/* The CSS Code for the menu starts here s2free.blogspot.com */

photos

Thursday, June 20, 2013

သံယောဇဉ်...။

သံယောဇဉ်...။ သက်ရှိများတွင် သိတတ်သော သဘောရှိသည့် ကာလမှစ၍ အခြေပြုဖွဲ့စည်းလာသော ခံစားမှုတစ်ခုသည်""သံယောဇဉ်"" ဖြစ်ပါသည်..။ သံယောဇဉ်ဆိုသည်မှာ တစ်စုံတစ်ယောက်က တစ်စုံတစ်ဦးကို တွယ်တာခြင်းသဘော၊တစ်စုံတစ်ဦးက တစ်စုံတရာကို တွယ်တာခြင်း သဘောဖြစ်ပါသည်..။ တွယ်တာခြင်းဆိုသည်မှာ ရင်ထဲမှ ညွှတ်နူးပျှော်ဝင်လာသောစိတ်နှင့်အတူ ခံစားမှုပေါင်းစုံစတင်သောစိတ် အစလေး တစ်ခုဖြစ်ပါသည်...။ ထိုတွယ်တာခြင်းမှပင် ချစ်ခြင်း ဖြစ်လာသည်။ ထိုတွယ်တာခြင်းမှပင် မုန်းတီးခြင်း ဖြစ်လာသည်။ ထိုတွယ်တာခြင်းမှပင် အားအင်များ ဖြစ်လာသည်။ ထိုတွယ်တာခြင်းမှပင် ခွင့်လွှတ်သည်းခံခြင်း ဖြစ်လာသည်။ ထိုတွယ်တာခြင်းမှပင်လျှင် အဆုံးစွန်ပေးဆပ်နိုင်သော သတ္တိထူးများ ထွက်ပေါ်လာကြပါသည်....။ ဒီအပြင်သော နောက်ဆက်တွဲ ခံစားမှုများသည်လည်း ဒီတွယ်တာမှုမှပင် ဆက်လက်ဖြစ်ပေါ်တတ်ပါသေး သည်..။ မုန်းသည်ဟု ဆိုရာမှာတောင် မုန်းသည့် တစ်စုံတစ်ဦး (သို့) တစ်စုံတစ်ခုအပေါ် တွယ်တာခဲ့မှု သံယော ဇဉ် ကြောင့်သာလျှင် မုန်းသည်ဆိုသောခံစားမှု ဖြစ်ပေါ်ခြင်း ဖြစ်ပါသည်...။ ခံစားမှုအခြေခံ အကြောင်းတရားမရှိပါလျှင်၊ မပါပါလျှင် မည်သည့်နောက်ဆက်တွဲ ခံစားမှုပုံပြများမှ ထပ်ဖြစ် ပေါ်လာစရာ အကြောင်းမရှိပါ...။ ထို့ကြောင့်သာ..... သံယောဇဉ်ကြောင့် ချစ်ကြသည်။ သံယောဇဉ်ကြောင့် မုန်းကြသည်။ သံယောဇဉ်ကြောင့် ပေးဆပ်ကြသည်။ သံယောဇဉ်ကြောင့်သာ ခွင့်လွှတ်သည်းခံလာနိုင်ကြပါသည်..။ သံယောဇဉ်ဆိုသည်မျိုးမှာ အလွန်ခန့်မှန်းရခက်သော ခံစားမှုတစ်ခု ဖြစ်ပါသည်..။ သံယောဇဉ် ဟု ဆိုရာတွင် သဲယောဇဉ် ပုံပြပေါင်း မြောက်များစွာ ရှိပါသည်..။ မိဘ သံယောဇဉ်၊ သားသမီး သံယောဇဉ်၊ မောင်နှမ သံယောဇဉ်၊ ချစ်သူရည်းစား သံယောဇဉ်၊ ဖြူစင်သော သူငယ်ချင်း သံယောဇဉ်၊ သက်မဲ့အရာဝတ္တုများကို တွယ်တာမက်မောသော သံယောဇဉ်နှင့် တစ်စုံတစ်ဦးမှ တစ်စုံတစ်ယောက်ကို ၊တစ်စုံ တစ်ယောက်မှ တစ်စုံတစ်ခုကို တွယ်တာမှု သံယောဇဉ် ဟူ၍ သံယောဇဉ်များကို ခွဲခြမ်းစိတ်ဖြာလို့ ရပါသည်..