/* The CSS Code for the menu starts here s2free.blogspot.com */

photos

Saturday, May 18, 2013

မြန်မာနိုင်ငံသို့ ဘန်ကောက်-ရန်ကုန် ခရီးစဉ်မဟုတ်သောခရီးစဉ် ဖြင့် Nok Air ဆင်းသက်မည်


Nok Air လေကြောင်းလိုင်း သည် ၎င်း၏ နိုင်ငံတကာလေကြောင်းကို ပြန်လည်စတင် ရာတွင်လေကြောင်းလိုင်း အများစု ၌ မရှိ သောခရီးစဉ်ဖြစ်ပြီး ခရီးသည်များကိုဆွဲဆောင် နိုင်မည့် ခရီးစဉ်သစ်တစ်ခု ကို စီစဉ်ရာတွင် မြန်မာနိုင်ငံကိုအဓိက အရေးပေး ပစ်မှတ်ထားစီစဉ်နေသည်။ Nok Air အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း သည် မြန်မာနိုင်ငံ ၏ အမြို့မြို့အနယ်နယ်ရှိလေဆိပ်များသို့ ထိုင်းနိုင်ငံ ခရိုင်လေဆိပ် များ ဖြစ်သော မဲဆောက်၊ချင်းမိုင် နှင့် ရနောင်း တို့ မှတိုက်ရိုက်လေကြောင်းများဖြင့် ထိုးဖောက်ဝင်ရောက်နိုင်ရန် စီစဉ်နေကြောင်း ၎င်း၏ဒုတိယအုပ်ချုပ်ရေးမှူး ပီယ ယွတ်မနီး ကဆိုသည်။ Nok Air သည် ထိုင်းနိုင်ငံအနောက်မြောက်ဘက် မဲဆောက်မြို့ မှ မော်လမြိုင် သို့ပထမဆုံး လေကြောင်း ခရီးစဉ်ကို စတင် တော့မည် ဖြစ်သည်။ တဖန် ချင်းမိုင် မှ မန္တလေး၊ ပုဂံ သို့လေကြောင်းလမ်းများလည်းရှိမည်ဟုသိရသည်။ ရန်ကုန်-ဘန်ကောက်ခရီးစဉ်မှလွဲ ၍ အခြားမြန်မာနိုင်ငံခရီးစဉ်များအတွက် ခရီးသည် ၃၄ ဦး တင်ဆောင်နိုင်သော Saab 340B ရေနွေးငွေ့သုံးလေယာဉ် (Saab 340B turboprop) ကိုအသုံးပြုမည်ဖြစ်သည်။ဘန်ကောက်-ရန်ကုန် ခရီးစဉ်ကိုမူ ခရီးသည် ၁၈၉ ဦးတင်ဆောင်နိုင်သော ဘိုးအင်းဂျက် 737-800 (Boeing 737-800 jet) ဖြင့် ၀န်ဆောင်မှုပေးမည်ဖြစ်ပါသည်။B 737-800 သည် Saab 340 ထက်ပို၍ ကုန်ကျစရိတ်များသည် သို့သော်တင်ဆောင်နိုင်သော ခရီးသည် အရေအတွက်ပိုများသည်။ Thai Air Asia (TTA) လေကြောင်းလိုင်း မှာမူ ၎င်း မြန်မာခရီးစဉ်အတွက် ခရီးသည် ၁၈၀ တင်ဆောင်နိုင်သော A320 ဂျက်လေယာဉ်ကို အသုံးပြုပြီး ဒွန်းမိန်းလေဆိပ် မှ ရန်ကုန် နှင့် မန္တလေးသို့ပျံသန်းသည်။ ထို ရန်ကုန် နှင့် မန္တလေးသို့ခရီးစဉ် တွင် ၎င်းလေယာဉ် ဖြင့်ပင် ပုဂံနှင့် မြို့တော်နေပြည်တော် သို့ ပို့ဆောင်သော ၀န်ဆောင်မှုပါရှိသည်။ Nok Air သည် မြန်မာနိုင်ငံသို့ဒွန်းမိန်း လေဆိပ်မဟုတ်သော အခြားလေဆိပ် များမှ ရန်ကုန်လေဆိပ်မပာုတ်သော မြန်မာနိုင်ငံ ရှိအခြားလေဆိပ်များ သို့ တိုက်ရိုက်လေကြောင်းများ ပျံသန်းခြင်းအားဖြင့် ၎င်း၏ ပြိုင်ဘက်ဖြစ် သော TAA မထိုးဖောက် နိုင်သည့် ဈေးကွက်ကို ထိုးဖောက် နိုင်ရန်မျှော်လင့်နေသည်။

No comments:

Post a Comment