အာရေဘစ်၊ စပိန်၊ နော်ဝေး၊ ဆွီဒင်၊ ဂျာမန်၊ ရုရှား၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ မလေးရှား ၊ ဗီယက်နမ်၊ ထိုင်း၊ ဟိန္ဒီ၊ ရိုမေးနီးယား၊ ပြင်သစ်၊ ဒပ်ခ်ျ၊ Finish ၊ ဖိလစ်ပိုင်၊ Polish နှင့် Danish ဘာသာစကားများ ဖြစ်ပြီး အဆိုပါ ဘာသာစကား ၂၄ မျိုးကို မြန်မာ ဘာသာသို့ ပြန်ဆိုရန် http://www.myordbok.com သို့ ၀င်ရောက် ရမည် ဖြစ်ကြောင်း သိရသည်။ " ၀င်ပုံက လွယ်ပါတယ်။ ဒီ ၀က်ဘ်ဆိုက်ထဲကို ၀င်လိုက်ပြီးရင် Search Box ထဲမှာ ဘာသာပြန် ချင်တဲ့ စာပိုဒ်၊ စာကြောင်းကို Copy၊ Paste လုပ်ချ လိုက်ရုံပဲ။ ပြီးရင် Enter ခေါက်လိုက်တာ နဲ့ မိနစ်ပိုင်း အတွင်း လိုသလို ဘာသာပြန် ပေးပါတယ်" ဟု အဆိုပါ ၀က်ဘ်ဆိုက်ကို လတ်တလော သုံးစွဲနေသူ တစ်ဦးက ရှင်းပြသည်။ အဆိုပါ http://www.myordbok.com သို့ ၀င်ရောက် လေ့လာကာ ဘာသာပြန် လိုသူများ အနေဖြင့် ဘာသာမပြန်မီ အဆိုပါ ဆိုက်၏ လုပ်ဆောင်ချက်များကို ကြိုတင် လေ့လာ သင့်ကြောင်း သိရပြီး အဆိုပါ ဆိုက်မှာလည်း အင်တာနက် သုံးစွဲသူများ အကြား မေလ နောက်ဆုံးပတ် အတွင်း နှင့် ဇွန်လ ပထမပတ် အတွင်းမှာ ပင် အသုံးပြုမှု များပြား လာကြောင်း သိရသည်။

No comments:

Post a Comment