။ ထိုထို သံယောဇဉ်များစွာထဲတွင် မည်သည့်သံယောဇဉ် အမျိုးအစားက သာလွန်သည်ဟု မရှိပေ။ အားလုံးသော သံယောဇဉ်များသည် သူ့ခံစားမှုနှင့်သူ ၊ သူ့အကြာင်းပြချက်များနှင့်သူ တန်းတူ ခံစားရနိုင်စွမ်းရှိကြပါသည်..။ မည်သို့ပင်ဆိုစေ,,,,,, တစ်စုံတစ်ဦးမှ တစ်စုံတစ်ယောက်ကို သံယောဇဉ် ရှိရှိ ။ တစ်ယောက်ကပဲ တစ်စုံတစ်ခုကို သံယောဇဉ်ရှိရှိ ။ သံယောဇဉ် ခံစားစရာရယ်လို့ ရှိလာပြီဆိုလျှင် ရှိလာသူ၏ ရင်တွင်းတွင် ရှိသည့်အချိန်မှစ၍ ခံစားရပေပြီ ။ စတင် ဖြစ်ပေါ်လာသော သံယောဇဉ်က ဖြစ်ပေါ်သောအကြောင်းတရားနှင့်အညီ ပုံပမာဖွဲ့ရာတွင် ကောင်းသော အကြောင်းမိတ်ဆက်ကို ကောင်းသောအကျိုးနှင့် ပုံဖွဲ့မည် ဖြစ်ပြီး.....မကောင်းသော အကြောင်းတရားနှင့် ဖွင့် ဆိုလာသော ထိတွေ့မှုကို မကောင်းသော အကျိုးခံစားမှုနှင့်သာ စတင်ပုံဖွဲ့ပါလိမ့်မည်...။ သံယောဇဉ်ရယ်လို့ ဖြစ်လာပြီ... ရှိလာပြီ ဆိုလျှင် သံယောဇဉ်တရားမှ နောက်ဆက်တွဲဖြစ်ပေါ်လာသော ခံစားမှု များကို မည်သူတစ်ဦးတစ်ယောက်မှ ရှောင်လွဲလို့မရပေ ။ သို့သော် လူသာမန်တွေထက်ထူးသော စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ပိုင်ဆိုင်ထားသော လူထူးလူဆန်းများကတော့ သံယောဇဉ်များကို အလွယ်တကူ ဖြတ်တောက်ကျော် လွှား သွားနိုင်ကြလေသည်။ သာမန်လူများအတွက်တော့ သံယောဇဉ်တစ်ခုကို မွေးဖွားမိပြီဆိုလျှင် ထိုသံယောဇဉ် ၏ နောက်ဆက်တွဲ ကောင်းသောခံစားမှုနှင့် ဆိုးသောခံစားမှုများကို မသွေမုချ ခံစားရစမြဲ ဖြစ်ပါသည်။ သံယောဇဉ်တွယ်တာမှုတစ်ခု ဖြစ်ပေါ်ပြီဆိုလျှင် များသောအားဖြင့် ကောင်းသောပုံပြခံစားမှုများထက် ဆိုးသော စိတ်ပင်ပန်းခြင်းများကိုသာ ပို၍ဖြစ်ပေါ်စေပါသည်..။ သံယောဇဉ်ဆိုသည့် ခံစားမှုသဘောတရားကို သက်ရှိများ၌ ကင်းကွာအောင် ရှောင်ဖယ်ထား၍ နေလို့မရကြပါ။ အဘယ့်ကြောင့်ဆိုသော် သက်ရှိများ၏ စိတ်သဘာဝသဘောသည် တစ်ပါးသူနှင့် တစ်ပါးအခြားကို တွယ်တာ မက်မောတတ်သော သဘောရှိခြင်းကြောင့် ဖြစ်ပါသည်။ တစ်စုံတစ်ဦးကို တွယ်တာချင်သည်၊ တစ်စုံတစ်ခုကို တွယ်တာလိုသည်... ဆိုခြင်းများသည် သံယောဇဉ်ခံစားမှု အစ ဖြစ်ပါသည် ။ ဘယ်သို့ဆိုဆို သံယောဇဉ်တရားကို