/* The CSS Code for the menu starts here s2free.blogspot.com */

photos

Saturday, May 18, 2013

ပန်းပျိုးတဲ့လက်နဲ့


ပန်းပျိုးတဲ့လက်နဲ့ ပွေ့ဖက်မြတ်နိုး စိုက်ပျိုးယုရ သူ့ဘ၀အတွက် ပွင့်လက်အကုန် လှမျိုးစုံတာ ကြည့်ကာပီတိ ကြည့်နူးမိတာဥယျာဉ်မှူးပါ...။ တစ်ပါးသောသူ ခူးယူချွေနမ်း အသည်းကျွမ်းလဲ ၀မ်းနည်းကြိက်ဖြေ ပန်းပျိုးလက်တွေနဲ့ မတားရက်ပါဘူးပန်းကလေးရယ်...။ မင်းပျော်မြူးဖို့ ဦးညွက်ခါချ မာန်မာနနှင့် တွယ်ရရင်ခွင် နီသွေးစင်လို အားလုံးစတေး ဒီရှိုက်သံတွေကို ဥယျာဉ်မှူးမကြားပါရစေနဲ့  ပိုင်ဆိုင်လိုမှု အခြေပြုရ်ျ သူ့ကိုချစ်ခြင်း-မဟုတ်ခဲ့ပါ။ တဏှာရမက် တခုတွက်နှင့် ချစ်ခဲ့ခြင်းလည်း-မဟုတ်ခဲ့ပါ။ ရင်မှာစူးနစ် တကယ်ချစ်၏ ချစ်သည့်ရင်မှာ ဖြူစင်စွာပင် တွယ်တာစွဲမက် သူ့ရဲ့ဘ၀ လှပစေချင် ပျော်စေချင်ရဲ့ ရွှင်ရွှင်ပြပြ မြင်နေရရင် သည်ကရင်တွင်း ချမ်းမြေ့ခြင်းဖြင့် တင်းတိမ်ကျေနပ် ကြည်နှုးတတ်ခဲ့ ဝေးရပ်ကပင် သံယောဇဉ်ဖြင့် အစဉ်မြတ်နိုးနေသူပါ။ သက္ကရာဇ်တွေ အိုမင်းရင့်ရော်မှ အပူပြင်းဆုံး ကုက္ကုစ္စ ချော်ရည်တွေ နှလုံးသားမှတစ်ဆင့် မျက်ဝန်းတံခါးပေါက်ဆီသို့  စီးဆင်းပျော်ဝင်နေကြပြီ စိတ်ရှည်ဇွဲသန်ခြင်းရဲ့  ရလာဒ်က ရောင်ပြန်ဟပ်ခြင်း အလိုမရှိပေမဲ့ တကယ်ဆို.....အများကြီးမဟုတ်တာတောင် လိုချင်တဲ့ ပန်းတစ်ပွင့်တော့??????????????????????? အရောင်မပြန်နိုင်တဲ့.....ငါဟာ ဒီရှိုက်သံတွေကို ဥယျာဉ်မှူးမကြားပါရစေနဲ့  ဒီရှိုက်သံတွေကို ဥယျာဉ်မှူးမကြားပါရစေနဲ့  ဒီရှိုက်သံတွေကို ဥယျာဉ်မှူးမကြားပါရစေနဲ့ ,,,,,,,........

No comments:

Post a Comment