/* The CSS Code for the menu starts here s2free.blogspot.com */

photos

Saturday, May 18, 2013

""နောက်ဆုံးသစ်ရွက်အကြို


လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်ခံယူချက် ဒဿန-အပိုင်းအစလေးတွေတော့ရှိစမြဲပေါ့..။ သို့သော်လည်း ဘ၀ခရီးလမ်းကို လျှောက်လှမ်းတဲ့အခါ တသမတ်တည်း ရပ်တည်လို့တော့မရဘူး။ လမ်းဘေးမှာပေါက်နေတဲ့ အထီးကျန်သစ်ပင်ကြီးလို “ငါ..ဘယ်တော့မှ မပြောင်းလဲဘူး” လို့ကြွေးကြော်နေရင်တော့ တစ်ချိန်ချိန်မှာ လူမှုဝန်းကျင်နဲ့ဝေးရာကို ရောက်သွားနိုင် တယ်။ ။ ငါတို့တတွေ ဘယ်သူ့အတွက်ပဲလုပ်လုပ် စေတနာထားပြီးလုပ်ရမယ်။စေတနာမပါတဲ့အလုပ်ဟာ ပါရမီမမြောက်ဘူး။ ချစ်တဲ့သူကို ကူညီတာပဲဖြစ်ဖြစ်,မုန်းတဲ့သူကိုဖေးမတာပဲဖြစ်ဖြစ်အကောင်းဆုံးမပေးနိုင်ရင်ပေးနိုင်သလောက်လေးနဲ့ ရောင့်ရဲမနေပါနဲ့။ ။ ။ ကိုယ်မကြိုက်တဲ့ အရာကို သူတစ်ပါးကို မပေးမိဖို့ လိုတယ်။ ဒါ့အပြင် ဘာမှမထူးခြားလို့ ဥပေက္ခာပြုတာမျိုးလောက်က တော့ ချီးကျူးခံ အဆင့်တောင်မ၀င်ပါဘူး။ ကိုနှစ်သက်တဲ့အရာကို တခြားသူကိုပေးတဲ့ စွန့်လွှတ်မှုမျိုးကမှဂုဏ်ပြုထိုက် တာလေ.။ ပေးတယ်ဆိုတဲ့နေရာမှာ ရွှေငွေပေးမှရယ်မဟုတ်ဘူး။ ကန္တာရထဲမှာဒုက္ခရောက်နေသူကို ဒေါ်လာတစ်သောင်းပေးလို့ ကူညီရာမရောက်ဘူး။ သူ့အတွက်တကယ်လိုအပ်နေတဲ့ ရေတစ်ပေါက်မျှဝေမှ စစ်မှန်တဲ့ဒါနဖြစ်တာ။ ။ ။ဒါန-ရဲ့အကျိုး ဆက်အတွက် ကဗ္ဗည်းထိုးဖို့ မလိုအပ်ပါဘူး။လိုက်လျှောက်ညီထွေရှိတဲ့ကောင်းမှုကုသိုလ်ပြုရင်လိုက်လျောညီထွေဖြစ် တဲ့အကျိုးတော့ ခံစားရမှာပဲ…။ ဘ၀မှာ ကိုယ့်ကိုယ်ကို ကောင်းမွန်တဲ့သူတစ်ယောက်အဖြစ် ရပ်တည်ချင်ရင်သူတစ်ပါးရဲ့ခံစားချက်တွေကိုညီတူညီမျှ ခံစားပေးနိုင်ရမယ်။ တစ်ခါတစ်လေ ဝေဒနာဆိုတာရင်ဖွင့်လိုက်မှဖြေသာရာရတာပေါ့.