/* The CSS Code for the menu starts here s2free.blogspot.com */

photos

Saturday, May 18, 2013

ဆံပင်မွှေးဖြင့် အလင်းပေးသူ ဆယ်ကျော်သက် နီပေါနိုင်ငံသား

ဆံပင်မွှေးဖြင့် အလင်းပေးသူ ဆယ်ကျော်သက် နီပေါနိုင်ငံသား Friday, May 17, 2013 ၂၀၀၉ ခုနှစ် စက်တင်ဘာလက ရေပန်းစားခဲ့တဲ့ နည်းပညာ တစ်ခု ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် နီပေါနိုင်ငံမှ သိပ္ပံကျောင်းသား Milan Karki က တီထွင်ခဲ့တဲ့ ဆံပင်မွှေးသုံး ဆိုလာပယ်နယ် ဖြစ်ပါတယ်။ နေရောင်ခြည်စွမ်းအင်စုပ်ယူပေတဲ့ ဆိုလာ/နေရောင်ခြည်စွမ်းအင် စုပ်ယူသော သတ္တုပြားများဟာ အင်မတန်ဈေးကြီး ပါတယ်။ ယင်းအပြားက စုပ်ယူတဲ့ စွမ်းအင်ကို ကူးပြောင်းပေမယ့် ကြားမှာ ဆီလီကွန် ဝါယာကြိုး တပ်ဆင်ပေးရတာ ကလည်း ဈေးတော်တော်ကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါကြောင့် ဆိုလာပါဝါကို ယနေ့တိုင် တွင်တွင်ကျယ်ကျယ် အသုံးမပြုနိုင်သေးခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ဆီလီကွန်အစားထိုးမယ့် ဆံပင်မွှေးသုံး ဆိုလာစက်ကို နီပေါနိုင်ငံသား လေးက တီထွင်ခဲ့ပါတယ်။ သူနေထိုင်တဲ့ ရွာလေးမှာ တစ်ရက်ကို မီး ၁၆ နာရီ ပျက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လျှပ်စစ်မီးအမြဲလင်းနေဖို့ဟာ သူ့ရဲ့ စိတ်ကူး အိပ်မက် ဖြစ်ပြီး သူငယ်ချင်းများ ညဘက်ထွက်လညချိန်မှာ ဖယောင်းတိုင်ထွန်းပြီး စာအုပ်များ လေ့လာ ခဲ့ပါတယ်။ သူ့လေ့လာတဲ့စာက ရူပဗေဒပညာရှင် စတီဖန်ဟော့ကင်းဖြစ်ပါတယ်။ လေးစားရတဲ့ ဟီးရီုးအနေနဲ့ကတော့ အက်ဒီဆင်ကို စံယူထားသူ ဖြစ်ပါတယ်။ ဒါကြောင့် အချိန်တိုတွင်းလေ့လာပြီး လျှပ်စစ်မီးထုတ်ဖို့ ဆံပင်မွေးက ဘယ်လိုအသုံးဝင်တယ်ဆိုတာ သိရှိသွားပါတယ်။ ဆံပင်မှာ အရောင်ထွက် စေတဲ့ ဆိုးဆေးများက အစ လျှပ်စစ်စီးဖို့အတွက် Conductor အနေနဲ့လုပ်ဆောင်နိုင်တာကို တွေ့ရှိခဲ့ပြီး ဆံပင်ကို ဆိုလာပယ်နယ်က ဆီလီကွန်တွေမှာ အစားထိုးခဲ့ပါတယ်။ နောက်တော့ သူဖန်တီးတဲ့ လက် တစ် မစာ ဆိုလာပယ်နယ်ငယ်လေးဟာ အိမ်တွင်း တစ်ညတာ အလင်းပေးမယ့် ဘက်ထရီကို အားဖြည့်ပေးနိုင်တယ်ဆိုတာ ကို တွေ့ ရှိ သွားပါတယ်။ အားလုံးပေါင်း ကုန်ကျစရိတ်က မြန်မာ ကျပ်ငွေနဲ့ တွက်ရင် ၃သောင်းခွဲ ကျော်လေးပဲ ဖြစ်ပါတယ်။ ဒီလောက်ငွေနည်း နည်းနဲ့ ဘက်ထရီတွေ အားဖြည့်နိုင်တယ်၊ မီးလင်းစေနိုင်တယ်ဆိုတာ ထူးခြားတဲ့ ဖန်တီးမှု တစ်ရပ် ဖြစ်ပါတယ်။ ယခုတော့ Milan ဟာ စကော်လာရှစ်ရလို့ လျှပ်စစ်နဲ့ပက်သက်လို့ ပိုမိုနက်နဲစွာ လေ့လာနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ရည် ရွယ်ချက်က ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်နေတဲ့ နီပေါနိုင်ငံတစ်ခုလုံးကို အကုန်ကျသက်သာစွာမီးရရှိရေး ဖြစ်ပါတယ် ဆံပင်မွေးနဲ့ အလင်းပေးနိုင်တာ တွေ့ရှိပြီး ဒီထက်ပို လွယ်ကူ၊ အစုလိုက်ထုတ်လုပ်မှုအတွက် အဆင်ပြေတဲ့ နည်းပညာ များ ရှာဖွေလေ့လာ ဖန်တီးနေပြီ ဖြစ်ပါတယ်။ ယခုဆိုရင် Milan ဟာ အသက် ၂၁ နှစ်ကျော်ပြီ ဖြစ်ပြီး ရူပဗေဒပညာကို ထဲထဲဝင်ဝင်လေ့လာနေပြီ ဖြစ်ပါတယ်။ BBC, Daily Mail, CNN တို့လို မီဒီယာ များ သွားရောက် အင်တာဗျူးပြီး ကမ္ဘာ က လေးစား ရတဲ့ လူငယ် တစ်ဦး ဖြစ်လာခဲ့ ကြောင်း သိရပါတယ်။

No comments:

Post a Comment