/* The CSS Code for the menu starts here s2free.blogspot.com */

photos

Saturday, May 18, 2013

ပြည်မြို့တွင် ဆရာတော်ကြီး တစ်ပါးအား လူတစ်စု ကျောင်းပေါ်သို့ တက်လာပြီး ဆရာတော်အား ဓါးဖြင့်မွှန်ပြီး ၀မ်းဗိုက်ကို ဓါးဖြင့်ထိုးသည့်ဖြစ်စဉ်ဖြစ်ပေါ်


မေလ ၁၄ရက်၊ ၂၀၁၃ခုနှစ်ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့နယ်မှာရာဇ၀တ်မှူ့များဖြစ်ပေါ်လျှက်ရှိပါသည်။ ပြည်မြို့ပွင့်လှသိမ်ကုန်း ရက်ကွက် ပုညစေတီတော် ပုညဓမ္မာရုံမှာ ဆရာတော် ဦးသောဘိတ သက်တော်(၈၂))၀ါတော် (၆၂) ရှိကျောင်းထိုင်ဆရာတော်ဘုရားကြီးအား(ဓါးဖြင့်) လှီးဖြတ်ပြီးဗိုက်တော်အား ဓါးဖြင့်ထိုးတဲ့ခဲ့တဲ့အမှု့ တစ်ခုဖြစ်ခဲ့ပါ သည်။ အဆိုပါအမှု့ဖြစ်စဉ်မှာ ယနေ့ နေ့လည် (14.5.2013)ရက်နေ့ နေ့လည် (13း0)ခန့်မှာ အဂါင်္နေ့ မှာဆရာတော်ဘုရား ကြီး သည် (ပုညဓမ္မာရုံ) မှာသတင်းသုံးနေစဉ် ကျောင်းတိုက်ပေါ်သို့ လူ(4) သို့ (5) ယောက်ခန့်တက် လာပြီး ဓါးဖြင့်လှီးဖြတ် ထိုးခဲ့လို့ဆရာတော် ဘုရားကြီးအခု (ပြည်မြို့ ပြည်သူ့ဆေးရုံ)ခွဲစိတ်ဆောင် မှာတက်ရောက်နေ ရပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ကိုယ်တော်မှာရသွားသော ဒဏ်ရာများကတော့  (၀မ်းဗိုက်မှာ ဓါးဖြင့်ထိုးခံရတဲ့ဒဏ်ရာ (1) ချတ်၊ ဘယ်ပါးနှင့်ညာပါးမှာဓါးဖြင့်အမွှန်းခံရတဲ့ဒဏ်ရာတစ်ချတ်စီနှင့်ညာလက်၊လက်ဖြန်မှာလှီးဖြတ်ဒဏ်ရာ (1)ချတ်၊ဘယ်ဘက်၊ ပုခုံးစောင်းမှာလှီးဖြတ်ဒဏ်ရာ (1)ချတ် စုစုပေါင်းဒဏ်ရာ(5)ချတ်ရရှိခဲ့ပါတယ်။ဆရာတော်ဦးသောဘိတ၏ကိုင်ဆောင်ထား သော လက်ကိုင်ဖုန်း ပါသွားခဲ့ပါသည်။ ဆရာတော့လက်ကိုင်ဖုန်းနံပါတ်က(0931216445)ပဲဖြစ်ပါတယ် ကျန်တဲ့ပစ္စပည်းများပါမပါ ကိုတော့စုံစမ်းနေတုန်းပါပဲ။တ ရားခံအားတာဝန်ရှိရဲများနှင့် ပြည်သူပြည်သားများကလိုက်လံစုံစမ်းလျှက်ရှိပါတယ်။ကျွန်တော်သတင်းကိုအခုရသလောက် တင်ပြလိုက်ရပါတယ် ဒါကတော့ဆရာတော်ဘုရားကြီး ခွဲစိတ်ဆောင်ကို ၀င်သွားတဲ့ပုံနှင့် ဆရာတော်ဘုရားကြီးဆေးရုံလူ နာတင် ကုတင်ပေါ်တွင် ကျန်ရှိနေတဲ့သွေးစက်တော်များပါ။

No comments:

Post a Comment