။အဲဒီတော့အားပေးစကားပြော ပြီးတော နှစ်သိမ့်ပေးရမယ့်အပြင် အကြံပေးစကားနဲ့လည်းသူ့ကို မြှင့်တင်ပေးနိုင်ရမယ်…။ မြစ်ရဲ့ ဒီဘက်ကမ်းမှာ မီကျောင်း တစ်ကောင်နဲ့ လိပ် တစ်ကောင်ရှိမယ်။ ဟိုဘက် ကမ်းနား မှာလည်းမိကျောင်းတစ် ကောင်နဲ့လိပ်တစ်ကောင်ရှိမယ်-ဆိုကြပါစို့…ဒီဘက်ကမ်းကလိပ်နဲ့ဒီဘက်ကမ်းကမိကျောင်းပေါင်းစပ်မိတ်ဖွဲ့မှာ မဟုတ် ဘူး။ဒီဘက်ကမ်းကမိကျောင်းက ဟိုဘက်ကမ်းက မိကျောင်းဆီသွားလိမ့်မယ်။ ဟိုဘက်ကမ်းက လိပ်ကလည်းဒီဘက် ကမ်းကလိပ်ဆီလာလိမ့်မယ်..။ ပြောချင်တာက ကိုယ်နဲ့သဘောတူတဲ့သူကိုပဲအပေါင်းအသင်းလုပ်ကြမှာ..။ အဲဒါနဲ့ပတ် သက်တဲ့ ကိုယ်ပိုင်ဒဿနလေးကတော့- “စရိုက်မတူ ညီအစ်ကိုချင်းလက်ချင်းဆက်နေခြင်းထက် စရိုက်တူ ရန်သူနှင့်လည်ပင်းဖက်နေရခြင်းကပိုကောင်းတယ်” လို့။ ပြီးတော့ စကားပြောတဲ့အခါမှာတော်တော်သတိထားရမယ်၊ကိုပြောလိုက်တဲ့စကားလေးတစ်ခွန်းကအပြောခံလိုက်ရသူ အတွက်အဓိပ္ပါယ်နှစ်မျိုး ဖြစ်စေမယ်ဆိုရင် ရှောင်နိုင်သလောက် ရှောင်ရမယ်..။ ဘာကြောင့်လဲဆိုတော့--- ပြဿနာအစ ပါးစပ်က၊ ပါးစပ်မှာ-ဓား သတိထား၊ အကျိုးရှိ/မရှိ ၊ ဆင်ခြင်ကြည့်… အကျိုးရှိမှ- ပြော..၊ ပြောသင့်/မပြောသင့်- ချိန်ခါချင့် ပြောသင့်ခါမှ- ပြော…လို့ ရှေးလူကြီးတွေ မီးမောင်းထိုးပြခဲ့တဲ့ စကားလုံးတွေကြောင့်ပေါ့။ ကဲ… အဲဒီတော့ ဆင်ခြင်စရာတွေ, လိုက်နာစရာတွေ, မှတ်သားစရာတွေကတော့တို့ပတ်ဝန်းကျင်မှာ အများကြီးပဲ....။ ဒါပေမယ့် ယူတတ်တဲ့သူပဲ-ရတာလေ။သိသူဖော်စား မသိသူ ကျော်သွား-ဆိုသလိုမျိုးပေါ့။ ကျော်သွားသူတွေကိုတော့ ထားလိုက်ပါ..။ ကိုယ်ကတော့ ဖော်စားနိုင်တဲ့သူဖြစ်အောင် ကြိုးစားရမယ်။ နောက်ဆုံးတော့ အရာရာကို လွှတ်ချရမှာပါပဲ…။ ဒါကိုလည်း လူတိုင်းသိကြပါတယ်…။အဲဒီတော့ သေခြင်းတရားဆို တဲ့ တံခါးဝဆီမရောက်ခင် လောကကြီးအတွက် တစ်ခုခုတော့ချန်ရစ်ခဲ့နိုင်ရမယ်…။ ဒါကြောင့်မို့ နောက်ဆုံးသစ်ရွက် လေးမကြွေခင်ဒီလိုစကားလေးတွေကို မိတ်ဆွေတွေဆီ ဧည့်ဝတ်ပြုလိုက်တာပါ….။ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ အနာဂတ်ခရီးလမ်းကို လျှောက်လှမ်းနိုင်ကြပါစေ…. အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)

No comments:

Post a Comment