စမိသူသည် စမိလျှင်စမိခြင်း ခံစားရပါမည်။ သံယောဇဉ်တရားကို စတင် လက်ခံ ယူဆောင်ခံစားမိပါလျှင် ယူဆောင်ခံစားသူ၏ စိတ်အခံအင်အားရှိသည့်အလျောက် တန်ပြန်သောအင်အား ရှိသည့် ခံစားမှုကို ရပါမည်။ များသောအားဖြင့် သံယောဇဉ်ကြီးလျှင် နောက်ဆက်တွဲ ခံစားမှုအားကြီးပါသည်။ ထိုနောက်ဆက်တွဲ ခံစားမှု အားကြီးခြင်းကြောင့် ပူပန်မှု၊ စိုးရိမ်ထိတ်လန့်မှု ၊ ဆုံးရှုံးမှု ၊ ဖြစ်စေချင်မှု ၊ အောင်မြင်စေချင်မှု ၊ ..........၊......... ..၊ စသည့် မှုပေါင်းများစွာသည် ထုထည်ကြီးမားစွာ မိမိအပေါ်နှိပ်စက်ထုထောင်းတတ်ပါသည်..။ ထိုကြောင့် စိတ်ပင်ပန်းမှုဒဏ်မခံလိုသောသူ ၊ နည်းလိုသောသူများသည် သံယောဇဉ်တွယ်တာမှု ဖြစ်စဉ်များ ကို လျော့ပါးအောင်နေထိုင်ကြခြင်း ဖြစ်ပါသည်..။ " သံယောဇဉ် ဟူသည် ခံစားမှုကိုပေးပါသည်။ ထိုခံစားမှုသည် အတော်မသတ်သော နောက်ဆက်တွဲ ခံစားမှု များစွာကို ထပ်မံပေးပါသည် ။ ထိုအတောမသတ်နိုင်သော နောက်ဆက်တွဲခံစားမှုများကသည်လည်း မဆုံးနိုင်သော ပြုလုပ်မှု များကို ဖြစ်စေပါသည်..။ ယင်းပြုလုပ်မှုများသည် ကောင်းသော ဖြစ်တည်မှုများ ဖြစ်လာနိုင်သလို မ ကောင်းသော ဖြစ်တည်မှု ပြယုဂ်များလည်း ဖြစ်ပေါ်လာစေနိုင်ပါသည်..။" ထိုကဲ့သို့ မကောင်းသော ဖြစ်တည်မှုများ ဖြစ်ပေါ်လာသောအခါ..... သံယောဇဉ်သည် လူသတ်သမားဖြစ်ရန် တွန်းအားဖြစ်သွားပါမည်...။ သံယောဇဉ်သည် ဆွဲကြိုးချသေရန် စိတ်ခံစားမှု အဖြစ် ပြောင်းလဲသွားပါမည်။ သံယောဇဉ်သည် အရှက်ကင်းမဲ့သော အချစ်ကျေးကျွန် ဖြစ်သွားပါမည်။ သံယောဇဉ်သည် မိမိကိုယ်ကို မိမိ ဂရုမစိုက်မိတော့လောက်အောင် ဆိုးရွားသောဘ၀ကို ရောက်စေသော လက် သည်တရားခံ ဖြစ်လာပါလိမ့်မည်..။ ထို့ကြောင့် သံယောဇဉ်တစ်ခုကို မစမိလျှင် အကောင်းဆုံး ဖြစ်ပါသည်။ ထိုမှမဟုတ် မထိမ်းနိုင်၍ စမိပြီဆိုလျှင် လည်း သံယောဇဉ်အားမကြီးအောင် မိမိအတွင်းအဇ္ဈတ္တစိတ်ကို ချိုးနှိမ်ထားသင့် ပါသည်..။ "အမှန်တကယ်တော့ သံယောဇဉ်ဟူသော ခံစားမှုသည် မိမိကိုယ်ကို ချစ်ခြင်းဟူသော မူပိုင်အတ္တတရားမှ မွေးဖွား လာသော သိမ်မွေ့ညင်သာသည့် ခံစားမှုတရားတစ်ခုသာလျှင် ဖြစ်ပါသည်..။"

No comments:

Post a Comment